- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၁။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−
(၁) | အမည်ပြောင်း၊ |
(၂) | ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း) |
(၃) | အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း) |
(၄) | အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။ |
၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-
(၁) | လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊ |
(၂) | မြေပုံ၊ မြေရာဇဝင်မူရင်း၊ |
(၃) | အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊ |
(၄) | အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊ |
(၅) | အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊ |
(၆) | တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ) |
(၇) | အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊ |
(၈) | အိမ်ထောင်စုဇယား မိတ္တူမှန်၊ |
(၉) | အဆောက်အဦဓါတ်ပုံ၊ |
(၁၀) | ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။ |
၃။ အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။
လျှောက်လွှာဖောင် Download ရယူပါ။ |
ဉီးစီးဌာန: မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာနရှိ အခြားသော Topics များ
-
မြို့မြေငှားခွန်စည်းကြပ်ခြင်းနှင့်ကောက်ခံခြင်း
- 3159 hit(s)
-
အခွန်လွတ်သာသနာမြေနှင့် သိမ်ဂရန်လျှောက်ထားမှု
- 4195 hit(s)
-
မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း
- 6824 hit(s)
-
မြေတိုင်းတာခြင်း
- 5866 hit(s)
-
ဂရန်လျှောက်ထားခြင်း
- 14094 hit(s)
-
ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း
- 7493 hit(s)