- Types: Topics
- Categories: ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
- agencies: ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု
အများနှင့်သက်ဆိုင်သောကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်း
အများနှင့်သက်ဆိုင်သေကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ရန် လိုအပ်ချက်များ
(၁) | ကုမ္ပဏီအမည်ရွေးချယ်ရန်(မှတ်ပုံတင်ထားပြီးဖြစ်သည့် တည်ဆဲကုမ္ပဏီတစ်ခု၏ အမည် နှင့် ထပ်တူဖြစ်စေ၊ ဆင်တူရိုးမှားဖြစ်စေ မတူညီရပါ။) |
(၂) | ဒါရိုက်တာအဖွဲ့ဝင်၇ဦးမှ အကန့်အသတ်မရှိ ပါ၀င်နိုင်ပြီး နိုင်ငံသား စိစစ် ရေးကတ် မိတ္တူ နှင့် ၎င်းတို့၏ နေရပ်လိပ်စာများ၊ ဖုန်းနံပါတ်၊ အီမေးလ် |
(၃) | ကုမ္ပဏီ မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ |
(၄) | ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ကြောင်းကြေညာချက်၊ (ပုံစံ-၁) |
(၅) | ကုမ္ပဏီ၏ရုံးခန်းတည်နေရာ အကြောင်းကြားစာ၊ |
(၆) | ဆောင်ရွက်မည့် လုပ်ငန်းရည်ရွယ်ချက်များ၊ |
(၇) | ဒါရိုက်တာများ၏ အမည်စာရင်း ပုံစံ (၂၆) |
(၈) | သင်းဖွဲ့မှတ်တမ်း နှင့် သင်းဖွဲ့စည်းမျဉ်းများ တွင် တရားလွှတ်တော် ရှေ့နေ / မှတ်ပုံတင်လက်မှတ်ရ ပြည်သူ့စာရင်းကိုင် ၏ လက်မှတ် ရေးထိုးရန် နှင့် ၎င်းတို့၏ လုပ်ငန်းလိုင်စင်မိတ္တူ |
(၉) | ဖွဲ့စည်းမှတ်ပုံတင်ကြေး ကျပ် နှစ်ဆယ့်ငါးသိန်း တိတိကို ပေးသွင်း ရန်၊ ကုမ္ပဏီ မှတ်ပုံ တင်ခွင့် လျှောက်လွှာပုံစံအတွက် (၅၁၀၀)ကျပ် |
အများပိုင်ကုမ္ပဏီ “လုပ်ငန်းစတင် ဆောင်ရွက်ခွင့် လက်မှတ်” လျှောက်ထားရန် လိုအပ်သော အချက်အလက်များ
(၁) | တင်ပြစာ၊ ပုံစံ(၁) လျှောက်လွှာ |
(၂) | လုပ်ငန်းစတင်ကြောင်း အသိအမှတ်ပြုလွှာ |
(၃) | ကတိသစ္စာပြုလွှာ ဒါရိုက်တာများအားလုံးမှလက်မှတ်ရေးထိုးပေးထားသော ပုံစံ (၂)၊ |
(၄) | အရည်အချင်းပြည့် အစုရှယ်ယာများ ဝယ်ယူပြီးဖြစ်ကြောင်း ဒါရိုက်တာများ၏ သဘော တူညီချက် ပုံစံ (၂၅)၊ |
(၅) | အလားအလာညွှန်းတမ်း(Prospectus)၊ |
(၆) | ကုမ္ပဏီ ဖွဲ့စည်းပြီးဖြစ်ကြောင်း သတင်းစာတွင် ထည့်သွင်းသည့် ကြော်ငြာမိတ္တူ၊ |
(၇) | အနည်းဆုံးကျပ် သန်း(၅၀) ရှိသည့် ဘဏ်လက်ကျန်ရှင်းတမ်း၊ |
(၈) | ပုံစံ(၆)နှင့်ပုံစံ(၂၆)၊(ကနဦးထည့်ဝင်ငွေ)နှင့်ဒါရိုက်တာအဖွဲ့ အစည်းအဝေး မှတ်တမ်း၊ |
(၉) | အလားအလာညွှန်းတမ်း(Prospectus)အတွက်မှတ်ပုံတင်ကြေး၂၅၀၀၀/-ပေးသွင်းရန်။ |
Form Download: |
အများနှင့်သက်ဆိုင်သောကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရန် လျှောက်လွှာပုံစံ |
ဦးစီးဌာန: ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Topics များ
-
အသင်းဖွဲ့စည်းခွင့် လျှောက်ထားခြင်း
- 1613 hit(s)
-
နိုင်ငံခြားကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်း
- 1594 hit(s)
-
မြန်မာကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်း
- 1754 hit(s)