Types: Topics
Categories: စည်ပင်သာယာရေး
agencies: အခွန်ဌာန

ရေမီတာ၊ ကျုံးရေ အမည်ပြောင်းလဲခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

၁။ 
ရေမီတာ၊ ကျုံးရေ အမည်ပြောင်းလဲခွင့် လျှောက်လိုပါက အောက်တွင် လျှောက်လွှာပုံစံရယူကာ ဖြည့်စွက်ပြီး လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်း(မိတ္တူ)များ ပူးတွဲတင်ပြရပါမည်။
  (က)

မြေကွက်ပိုင်ဆိုင်မှုအတွက် အထောက်အထား။ (ဂရမ်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ အမည်ပြောင်း အထောက်အထား အဆင့်ဆင့်)

  (ခ) 
အခွန်ဌာန၊ ရေခွန်ဌာနခွဲမှ ကောက်ခံနေသော ရေမီတာခွန်၊ ကျုံးရေခွန် နောက်ဆုံး ငွေရပြေစာ တစ်စောင်။
  (ဂ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကဒ်။
  (ဃ)
သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အမှန်တကယ် နေထိုင်ကြောင်း ထောက်ခံချက်။
၂။  
လျှောက်လွှာနှင့်အတူ  လိုအပ်သော စာရွက်စာတမ်းများအား စိစစ်ပြီး ပြည့်စုံမှုရှိပါက လျှောက်လွှာအား လက်ခံပြီး အမည်ပြောင်းခြင်းလုပ်ငန်းအား ကန့်ကွက်မည့်သူ ရှိ၊ မရှိ သတင်းစာကြော်ငြာ ထည့်သွင်း၍ သတင်းစာ ကြော်ငြာရက် (၂)ပတ်ပြည့်ပြီး ကန့်ကွက်မည့်သူမရှိပါက ကော်မတီသို့ အဆင့်ဆင့်တင်ပြပြီး ကော်မတီအစည်းအဝေးမှ အမည်ပြောင်းခွင့်ရရှိပါက အမည်ပြောင်းလဲခ ပေးသွင်းစေပြီး အမည်ပြောင်းလဲမှုကို ဆောင်ရွက် ပေးပါသည်။
၃။ အောက်ပါကျသင့်ငွေများ ပေးသွင်းရပါမည်။
  (က) လျှောက်လွှာကြေး - ၅၀၀ ကျပ်
  (ခ) အမည်ပြောင်းခ - ၁၅၀၀၀ ကျပ်
  (ဂ) သတင်းစာကြော်ငြာခ - ၇၀၀၀ ကျပ်

    

 Form Download:

 လျှောက်လွှာဖောင် Download ရယူပါ။

 ဉီးစီးဌာန: အခွန်ဌာန