အခွန်ဌာန

Category: မြို့တော် စည်ပင်သာယာရေးကော်မတီ

လုပ်ငန်းတာဝန်များ

၁။ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အခွန်အကောက်စသည်များကို ဥပဒေနှင့်အညီ ကောက်ခံနိုင်အောင် ဆောင်ရွက်ခြင်း။
၂။
အခွန်အပြေကောက်ခံရန် ကျန်ရှိသည့် ကြွေးကျန်များကို အပြည့်အဝရရှိအောင် ကွပ်ကဲကြပ်မတ်ဆောင်ရွက်ခြင်း။
၃။ အခါအားလျော်စွာ ပေါ်ပေါက်လာသည့် ကျူးကျော်မှုကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ကြီးကြပ်ခြင်း၊ လမ်းဘေးစျေးသည်၊ စည်းကမ်းထိန်းသိမ်း ရေးကို တာဝန်ယူ ကြီးကြပ်ကွပ်ကဲခြင်း။
၄။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အခွင့်အရေးလေလံများ၊ အဖွဲ့ပိုင်ပစ္စည်းဟောင်းများ ရောင်းချခြင်းတွင် ကြီးကြပ်ပါ၀င် ဆောင်ရွက်ခြင်း။
၅။ အဝေးပြေး ယာဉ်ရပ်နားစခန်းများအား ကြီးကြပ်ကွပ်ကဲခြင်း။
၆။ လမ်းအသုံးပြုခကောက်ခံခြင်း လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း။
၇။ ရေဖိုးရေကောက်ခံခြင်း လုပ်ငန်းအား ကြီးကြပ်ကွပ်ကဲခြင်း။
၈။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းအား ကြီးကြပ်ကွပ်ကဲခြင်း။
၉။ ၀န်ထမ်းသက်သာချောင်ချိရေး မျက်ခြေမပြတ် ဆောင်ရွက်ခြင်း။
၁၀။ ကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

 

(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် ရည်မှန်းချက်များ

၁။       ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့် အခွန်အခများ ရည်မှန်းချက်ကျော်လွန်ပြည့်မှီအောင် ကောက်ခံရရှိရေး

၂။       ပြည်သူပါ၀င်သည့် ကျူးတားဆီးရေး/ ကျူးရှင်းလင်းရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေး

၃။       မြို့နယ်(၆)မြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးများ အဆင့်မြှင့်တင်ဆောင်ရွက်ရေး

၄။       ဠာနအတွင်း စည်းလုံးညီညွတ်စွာဖြင့် ကော်မတီမှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရေး

၅။       ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများအား တိကျစွာ လိုက်နာ၍ ပြည်သူနှင့် အတူလုပ်ငန်းတာဝန်များအား အောင်မြင်စွာပူးပေါင်းဆောင်ရွက်ရေး

 

   
ရုံးလိပ်စာ -  ၂၆ လမ်း နှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဆက်သွယ်ရန်ဖုန်းနံပါတ် -  02 36167
အီးမေးလ်လိပ်စာ -
website လိပ်စာ -
   

 

Eservices   Topics
   
News