Types: Topics
Categories: ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
agencies: ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု

ကုမ္ပဏီများမှ တင်ပြလာသောကိစ္စရပ်များအား ဆောင်ရွက်ပေးခြင်း

 

 (၁) လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရန် အစုရှယ်ယာများ ခွဲဝေရောင်းချပြီး၊ ရောင်း ချသည့် နေ့မှ တစ်လအတွင်း ပုံစံ(၆)ဖြင့်မှတ်ပုံတင်ရန်။
 (၂)  ဒါရိုက်တာများ/ မန်နေဂျာများ ခန့်ထားခြင်းကို ပုံစံ(၂၆)ဖြင့်ခန့်ထားပြီး (၁၄)ရက် အတွင်း မှတ်ပုံတင်ရန်၊ နှုတ်ထွက်ခြင်းနှင့် အခါအားလျော်စွာဖြင့် ပြောင်းလဲခြင်းများ အတွက် သတ်မှတ် ပုံစံ(၂၆)ဖြင့်ပင် ပြောင်းလဲမှုဖြစ်သည့် နေ့မှ(၁၄)ရက်အတွင်း မှတ်ပုံ တင်ရန်။
 (၃)  ကုမ္ပဏီ၏လုပ်ငန်းတည်နေရာ/ လုပ်ငန်းခွဲတည်နေရာ ပြောင်းလဲရာတွင် ပြောင်းလဲ သည့်နေ့မှ စ၍ (၂၈)ရက်အတွင်းသတ်မှတ်ပုံစံဖြင့်မှတ်ပုံတင်ရန်။
 (၄)  ပထမအကြိမ် အထွေထွေအရပ်ရပ် အစည်းအဝေးကို ကုမ္ပဏီမှတ်ပုံတင် ခွင့်ပြု သည့်နေ့မှ (၁၈)လအတွင်း လည်းကောင်း၊ နောင်လာမည့်နှစ်များ အတွက် အစည်းအဝေး ကိုနှစ်စဉ် (၁၅)လ ထက်ကျော်လွန်ခြင်းမရှိ၊ ပြက္ခဒိန်နှစ် မကျော်လွန်စေဘဲကျင်းပ၍ အစည်းအဝေးကျင်းပသည့်နေ့မှ (၂၁)ရက်အတွင်း ပုံစံ(င)(FormE)ဖြင့် မှတ်ပုံတင်ရန် နှင့် ကုမ္ပဏီ၏ တစ်နှစ်အတွင်း အရောင်းအဝယ်၊ အရှုံးအမြတ်စာရင်းကို ပူးတွဲ တင်ပြရန်
 (၅)  ကုမ္ပဏီ၏ဒါရိုက်တာများ၏ နေရပ်လိပ်စာ ပြောင်းလဲသည့်အခါ၊ ပြောင်းလဲ သည့်နေ့မှ စ၍(၁၄)ရက်အတွင်းသတ်မှတ်ပုံစံ(၂၆)ဖြင့်မှတ်ပုံတင်ရန်။
 (၆)  သတ်မှတ် ပြဌာန်းချက်များနှင့်အညီ အထူးအစည်းအဝေး ဆုံးဖြတ်ချက်များ ပြုလုပ်ပါ က (၁၅)ရက် အတွင်းမှတ်ပုံတင်ရန်။
 (၇)  အများနှင့်သက်ဆိုင်သောကုမ္ပဏီများလည်း အထက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ရမည့်အပြင် အောက်ပါစာရွက်စာတမ်းနှင့်အတူ မှတ်ပုံတင်ရန် လိုအပ်ပါသည်-
 (က)  (StatutoryMeeting) အစည်းအဝေးကို လုပ်ငန်းစတင် ဆောင်ရွက် ခွင့်ရပြီး၊ တစ်လထက်မစော၊ ခြောက်လထက်မပိုသော အချိန်တွင် ကျင်းပပြီး (Statution Report)ကို အစည်းအဝေး ကျင်းပပြီးနောက် (၂၁)ရက် အတွင်း မှတ်ပုံတင်ရန်၊
 (ခ)  အထက်အပိုဒ်(၄)အရ ပထမအကြိမ်အထွေထွေ အရပ်ရပ် အစည်းအဝေး ကို ကုမ္ပဏီ တည်ထောင်ခွင့်ပြုသည့်နေ့မှ (၁၈)လအတွင်း ကျင်းပရန်၊ နောင်နှစ်များအတွင်း ပုံစံ(င)(FormE)ကို အရှုံးအမြတ် ရှင်းတမ်း၊ ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာများ နှင့်အတူ မှတ်ပုံတင်ရန်။
 (၈)  (ပုံစံ၆၊ ၂၆၊ ပုံစံ(င)၊ အစုရှယ်ယာပြောင်းပုံစံ၊ လိပ်စာပြောင်း ပုံစံ) တို့ကို နောက်ဆက်တွဲ(င)ဖြင့် တင်ပြထားပါသည်။

 


 

 

Form Download:

 ကုမ္ပဏီများမှ တင်ပြလာသောကိစ္စရပ်များအား ဆောင်ရွက်ရာတွင် လိုအပ်သောပုံစံများ

ဦးစီးဌာန: ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန