xjcover

ငါးလုပ်ငန်းဦးစီးဌာန

 

Category: စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ရည်ရွယ်ချက်

(၁) ငါးလုပ်ငန်းများဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ငါးသယံဇာတများ တိုးတက်လာစေရန်၊
(၂) ငါးမျိုးမပြုန်းတီးစေရန်နှင့် ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊
(၃) ပြည်တွင်းစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရန်၊
(၄) ငါးမျိုးကောင်းမျိုးသန့်များကို တိုးတက်ထုတ်လုပ်ဖြန့်ဖြူရန်
(၅) ငါးလုပ်ငန်းဆိုင်ရာ လူနေမှုစီးပွားရေး အခြေအနေနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးတက် မြင့်မားလာစေရန်၊

 

 

ဆောင်ပုဒ်များ

(၁) ငါးရစ်ငါးသန် ဘေးမဲ့ချန် ၊ ပုံမှန်စားသုံး မျိုးမတုန်း။
(၂) စပါးကရွှေ၊ ငါးကငွေ၊ လယ်ယာသားငါး၊ ပြည့်စီးပွား။
(၃) ငါးရစ်ငါးများ၊ ဘေးမဲ့ထား ၊ ပုံမှန်မျိုးပွား ၊ ရေရှည်စား။
(၄) စပါးရိက္ခာ၊ ငါးရိက္ခာ၊ ၀မ်းစာမှန်သမျှ ၊ တိုးထုတ်ကြ။
(၅) ကျေးလက်ဒေသဖွံ့ဖြိုးရေး ၊ စပါးခင်းမှာ ငါးထည့်မွေး။
(၆) မြစ်ချောင်း၊ အင်းကန်ရေပြည့်လျှံမှ ၊ ဟင်းစားလည်းရ ၀င်ငွေလှ၏။
(၇) ငါးဖမ်းမွေးမြူတို့ပြည်သူ ၊ ညီတူ၀မ်း၀၊ ပို့ပြည်ပ။
(၈) မျိုးသုန်းရှားပါးသတ္တဝါ ဝိုင်း၀န်ထိန်းသိမ်းကာကွယ်ပါ။
(၉) သေးတဲ့ငါးကိုကြီးစေလို ငါးသန်ဆိုမဖမ်းနဲ့။

 

အဓိကလုပ်ငန်းများ

(၁) ငါးမွေးမြူရေးလုပ်ငန်းများ
(၂) ရေချိုငါးလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းများ
(၃) ရေချိုငါးလုပ်ငန်း အခွန်အရပ်ရပ်ကောက်ခံခြင်းလုပ်ငန်းများ
(၄) ငါးသားပေါက်ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများ
(၅) သုတေသနနှင့် ငါးသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းများ

 

     
  ရုံးလိပ်စာ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်  ၁၉ × ၂၆ လမ်းကြား မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး ၊ သရက်ကုန်းရပ်ကွက်

  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉-၇၉၈၈၈၂၄၁၆
  ဖက်စ်ဖုန်း ၀၂-၆၁၁၁၅
   အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
   Facebook Page www.facebook.com/malioffice
   Website -

  

Eservices   Topics
   
News