Types: Topics
Categories: စည်ပင်သာယာရေး
agencies: မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

အခွန်လွတ်သာသနာမြေနှင့် သိမ်ဂရန်လျှောက်ထားမှု

 ၁။    အခွန်လွတ်သာသနာမြေ လျှောက်ထားမည် ဆိုပါက အောက်ဖော်ပြပါ အထောက်အထားများ လိုအပ်ပါသည်-

(၁) အခွန်လွတ်သာသနာမြေအဖြစ်ရလိုကြောင်း ဂေါပကအဖွဲ့(သို့မဟုတ်) သာသနာရေးအဖွဲ့အစည်း(သို့မဟုတ်) ကျောင်းထိုင်ဆရာတော်ကြီးမှ ကော်လိတ္တော် အရာရှိထံသို့သတ်မှတ်ထားသည့် ပုံစံများဖြင့် လျှောက် ထားရမည်။ လျှောက်လွှာပေါ်တွင်သတ်မှတ်ထားသည့် ရုံးခွန်တော် တံဆိပ်ခေါင်းကပ်ထားရမည်။
(၂) လျှောက်ထားသည့်မြေ၏ မြေပုံ၊ မြေရာဇဝင်(၂)စုံပါရှိရမည်။ မြေပုံပေါ် တွင်သတ်မှတ်ထားသည့် အခွန်တော်တံဆိပ်ခေါင်းကပ်ထားပါမည်။
(၃) လျှောက်ထားသည့် မြေပေါ်တွင် ဆောက်လုပ်ပြီး (သို့မဟုတ်) ဆောက်လုပ်ဆဲ(သို့မဟုတ်)ဆောက်လုပ်ကိုးကွယ်လိုသော ကျောင်း/ဇရပ် များ၏ပုံစံ(Site Plan)ကိုရှေ့တည့်တည့်မှ မြင်ရသောပုံစံနှင့် ဘေးတိုက် မြင်ရသော ပုံစံတစ်စုံစီပါရှိရမည်။
(၄) လျှောက်ထားသည့်မြေသည် ဘိုးဘပိုင်မြေများပေါ်တွင် ယင်းမြေကို ပိုင်ဆိုင်ခွင့်ရှိသူက အစိုးရထံသို့ ပြန်လည်အပ်နှံကြောင်း မှတ်ပုံတင် စာချုပ်စာတမ်းပါရှိရမည်။ ဂရန်ရရှိထားသောမြေဖြစ်လျှင် စာချုပ် စာတမ်းပြုလုပ်ရန် မလိုသော်လည်း အစိုးရသို့ပြန်လည် အပ်နှံကြောင်း ကြော်ငြာစာတမ်းကိုသာတင်ပြရမည်။ ဂရန်စာချုပ်မူရင်း တင်ပြရမည်။
(၅) လျှောက်ထားသည့်မြေသည် လယ်ယာမြေအမျိုးအစားဖြစ်လျှင်လ/န(၃၉) ခွင့်ပြုသည့် အမိန့်စာပူးတွဲတင်ပြရမည်။
(၆) ရပ်ကွက်မှ  တိုင်းဒေသကြီးအထိ အုပ်ချုပ်ရေးမှူးရုံးအဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲပါရှိရမည်(တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး(သို့) အစိုးရအဖွဲ့ရုံး၏ ထောက်ခံချက်ကို ဌာနမှအမှုတွဲဖြင့် ပေးပို့တင်ပြ တောင်းခံပါမည်။)
(၇) ရပ်ကွက်မှ တိုင်းဒေသကြီးအထိ သံဃ့နာယကအဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲပါရှိရမည်။
(၈) သာသနာရေးဦးစီးဌာန (တိုင်းဒေသကြီးနှင့်ရုံးချုပ်)၏ သဘောထား မှတ်ချက်ပူးတွဲပါရှိရမည်။(ယင်းထောက်ခံချက်ကို ဌာနမှအမှုတွဲဖြင့်ပေးပို့ တောင်းခံမည်။)
(၉) လျှောက်ထားချိန်တွင် ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာတွင် (၁၄)ရက် အချိန်ပေး၍ ကြော်ငြာရမည်။
(၁၀) အမှုတွဲကို တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြရပါသည်။
(၁၁) အခွန်လွတ်သာသနာမြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့်ရရှိပြီး ပါကမြေခွန်တော်၏အဆ(၂၀)ကျသင့်ငွေကို ကြိုတင်ပေးသွင်းရမည်။ မြေခွန်အဆ(၂၀)ပေးသွင်းပြီးပါက အခွန်လွတ်သာသနာ့ဂရန်ထုတ်ပေး ပါသည်။

