- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: အခွန်ဌာန
အိမ်ခွန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
အိမ်ခွန်အမည်ပြောင်း လျှောက်ထားရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်စွက်၍ အောက်ဖော်ပြပါ အချက်အလက်များ ပူးတွဲတင်ပြရမည်ဖြစ်ပါသည်- | ||
(က) | အမည်ပြောင်း လျှောက်ထားသည့်မြေနှင့် အဆောက်အအုံ ပိုင်ဆိုင်မှု အဆက်ဆက်၏ အမွေဆက်ခံ၊ ပေးကမ်း၊ စွန့်လွှတ် မှတ်ပုံတင်စာချုပ်နှင့် တရားရုံး ဒီကရီ အစရှိသည့် အထောက်အထား၊ ဂရန်နှင့် ဘိုးဘပိုင်မှတ်တမ်း မိတ္တူများ | |
(ခ) | အခွန်ဌာနမှ ပစ္စည်းခွန် ကောက်ခံပြီးသည့် အိမ်ခွန်ပြေစာ မူရင်း(သို့မဟုတ်) မိတ္တူတစ်စောင် | |
(ဂ) |
လျှောက်ထားသူ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ | |
(ဃ) |
သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ မြေနှင့်အဆောက်အအုံအား အမှန်တကယ်နေထိုင် ပိုင်ဆိုင်ကြောင်း ထောက်ခံချက် | |
(င) | အမည်ပြောင်းလျှောက်ထားသည့် အဆောက်အအုံအတွက် အိမ်ခွန်ကြွေးကျန် ကင်းရှင်းကြောင်း အခွန်ဌာန၊ ငွေကျန်တောင်းဌာနစုမှ ထုတ်ပေးသော ထောက်ခံချက် | |
အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြလာပါက - |
||
၁။ | ပြီးပြည့်စုံသော အိမ်ခွန် အမည်ပြောင်းအမှုတွဲများ ကြာမြင့်ချိန် (စုစည်း၍ သတင်းစာ၌ ဖော်ပြခြင်း) | |
(က) | ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာပြီး ကြာချိန် - ၁၄ရက် | |
(ခ) | ကန့်ကွက်ချက်မရှိပါက မြေတိုင်းကွင်းဆင်းချိန် - ၄ရက် | |
(ဂ) | ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန် - ၁၅ရက် | |
(ဃ) | စုစည်းဆောင်ရွက်ပါက တစ်ဦးလျှင် အမည်ပြောင်းလျှောက်လွှာခ ၅၀၀/နှင့် သတင်းစာကြော်ငြာခ ကျပ် ၆၅၀၀/- ကျသင့်မည်ဖြစ်ကြောင်း ကြော်ငြာခွန် ကျသင့်ရန် (၄)ဦး အနည်းဆုံးရှိမှ ကြော်ငြာထည့်၍ ဆောင်ရွက်နိုင်ပါသည်။ | |
၂။ | တစ်ဦးတည်း ပြီးပြည့်စုံသော အိမ်ခွန် အမည်ပြောင်းအမှုတွဲများ ကြာမြင့်ချိန် (တစ်ဦးတည်း သတင်းစာ၌ ဖော်ပြခြင်း) | |
(က) | ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာပြီး ကြာချိန် - ၁၄ ရက် | |
(ခ) | ကန့်ကွက်ချက်မရှိပါက မြေတိုင်းကွင်းဆင်းချိန် - ၁ ရက် | |
(ဂ) | ကွင်းဆင်းပြီး အမှုတွဲများ ကော်မတီသို့ တင်ပြီးကြာချိန် - ၁၅ရက် | |
(ဃ) | တစ်ဦးတည်း အမည်ပြောင်း ဆောင်ရွက်လိုပါက အမည်ပြောင်းလျှောက်လွှာခ ၅၀၀/နှင့် သတင်းစာကြော်ငြာခ ကျပ် ၁၈၀၀၀/- ကျသင့်ပါမည်။ | |
၃။ |
အထက်ပါစာရွက်စာတမ်းများအား ပြည့်စုံမှုရှိပါက အိမ်ခွန်အမည်ပြောင်းလျှောက်ထားမှုကို ကန့်ကွက် မည့်သူ ရှိ/မရှိ သတင်းစာကြော်ငြာကာ သတင်းစာ ကြော်ငြာ၍ (၂)ပတ်ပြည့်ပြီး ကန့်ကွက်မည့်သူမရှိပါက ကော်မတီသို့အဆင့်ဆင့်တင်ပြ၍ ကော်မတီအစည်းအဝေးမှ အမည်ပြောင်း ခွင့်ပြုချက်ရရှိပါက အောက်ပါ အမည်ပြောင်းနှုန်းထားများ ပေးသွင်းဆောင်ရွက်ရပါမည်။ | |
(က) |
ထရံကာ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၂၀ဝ၀ဝ/- | |
(ခ) | နံကပ်(၁)ထပ်မှ RC တိုက်(၃)ထပ်ထိ ကျပ် ၅၀ဝ၀ဝ/- | |
(ဂ) | RC တိုက်(၄)ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၇၀ဝ၀ဝ/- | |
၄။ | အဆောက်အဦ ကွင်းဆင်းတိုင်းတာခ နှုန်းထားများအား အောက်ပါအတိုင်း ပေးသွင်းဆောင်ရွက်ရပါမည် - | |
(က) | ထရံကာ၊ ပျဉ်ကာ အဆောက်အဦ ကျပ် ၁၀ဝ၀ဝ/- |
|
(ခ) | နံကပ်(၁)ထပ်မှ RC တိုက်(၃)ထပ်ထိ ကျပ် ၂၀ဝ၀ဝ/- |
|
(ဂ) | RC တိုက်(၄)ထပ်နှင့် အထက် အဆောက်အဦ ကျပ် ၃၀ဝ၀ဝ/- |
|
မှတ်ချက် | (က) | အမည်ပြောင်း ကန့်ကွက်မှုရှိပါက ဆိုင်းငံ့ |
(ခ) | ကွင်းဆင်းတိုင်းတာချိန် အိမ်ရှင်မရှိပါက ဆိုင်းငံ့ | |
ဆက်သွယ်ရန် | အခွန်ဌာန၊ ရာပြတ်ဌာနခွဲ | မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ၂၆လမ်း၊ ၇၁ နှင့် ၇၂ကြား။ ဖုန်းနံပါတ်- ၀၂-၃၆၁၇၁၊ ၀၂-၃၆၁၇၂၊ လိုင်းခွဲ - ၁၅၂ |
လျှောက်လွှာဖောင် Download ရယူပါ။ |
ဉီးစီးဌာန: အခွန်ဦးစီးဌာန
အခွန်ဌာနရှိ အခြားသော Topics များ