- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
အခွန်လွတ်သာသနာမြေနှင့် သိမ်ဂရန်လျှောက်ထားမှု
၁။ အခွန်လွတ်သာသနာမြေ လျှောက်ထားမည် ဆိုပါက အောက်ဖော်ပြပါ အထောက်အထားများ လိုအပ်ပါသည်-
(၁) | အခွန်လွတ်သာသနာမြေအဖြစ်ရလိုကြောင်း ဂေါပကအဖွဲ့(သို့မဟုတ်) သာသနာရေးအဖွဲ့အစည်း(သို့မဟုတ်) ကျောင်းထိုင်ဆရာတော်ကြီးမှ ကော်လိတ္တော် အရာရှိထံသို့သတ်မှတ်ထားသည့် ပုံစံများဖြင့် လျှောက် ထားရမည်။ လျှောက်လွှာပေါ်တွင်သတ်မှတ်ထားသည့် ရုံးခွန်တော် တံဆိပ်ခေါင်းကပ်ထားရမည်။ |
(၂) | လျှောက်ထားသည့်မြေ၏ မြေပုံ၊ မြေရာဇဝင်(၂)စုံပါရှိရမည်။ မြေပုံပေါ် တွင်သတ်မှတ်ထားသည့် အခွန်တော်တံဆိပ်ခေါင်းကပ်ထားပါမည်။ |
(၃) | လျှောက်ထားသည့် မြေပေါ်တွင် ဆောက်လုပ်ပြီး (သို့မဟုတ်) ဆောက်လုပ်ဆဲ(သို့မဟုတ်)ဆောက်လုပ်ကိုးကွယ်လိုသော ကျောင်း/ဇရပ် များ၏ပုံစံ(Site Plan)ကိုရှေ့တည့်တည့်မှ မြင်ရသောပုံစံနှင့် ဘေးတိုက် မြင်ရသော ပုံစံတစ်စုံစီပါရှိရမည်။ |
(၄) | လျှောက်ထားသည့်မြေသည် ဘိုးဘပိုင်မြေများပေါ်တွင် ယင်းမြေကို ပိုင်ဆိုင်ခွင့်ရှိသူက အစိုးရထံသို့ ပြန်လည်အပ်နှံကြောင်း မှတ်ပုံတင် စာချုပ်စာတမ်းပါရှိရမည်။ ဂရန်ရရှိထားသောမြေဖြစ်လျှင် စာချုပ် စာတမ်းပြုလုပ်ရန် မလိုသော်လည်း အစိုးရသို့ပြန်လည် အပ်နှံကြောင်း ကြော်ငြာစာတမ်းကိုသာတင်ပြရမည်။ ဂရန်စာချုပ်မူရင်း တင်ပြရမည်။ |
(၅) | လျှောက်ထားသည့်မြေသည် လယ်ယာမြေအမျိုးအစားဖြစ်လျှင်လ/န(၃၉) ခွင့်ပြုသည့် အမိန့်စာပူးတွဲတင်ပြရမည်။ |
(၆) | ရပ်ကွက်မှ တိုင်းဒေသကြီးအထိ အုပ်ချုပ်ရေးမှူးရုံးအဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲပါရှိရမည်(တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး(သို့) အစိုးရအဖွဲ့ရုံး၏ ထောက်ခံချက်ကို ဌာနမှအမှုတွဲဖြင့် ပေးပို့တင်ပြ တောင်းခံပါမည်။) |
(၇) | ရပ်ကွက်မှ တိုင်းဒေသကြီးအထိ သံဃ့နာယကအဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲပါရှိရမည်။ |
(၈) | သာသနာရေးဦးစီးဌာန (တိုင်းဒေသကြီးနှင့်ရုံးချုပ်)၏ သဘောထား မှတ်ချက်ပူးတွဲပါရှိရမည်။(ယင်းထောက်ခံချက်ကို ဌာနမှအမှုတွဲဖြင့်ပေးပို့ တောင်းခံမည်။) |
(၉) | လျှောက်ထားချိန်တွင် ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာတွင် (၁၄)ရက် အချိန်ပေး၍ ကြော်ငြာရမည်။ |
(၁၀) | အမှုတွဲကို တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရပါသည်။ |
(၁၁) | အခွန်လွတ်သာသနာမြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့်ရရှိပြီး ပါကမြေခွန်တော်၏အဆ(၂၀)ကျသင့်ငွေကို ကြိုတင်ပေးသွင်းရမည်။ မြေခွန်အဆ(၂၀)ပေးသွင်းပြီးပါက အခွန်လွတ်သာသနာ့ဂရန်ထုတ်ပေး ပါသည်။ |
၂။ သိမ်ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထားများ လိုအပ်ပါသည်-