 ၂။    သိမ်ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထားများ လိုအပ်ပါသည်-

(၁) ဗဒ္ဓသိမ်လျှောက်သည့်မြေသည် အခွန်လွတ်သာသနာမြေဖြစ်ပြီးသည့် မြေဖြစ်ရမည်။ အခွန်လွတ်သာသနာ့ဂရန်ကို ပူးတွဲတင်ပြရမည်။
(၂) သိမ်သမုတ်ရန်လျှောက်ထားရာတွင် ကျောင်းထိုင်ဆရာတော်ကြီးမှ လျှောက်ထားခြင်းမပြုဘဲ၊ သိမ်ဒကာမှလျှောက်ထားရမည်။ သို့ရာတွင် ကျောင်းထိုင်အမည်နှင့် ကျောင်းထိုင်ဆရာတော်ကြီး၏ ဘွဲ့နာမများကို လျှောက်လွှာတွင်ဖော်ပြပေးရမည်။ သတ်မှတ်ထားသည့် ရုံးခွန်တော် တံဆိပ်ခေါင်းကပ်ထားရမည်။
(၃) ကျောင်းထိုင်ဆရာတော်ကြီးထံမှ သိမ်သမှတ်ရန်လျှောက်ထားခြင်းကို သဘောတူကြောင်း၊ ကျောင်းဝင်းအတွင်းတွင် သိမ်သမုတ်ရန် လိုအပ်ကြောင်း ထောက်ခံချက်ပါရှိရမည်။။
(၄) လျှောက်ထားသည့်မြေ၏ မြေပုံ၊ မြေရာဇဝင်(၂)စုံပါရှိရမည်။ မြေယာပုံစံ (၁၀၅)မြေပုံအပြင်၊ သီးခြားစစ်ကြိုးဖြင့် တိုင်းတာသည့်မြေပုံတစ်ပုံပါရှိ ရမည်။ မြေပုံပေါ်တွင် ရုံးခွန်တော်တံဆိပ်ခေါင်းကပ်ထားရမည်။
(၅) သိမ်သမုတ်ရန်လျှောက်ထားသည့်မြေကိုလိုအပ်သလိုအသုံးပြုရန်အလို့ငှာ အစိုးရထံသို့ ပြန်လည်အပ်နှံကြောင်းစာချုပ်ကို မှတ်ပုံတင်စာချုပ်စတမ်း ပြုလုပ်ပြီးအမှုတွဲတွင်တွဲရမည်။
(၆) လျှောက်ထားသည့်မြေပေါ်တွင်ဆောက်လုပ်မည့်သိမ်၏ပုံစံ (Site Plan) ကိုရှေ့တည့်တည့်မှမြင်ရသောပုံစံနှင့် ဘေးတိုက်မြင်ရသောပုံစံ တစ်စုံစီ ပါရှိရမည်။
(၇) ရပ်ကွက်မှ တိုင်းဒေသကြီးအထိ အုပ်ချုပ်ရေးမှူးရုံးအဆင့်ဆင့်၏ ထောက်ခံချက်များပူးတွဲပါရှိရမည်။ (တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံး (သို့မဟုတ်) အစိုးရအဖွဲ့ရုံး၏ ထောက်ခံချက်ကိုဌာနမှ အမှုတွဲဖြင့်ပေးပို့ တင်ပြတောင်းခံပါမည်။)
(၈) ရပ်ကွက်မှ တိုင်းဒေသကြီးအထိ သံဃာ့နာယကအဆင့်ဆင့်၏ ထောက်ခံ ချက်များပူးတွဲပါရှိရမည်။
(၉) သာသနာရေးဦးစီးဌာန (တိုင်းဒေသကြီးနှင့်ရုံးချုပ်)၏ သဘောထား မှတ်ချက်ပူးတွဲပါရှိရမည်။(ယင်းထောက်ခံချက်ကို ဌာနမှအမှုတွဲဖြင့် ပေးပို့တောင်းခံမည်။)
(၁၀) လျှောက်ထားချိန်တွင် ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာတွင် (၁၄)ရက် အချိန်ပေး၍ ကြော်ငြာရမည်။
(၁၁) အမှုတွဲကို တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ပြည်ထဲရေးဝန်ဌာနသို့ တင်ပြရပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့် ရရှိပြီးပါက သိမ်ဂရန်ထုတ်ပေးနိုင်ပါသည်။

 

ဦးစီးဌာန: မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန