- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း
၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့မြေများ ကိုပိုင်ဆိုင်ခွင့်ရှိသူများမှ အောက်ဖော်ပြပါအတိုင်း အကြောင်းအရာ အမျိုးမျိုးဖြင့် မြေပုံ၊ မြေရာဇ၀င်ရေးကူးခွင့် လျှောက်ထားလာပါက ပိုင်ဆိုင်မှု အထောက်အထား ပြည့်စုံခိုင်လုံလျှင် မြေပုံကို မြေယာပုံစံ (၁၀၅)ဖြင့်လည်းကောင်း၊ မြေရာဇ၀င်ကို မြေယာပုံစံ (၁၀၆)ဖြင့်လည်းကောင်း ရေးကူး ထုတ်ပေးပါသည်−
(က) | ဘိုးဘပိုင်မြေ၊ ဂရန်မြေအမည်ပြောင်းရန်၊ |
(ခ) | အရောင်းအဝယ်စာချုပ်၊ အပေးစာချုပ်၊ စွန့်လွှတ်စာချုပ်၊လှူဒါန်း စာချုပ်၊ အမွေဆက်ခံစာချုပ်၊ ပိုင်/ညာစာချုပ် ချုပ်ဆိုရန်၊ |
(ဂ) | တရားရုံးတင်ပြရန်၊ |
(ဃ) | ဘဏ်တွင် အာမခံအဖြစ်ထားရှိရန်(အာမခံထားရှိမည့်ဘဏ်အမည်အား တိကျစွာ ဖော်ပြပါမည်။) |
(င) | အိမ်ဆောက်မိန့်တင်ရန်နှင့် ရေမီတာလျှောက်ရန်။ |
၂။ အပိုဒ်(၁)ပါ အကြောင်းအရာများဖြင့် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာပါက အောက်ဖော်ပြပါ မြေပိုင်ဆိုင်ကြောင်းနှင့် အခြားအထောက် အထားများပါရှိရပါမည်။
(က) | လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊ |
(ခ) | ဂရန်မြေဖြစ်ပါက ဂရန်စာချုပ်မိတ္တူမှန်၊ |
(ဂ) | ဘိုးဘပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်မိတ္တူမှန်၊ |
(ဃ) | ကာယကံရှင်ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်ပါက ကာယကံရှင် မှ လွှဲအပ်သည့် မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာ။ |
၃။ မြေပုံ၊ မြေရာဇဝင်လျှောက်ထားမှုများကို ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိ၊ အထောက်အထား ပြည့်စုံခိုင်လုံပါက အချိန်(၄)ရက်(သို့မဟုတ်) (၅)ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အမွေဆက်ခံ ပိုင်/ညာစာချုပ်ရန် အတွက်ဖြစ်ပါက သတင်းစာကြော်ငြာပြီး ကန့်ကွက်မှုမရှိမှဆောင်ရွက်ပေးပါသည်။
လျှောက်လွှာဖောင် Download ရယူပါ။ |
ဉီးစီးဌာန: မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာနရှိ အခြားသော Topics များ
-
မြို့မြေငှားခွန်စည်းကြပ်ခြင်းနှင့်ကောက်ခံခြင်း
- 3159 hit(s)
-
အခွန်လွတ်သာသနာမြေနှင့် သိမ်ဂရန်လျှောက်ထားမှု
- 4194 hit(s)
-
မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း
- 6824 hit(s)
-
မြေတိုင်းတာခြင်း
- 5865 hit(s)
-
ဂရန်လျှောက်ထားခြင်း
- 14093 hit(s)
-
ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း
- 7492 hit(s)