Types: Topics
Categories: စည်ပင်သာယာရေး
agencies: တိုင်းစည်ပင်သာယာရေးအဖွဲ့

ရေပိုက်သွယ်တန်းခြင်းနှင့်ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းအတွက်
 

မြို့နယ်စည်ပင်သာယာရေး ကော်မတီသို့ခွင့်ပြုမိန့်တင်ပြရာတွင်ပါ၀င်ရမည့်အချက်များ

 

၁။ သတ်မှတ်လျှောက်လွှာ
၂။ တင်ပြလျှောက်ထားရမည့်ပုံစံနှင့် ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများ
    (က)    မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့တင်ပြရမည့်လျှောက်လွှာပုံစံ
    ( ခ)    မှတ်ပုံတင်မိတ္တူ
    ( ဂ)    အဆောက်အအုံတည်နေရာပြပုံ ( Building  Lay  Out  Plan )
    (ဃ)    လျှောက်ထားသူ၏ဝန်ခံကတိ
    ( င)    လျှောက်ထားသည့်နေအိမ်၏ မြေကွက်အမှတ်၊ ဉီးပိုင်အမှတ်၊ ဧရိယာတို့ ပါဝင်သော တစ်နှစ် အတွင်း ရေးဆွဲထားသည့်မြေစာရင်းပုံစံ( ၁၀၅)
၃။

ဆောင်ရွက်ရမည့်လုပ်ငန်း၊ဆောင်ရွက်ပုံနည်းလမ်းအဆင့်ဆင့်
    (က)    လျှောက်လွှာပုံစံတွင် လျှောက်ထားရမည့်အမည်နှင့်နေရပ်လိပ်စာများဖြည့်သွင်း၍ မှတ်ပုံတင် မိတ္တူနှင့်အတူ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး

              ဌာနသို့ လျှောက်ထားရမည်။
    ( ခ)    မြို့နယ်စည်ပင်သာယာရေးဌာနမှလျှောက်လွှာလက်ခံပါက လျှောက်ထားသူ၏ နေအိမ်သို့ ရေပေးရေးလုပ်ငန်းအင်ဂျင်နီယာမှရေသွယ်ရယူနိုင်မှု ရှိ/မရှိ

             ကွင်းဆင်းစစ်ဆေးတိုင်းတာ၍ ရရှိနိုင်ပါက တာ၀န်ခံအင်ဂျင်နီယာသို့တင်ပြပြီး စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် ဖြင့်ရေပိုက်သွယ်တန်းပြီး

             ဌာနသို့ ရေမီတာတန်ဘိုး၊ရေမီတာဆက်သွယ်ခအားဘဏ်သို့ ချလံဖြင့် ပေးသွင်းပြီးပါကရေပိုက်သွယ်တန်းပေးပြီး ရေမီတာတပ်ဆင်ပေးပါသည်။
    ( ဂ)    ဌာန၏ရေဖြန့်ပိုက်မှနေအိမ်သို့ အကွာအဝေးပေါ်မူတည်၍ ရေပိုက်များကို သတ်မှတ် အရွယ်အစားများအား အိမ်ရှင်မှ၀ယ်ယူပေးရပါမည်။

၄။ အခြားထောက်ခံချက်များ
    (က)    သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

 

Form Download:

 

လျှောက်လွှာဖောင် Download ရယူပါ။

 ဦးစီးဌာန: တိုင်းစည်ပင်သာယာရေးအဖွဲ့  

 

တိုင်းစည်ပင်သာယာရေးအဖွဲ့ရှိ အခြားသော Topics များ