- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မြို့မြေငှားခွန်စည်းကြပ်ခြင်းနှင့်ကောက်ခံခြင်း
(၁) | ဂရန်စာချုပ်ထုတ်ပေးပြီးသော မြေကွက်များအားလုံးကို မြို့မြေငှားခွန် စည်ကြပ် ကောက်ခံပါသည်။ မြို့မြေငှားခွန်ကို တစ်နှစ်လျှင် တစ်ကြိမ်သာစည်းကြပ်ကောက်ခံပါ သည်။ မြို့မြေငှားခွန်စည်းကြပ်ရာတွင် မြေအုပ်စုအမျိုးအစားနှင့် မြေအတန်းအစား ခွဲခြားသတ်မှတ်ပြီးစည်းကြပ်ကောက်ခံပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်းရှိ မြေများကို အုပ်စု(A) (B)(C)ဟူ (၃)မျိုး သတ်မှတ် ထားပါပြီး ယင်းအုပ်စု(A) (B) (C)ရှိ မြေကွက်များကို မြေအတန်း(၂)ဟု ထပ်မံခွဲခြား သတ်မှတ်ထားပါသည်။ မြေအတန်းအစားအဖြစ်(A1) (A2) (B1) (B2) (C1) (C2) ဟု ထပ်မံခွဲခြားသတ်မှတ်ထားပါသည်။ အုပ်စု(A)မြေသည် လမ်းမတန်းပေါ်တွင်ရှိလျှင် (A1)၊ အတွင်းကြားလမ်းပေါ်တွင်ရှိလျင် (A2)ဟူလည်းကောင်း၊ (B1)( B2)နှင့် (C1) (C2)တို့ကို အလားတူသတ်မှတ်ပါသည်။ မြေခွန်တော်ကို အောက်ပါအတိုင်း စည်းကြပ် ပါသည်- |
မြေအတန်းအစား | အကျယ်အ၀န်း | နှုန်း | |
(A1) | ၄၀'×၆၀' | ၄၀၀၀/- | |
(A2) | ၄၀'×၆၀' | ၃၀၀၀/- | |
(B1) | ၄၀'×၆၀' | ၂၈၀၀/- | |
(B2) | ၄၀'×၆၀' | ၂၀၀၀/- | |
(C1) | ၄၀'×၆၀' | ၁၀၀၀/- | |
(C2) | ၄၀'×၆၀' | ၆၀၀/- |
(၂) | ၄၀'×၆၀' ထက်ကျော်သော မြေကွက်များကို တစ်ဧကအထိ အထက်ပါ နှုန်းထားများအတိုင်း ကောက်ခံပြီး၊ တစ်ဧကနှင့် အထက်ကျော်ပါက မူလ တစ်ဧကအတွက် ကျသင့်သော နန်းအတိုင်းကောက်ခံ ပိုလာသောဧကအတွက် တစ်ဝက်နှုန်းကောက်ခံပါသည်။ |
(၃) | မြို့မြေငှားခွန်များကို မြေတိုင်းအဖွဲ့မှ နှစ်စဉ် ဒီဇင်ဘာလမကုန်မီ အပြီးစာရင်း ပြုစုပြီး မြေခွန်ပြေစာထုတ်ရန်အတွက် ကွန်ပျူတာဌာနခွဲသို့ ပေးပို့ရပါသည်။ ကွန်ပျူတာဌာနခွဲမှ မြေခွန်ပြေစာများထုတ် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ပါသည်။ မြို့မြေငှားခွန်ကို စည်ပင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများမှ ကောက်ခံပြီး နှစ်စည်ဘဏ္ဍာရေးနှစ်အတွင်း အပြီးကောက်ခံ ရပါသည်။ |
ဉီးစီးဌာန: မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဦးစီးဌာန
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဦးစီးဌာနရှိ အခြားသော Topics များ
-
မြို့မြေငှားခွန်စည်းကြပ်ခြင်းနှင့်ကောက်ခံခြင်း
- 3021 hit(s)
-
အခွန်လွတ်သာသနာမြေနှင့် သိမ်ဂရန်လျှောက်ထားမှု
- 4041 hit(s)
-
မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း
- 6624 hit(s)
-
မြေတိုင်းတာခြင်း
- 5622 hit(s)
-
ဂရန်လျှောက်ထားခြင်း
- 13708 hit(s)
-
ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း
- 7265 hit(s)