- Types: Topics
- Categories: ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
- agencies: ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု
မြန်မာနိုင်ငံသား/နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ပါဝင်ရမည့်အချက်များ
(၁) |
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ရန် လာရောက် မေးမြန်း စုံစမ်းကြသည့် ပြည်တွင်း/ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်း အချက်အလက် များကို ရှင်းလင်းပြောကြားခြင် ၊ ဆွေးနွေးခြင်း၊ အကြံဉာဏ် ပေးခြင်း။ |
(၂) | နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေတို့အရ လုပ်ငန်း အဆို ပြုချက်များ တင်ပြရာတွင် ပါဝင်ရမည့် စာရွက်စာတမ်း အထောက် အထားများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ |
နိုင်ငံခြား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် အဓိက ပါ၀င်ရမည့် အချက်များ
၁။ အဆိုပြုလွှာတင်ပြခြင်း
(၁) |
အစိုးရဌာန /အဖွဲ့အစည်းပိုင် မြေကို ငှားရမ်းဆောင်ရွက်ခြင်း ဖြစ်ပါက မြေပိုင်ရှင်ဌာန/အဖွဲ့အစည်းမှ တစ်ဆင့် တင်ပြရန်။ |
(၂) | ပုဂ္ဂလိကပိုင်မြေကို ငှားရမ်းဆောင်ရွက်ခြင်း ဖြစ်ပါက ရင်းနှီး မြှုပ်နှံသူက တိုက်ရိုက် တင်ပြရန်။ |
(၃) | နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ (SEELaw) နှင့် အကျုံးဝင်သည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူပြီး တင်ပြရန် |
၂။ လုပ်ငန်းဆောင်ရွက်မည့်မြေနှင့်စပ်လျဉ်းသည့်အချက်များ
(၁) |
မြေငှားစာချုပ်(မူကြမ်း)တင်ပြရန်နှင့် နိုင်ငံတော် နှင့် ပတ်သက် လျှင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၏သဘောထား မှတ်ချက် တင်ပြရန်။ |
(၂) |
မြေပိုင်ဆိုင်မှု/ မြေဂရန် အထောက်အထား(မိတ္တူ) နှင့် တည်နေ ရာပြ မြေပုံပူးတွဲ တင်ပြရန်။ |
၃။ လုပ်ငန်းဆောင်ရွက်မည့်ငွေနှင့်စပ်လျဉ်းသည့်အချက်များ
(၁) |
အဆိုပြုလုပ်ငန်းတွင် ပါဝင်သူများ၏ လုပ်ငန်းပိုင်းနှင့် ငွေရေး ကြေးရေးဆိုင်ရာ အထောက် အထားများ။ (Bank Statement သို့မဟုတ် ကုမ္ပဏီ၏စာရင်းစစ်ပြီးသည့် နှစ်ချုပ်စာရင်း)။ |
(၂) |
ရင်းနှီးမြှုပ်နှံမှုတွင် ပြည်ပချေးငွေ ပါဝင်ပါက ချေးငွေ စာချုပ် (မူကြမ်း)/ ချေးငွေ ပြန်လည် ပေးဆပ်မည့်အစီအစဉ် ။ |
(၃) |
နိုင်ငံခြားငွေပါ၀င်ပါက နိုင်ငံခြားငွေနှင့် ပတ်သက်သည့် Bank Statement (မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအတွက်) |
(၄) |
ပြည်ပမှကုန်ကြမ်းတင်သွင်းရန် လိုအပ်ပါက သုံးစွဲမည့် နိုင်ငံခြား ငွေရယူမည့်အစီအစဉ်။(မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအတွက်) |
၄။ ရင်းနှီးမြှုပ်နှံမှုပုံစံနှင့်စပ်လျဉ်းသည့်အချက်များ
(၁) |
ဖက်စပ် ဆောင်ရွက်ခြင်းများ အတွက် ဖက်စပ်စာချုပ် (မူကြမ်း) တင်ပြရန်နှင့် နိုင်ငံတော်နှင့် ပတ်သက်လျှင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏သဘောထား မှတ်ချက်တင်ပြရန်။ |
(၂) |
ပဋိညာဉ်စာချုပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက ပဋိညာဉ်စာချုပ် (မူကြမ်း) နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထား မှတ်ချက် တင်ပြရန်။ |
၅။ စီးပွားရေးဆိုင်ရာတင်ပြချက်များ
(၁) |
နှစ်စဉ်ထုတ်လုပ်မှုရည်မှန်းချက်၊ ပြည်ပတင်ပို့မှု နှင့် ပြည်တွင်း ရောင်းချမှုရာခိုင်နှုန်း။ |
(၂) |
