- Types: Topics
- Categories: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း
- agencies: ငါးလုပ်ငန်း
ဂရန်အင်းများနှင့် တင်ဒါငါးဖမ်းကွက်များအား လေလံတင်ရောင်းချခြင်း
ဂရန်အင်းများလေလံတင်ရောင်းချခြင်းကို နှစ်စဉ်ဧပြီလအတွင်း စတင်ဆောင်ရွက် ရပါသည်။ လေလံတင်ရောင်းချရာတွင် သက်ဆိုင်ရာခရိုင်ဦးစီးဌာနမှူး မှ ဂရန်အင်းတည်ရှိရာ မြို့နယ်၏ မြို့နယ်ဦးစီးမှူး ၊ တိုင်းဦးစီးမှူးမှ တာ၀န်ပေးအပ်ခြင်းခံရသည့် ၀န်ထမ်းတစ်ဦး ပါ၀င် သောအဖွဲ့ဖြင့် လေလံတင်ရောင်းချပါသည်။ လေလံတင်ရောင်းချရက်မတိုင်မီ ရက်ပေါင်း (၃၀) ကြိုတင်၍ လေလံကြော်ငြာပုံစံ (၁) ဖြင့် မြို့နယ်အတွင်း ကြော်ငြာပါသည်။
ဂရန်အင်းအတွင်း ငါးလုပ်ငန်းလုပ်ကိုင်လိုသူသည် ဂရန်အင်းလေလံဆွဲဝယ်ခွင့် လက်မှတ် လျှေက်လွှာပုံစံ (၂) တွင် အချက်လက်များရေးသွင်းပြီး မြို့နယ်ဦးစီးမှူးထံ လျှောက်ထား ရမည်။ မြို့နယ်ဦးစီးမှူးသည် ဂရန်အင်းလေလံဆွဲဝယ်ခွင့်ပုံစံ (၃) ကို လေလံပွဲမစမီ အနည်းဆုံး (၁) ရက် ကြိုတင်၍ လျှောက်ထားသူအားထုတ်ပေးရမည်။
လေလံတင်ရောင်းချသည့်အခါ ရောင်းချသည့်ဂရန်အင်း တစ်ခုစီအတွက် ဂရန်အင်း လေလံတင်ရောင်းချခြင်း အမှုတွဲပုံစံ (၄) ဖွင့်လှစ်ထားရှိရမည်။ လေလံတင်ရောင်းချခြင်းပြီးသည့် အခါ လေလံတင်ရောင်းချခြင်းပြီးစီးကြောင်း တင်ပြစာပုံစံ (၅) တွင် ပြည့်စုံစွာရေးသွင်း၍ ဂရန်အင်း များလေလံတင်ရောင်းချရေးအဖွဲ့ အဖွဲ့၀င်အားလုံး လက်မှတ်ရေးထိုးပြီး တိုင်းဦးစီးမှူး၏ အတည်ပြုချက်ဖြင့် လေလံဆွဲဝယ်သည့်နေ့မှစ၍ (၁၅) ရက်အတွင်း အဌားဂရန်ပုံစံ (၆) ကို လေလံဆွဲဝယ်ရရှိသူအား ထုတ်ပေးပါသည်။
Form Download: |
ဂရန်အင်းများနှင့် တင်ဒါငါးဖမ်းကွက်များအား လေလံတင်ရောင်းချခြင်း |
ဦးစီးဌာန: ငါးလုပ်ငန်းဦးစီးဌာန
ငါးလုပ်ငန်းဦးစီးဌာနရှိ အခြားသော Topics များ
-
ရေထွက်ပစ္စည်းသယ်ယူခွင့် မျှောစာများထုတ်ပေးခြင်း
- 1793 hit(s)
-
ငါးမွေးကန်လိုင်စင်များ ထုတ်ပေးခြင်း
- 2091 hit(s)