(၁) | ဗဒ္ဓသိမ်လျှောက်သည့်မြေသည် အခွန်လွတ်သာသနာမြေဖြစ်ပြီးသည့် မြေဖြစ်ရမည်။ အခွန်လွတ်သာသနာ့ဂရန်ကို ပူးတွဲတင်ပြရမည်။ |
(၂) | သိမ်သမုတ်ရန်လျှောက်ထားရာတွင် ကျောင်းထိုင်ဆရာတော်ကြီးမှ လျှောက်ထားခြင်းမပြုဘဲ၊ သိမ်ဒကာမှလျှောက်ထားရမည်။ သို့ရာတွင် ကျောင်းထိုင်အမည်နှင့် ကျောင်းထိုင်ဆရာတော်ကြီး၏ ဘွဲ့နာမများကို လျှောက်လွှာတွင်ဖော်ပြပေးရမည်။ သတ်မှတ်ထားသည့် ရုံးခွန်တော် တံဆိပ်ခေါင်းကပ်ထားရမည်။ |
(၃) | ကျောင်းထိုင်ဆရာတော်ကြီးထံမှ သိမ်သမှတ်ရန်လျှောက်ထားခြင်းကို သဘောတူကြောင်း၊ ကျောင်းဝင်းအတွင်းတွင် သိမ်သမုတ်ရန် လိုအပ်ကြောင်း ထောက်ခံချက်ပါရှိရမည်။။ |
(၄) | လျှောက်ထားသည့်မြေ၏ မြေပုံ၊ မြေရာဇဝင်(၂)စုံပါရှိရမည်။ မြေယာပုံစံ (၁၀၅)မြေပုံအပြင်၊ သီးခြားစစ်ကြိုးဖြင့် တိုင်းတာသည့်မြေပုံတစ်ပုံပါရှိ ရမည်။ မြေပုံပေါ်တွင် ရုံးခွန်တော်တံဆိပ်ခေါင်းကပ်ထားရမည်။ |
(၅) | သိမ်သမုတ်ရန်လျှောက်ထားသည့်မြေကိုလိုအပ်သလိုအသုံးပြုရန်အလို့ငှာ အစိုးရထံသို့ ပြန်လည်အပ်နှံကြောင်းစာချုပ်ကို မှတ်ပုံတင်စာချုပ်စတမ်း ပြုလုပ်ပြီးအမှုတွဲတွင်တွဲရမည်။ |
(၆) | လျှောက်ထားသည့်မြေပေါ်တွင်ဆောက်လုပ်မည့်သိမ်၏ပုံစံ (Site Plan) ကိုရှေ့တည့်တည့်မှမြင်ရသောပုံစံနှင့် ဘေးတိုက်မြင်ရသောပုံစံ တစ်စုံစီ ပါရှိရမည်။ |
(၇) | ရပ်ကွက်မှ တိုင်းဒေသကြီးအထိ အုပ်ချုပ်ရေးမှူးရုံးအဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲပါရှိရမည်။ (တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး (သို့မဟုတ်) အစိုးရအဖွဲ့ရုံး၏ ထောက်ခံချက်ကိုဌာနမှ အမှုတွဲဖြင့်ပေးပို့ တင်ပြတောင်းခံပါမည်။) |
(၈) | ရပ်ကွက်မှ တိုင်းဒေသကြီးအထိ သံဃာ့နာယကအဆင့်ဆင့်၏ ထောက်ခံ ချက်များပူးတွဲပါရှိရမည်။ |
(၉) | သာသနာရေးဦးစီးဌာန (တိုင်းဒေသကြီးနှင့်ရုံးချုပ်)၏ သဘောထား မှတ်ချက်ပူးတွဲပါရှိရမည်။(ယင်းထောက်ခံချက်ကို ဌာနမှအမှုတွဲဖြင့် ပေးပို့တောင်းခံမည်။) |
(၁၀) | လျှောက်ထားချိန်တွင် ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာတွင် (၁၄)ရက် အချိန်ပေး၍ ကြော်ငြာရမည်။ |
(၁၁) | အမှုတွဲကို တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ပြည်ထဲရေးဝန်ဌာနသို့ တင်ပြရပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့် ရရှိပြီးပါက သိမ်ဂရန်ထုတ်ပေးနိုင်ပါသည်။ |
ဦးစီးဌာန: မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာနရှိ အခြားသော Topics များ
-
မြို့မြေငှားခွန်စည်းကြပ်ခြင်းနှင့်ကောက်ခံခြင်း
- 3085 hit(s)
-
အခွန်လွတ်သာသနာမြေနှင့် သိမ်ဂရန်လျှောက်ထားမှု
- 4116 hit(s)
-
မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း
- 6714 hit(s)
-
မြေတိုင်းတာခြင်း
- 5750 hit(s)
-
ဂရန်လျှောက်ထားခြင်း
- 13898 hit(s)
-
ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း
- 7381 hit(s)