နှစ်စဉ်အသုံးစရိတ်၊ နှစ်စဉ်ဝင်ငွေရရှိမှု၊ နှစ်စဉ်ရရှိမည့်အကျိုး အမြတ်ခန့်မှန်းခြေ၊ အရင်းကြေကာလ၊ အရင်းအနှီးအပေါ် အကျိုး အမြတ်ပြန်ပေါ်နှုန်းIRR) |
၆။ ပြည်တွင်း/ ပြည်ပမှ ဝယ်ယူမည့် ပစ္စည်းစာရင်းများ
(၁) |
ပြည်တွင်း/ပြည်ပမှ ဝယ်ယူမည့် စက်ပစ္စည်းစာရင်း နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း စာရင်းများကို တန်ဖိုး နှင့် တကွအသေးစိတ်ဖော်ပြရန် |
(၂) |
နှစ်စဉ် လုပ်ငန်းသုံးပစ္စည်း / နှစ်အလိုက် ကုန်ကြမ်း လိုအပ်ချက် ကိုတန်ဖိုးနှင့်တကွ အသေးစိတ်ဖော်ပြရန်။ |
၇။ အထွေထွေ
(၁) |
ပြည်ပတွင် ဖွဲ့စည်းထားသည့် နိုင်ငံခြားကုမ္ပဏီများ ၏ ကုမ္ပဏီ မှတ်ပုံတင် အထောက်အထား(မိတ္တူ) နှင့် နိုင်ငံကူးလက်မှတ် (မိတ္တူ)၊ မြန်မာကုမ္ပဏီ နှင့် ဖက်စပ်ဆောင်ရွက်ခြင်း ဖြစ်ပါက မြန်မာကုမ္ပဏီ ၏မှတ်ပုံတင် အထောက်အထား (မိတ္တူ)နှင့် နိုင်ငံသား စိစစ်ရေးကဒ်(မိတ္တူ) ။ |
(၂) |
မြန်မာနိုင်ငံတွင်ဖွဲ့စည်းမည့် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်း / သင်းဖွဲ့စည်းမျဉ်း(မူကြမ်း)။ |
(၃) |
ကုမ္ပဏီ၏မှတ်ပုံတင်အထောက်အထား(မိတ္တူ)၊ပုံစံ၆/၂၆၊သင်းဖွဲ့စည်းမျဉ်း၊သင်းဖွဲ့မှတ်တမ်း၊ရင်းနှီးမြှုပ်နှံသူ၏နိုင်ငံသားစိစစ် ရေးကဒ် (မိတ္တူ) ။ (မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအတွက်) |
(၄) |
လျှပ်စစ်ရယူသုံးစွဲမည့်အစီအစဉ်၊ |
(၅) |
အဆောက်အဦပုံစံ၊အကျယ်အဝန်း၊ အရေအတွက် ၊Conceptual Design အသေးစိတ် ဖော်ပြရန်။ ဆောက်လုပ်ပြီး ဖြစ်ပါက အဆောက်အဦ ဓါတ်ပုံမိတ္တူ |
(၆) |
အဆိုပြုလုပ်ငန်းတွင် လိုအပ်မည့် ပြည်တွင်း/ပြည်ပ ဝန်ထမ်း အရေအတွက်၊ ရာထူး၊ လစာနှုန်းထားများ။ |
(၇) |
လုပ်သားများ၏ လူမှုဖူလုံရေး သက်သာချောင်ချိမှု ဆောင်ရွက် မည့်အစီအမံများ၊ လုပ်ငန်းခွင် သာယာဝပြောရေး အတွက် ဆောင်ရွက်မှု။ လူမှုဘ၀ သာယာ၀ပြောရေး တာ၀န်ယူမှု (Corporate Social Responsibility - CSR) ဆောင်ရွက် မည့်အစီအစဉ်။ ကနဦးပတ်ဝန်းကျင် ထိခိုက်မှု ဆန်း စစ်ချက် (IEE)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲတင်ပြ ရန် နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လိုအပ်သော လုပ်ငန်းများအတွက် တတိယ အဖွဲ့အစည်း နှင့် ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်းကတိဝန်ခံချက် |
(၈) |
မီးဘေးကြိုတင်ကာကွယ်မှုအစီအစဉ်၊WasteWaterTreatment လိုအပ်သော လုပ်ငန်းများ အတွက် အစီအစဉ် ။ ထူးခြားသည့် လုပ်ငန်းများအတွက် လုပ်ငန်းသဘာ၀ရှင်းလင်းချက်။ |
(၉) |
CMP လုပ်ငန်းဖြစ်ပါက CMP Contract ၊ |
(၁၀) |
BOT လမ်းလုပ်ငန်းဖြစ်ပါက လမ်းဖောက်လုပ်မည့် တည်နေရာ ပြပုံ လမ်းအသုံးပြုခကောက်ခံမည့် ဂိတ်တည်နေရာ နှင့် လမ်း အရှည်မိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့် နှင့် တံတားစာရင်း(မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအတွက်) |
Form Download: |
မြန်မာနိုင်ငံသား/နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ပါဝင်ရမည့်အချက်များ |
ဦးစီးဌာန: ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Topics များ
-
အသင်းဖွဲ့စည်းခွင့် လျှောက်ထားခြင်း
- 1569 hit(s)
-
နိုင်ငံခြားကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်း
- 1554 hit(s)
-
မြန်မာကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်း
- 1705 hit(s)