Types: Topics
Categories: ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး
agencies: ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု

နိုင်ငံခြားကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ခြင်း

 

နိုင်ငံခြားကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရန်အတွက် လိုအပ်သောအချက်အလက်များ

 (၁) မှတ်ပုံတင်ထားပြီးဖြစ်သည့်တည်ဆဲကုမ္ပဏီတစ်ခု၏အမည်နှင့်ထပ်တူဖြစ်စေ၊ ဆင်တူရိုးမှားဖြစ်စေ မတူညီရပါ။
 (၂)  လျှောက်လွှာ ၊
 (၃)  ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ကြောင်းကြော်ငြာချက်၊(ပုံစံ-၁)
 (၄)  ကုမ္ပဏီ၏ ရုံးခန်းတည်နေရာ အကြောင်းကြားစာ၊
 (၅)  တရားဝင်ဘာသာပြန်ဆိုမှုဖြစ်ကြောင်းကြော်ငြာချက်၊ 
 (၆)  ဘာသာပြန်ဆိုမှု မှန်ကန်ကြောင်း ထောက်ခံချက်၊
 (၇)  အဓိကဆောင်ရွက်မည့် လုပ်ငန်းရည်ရွယ်ချက်များ၊
 (၈)  ဒါရိုက်တာများ၏ အချက်အလက်အကျဉ်းချုပ် (ပုံစံ-၂၆)
 (၉)  သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများတွင် တရားလွှတ်တော်ရှေ့နေ/ မှတ်ပုံတင်လက်မှတ်ရ ပြည်သူ့စာရင်းကိုင်၏ လက်မှတ် ရေးထိုးရန်နှင့် ၎င်းတို့ ၏ လုပ်ငန်းလိုင်စင်မိတ္တူ 
 (၁၀)  လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုမိန့်လျှောက်လွှာ(ပုံစံ-က)
 (၁၁)  အစုရှယ်ယာရှင် / ဒါရိုက်တာများ၏ နိုင်ငံကူးလက်မှတ် မိတ္တူ/ နိုင်ငံသား မှတ်ပုံတင် လက်မှတ် မိတ္တူ၊

 

နိုင်ငံခြားကုမ္ပဏီများ၏ ကုမ္ပဏီရုံးခွဲများ သို့မဟုတ် ကိုယ်စားလှယ်ရုံးခွဲများအား မှတ်ပုံတင်ခြင်းအတွက် လိုအပ်သော အချက်အလက်များ

 (၁) ကုမ္ပဏီမှတ်ပုံတင်လျှောက်လွှာ ၊
 (၂)  ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ကြောင်းကြေငြာချက်(ပုံစံ-၁)
 (၃)  ကုမ္ပဏီ၏ ရုံးခန်းတည်နေရာအကြောင်းကြားစာ
 (၄)  တရားဝင်ဘာသာပြန်ဆိုမှု ဖြစ်ကြောင်းကြေငြာချက်
 (၅)  ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတွင် ဌာနေကိုယ်စားလှယ်အဖြစ် တာဝန် ပေးအပ် သူ၏အချက်အလက်အကျဉ်းချုပ် (ပုံစံ-၁၈)
 (၆)  ကုမ္ပဏီမှဆောင်ရွက်မည့် စီးပွားရေး လုပ်ငန်းရည်ရွယ်ချက်များ နှင့် ရောင်းဝယ် ရေးလုပ်ငန်း ဆောင်ရွက်မည် မဟုတ်ကြောင်းကတိဝန်ခံချက်
 (၇)  လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုမိန့်လျှောက်လွှာ(ပုံစံ-က)
 (၈)  မိခင်ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း)
 (၉)  မိခင်ကုမ္ပဏီ၏ ဒါရိုက်တာများစာရင်း
 (၁၀)  ဌာနေကိုယ်စားလှယ်၏ နိုင်ငံကူးလက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံသား မှတ်ပုံတင်မိတ္တူ
 (၁၁)  မိခင်ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်း နှင့် သင်းဖွဲ့စည်းမျဉ်းများ (အင်္ဂလိပ်၊ မြန်မာ(၂) ဘာသာဖြင့်)

 

 

Form Download:

 အများနှင့်သက်ဆိုင်သောကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရန် လျှောက်လွှာပုံစံ

ဦးစီးဌာန: ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

 

Ø    လျှောက်လွှာ ၊