- Types: Topics
- Categories: စက်မှု့
- agencies: ဘွိုင်လာစစ်ဆေးရေးဌာန
အသုံးပြုခွင့်လက်မှတ်ပျက်ပြယ်သည့် ဘွိုင်လာကို ဆက်လက်အသုံးပြုလိုလျှင် လျှောက်ထား ရမည့် အချက်များ
သက်ဆိုင်ရာ စစ်ဆေးရေးမှူးသည် ပိုင်ရှင်၏ ဘွိုင်လာ ဆက်လက်အသုံးပြု လိုကြောင်း လျှောက်ထားချက်ကို လက်ခံရရှိလျှင် -
(၁) | လျှောက်လွှာလက်ခံရရှိသည့် နေ့ရက်မှစ၍ ၁၅ ရက်အတွင်း သတ်မှတ် ထားသော နည်းလမ်းနှင့်အညီ ဘွိုင်လာကို စစ်ဆေးပါသည်။ |
(၂) | စစ်ဆေးမည့် နေ့ရက်ကို အနည်းဆုံး ၅ ရက်ကြိုတင်၍ ပိုင်ရှင်ထံ ပုံစံ(၂)ဖြင့် အကြောင်းကြားပါသည်။ |
(၃) | သတ်မှတ်ထားသော စစ်ဆေးခကို ပေးသွင်းစေပါသည်။ |
(၄) | မှတ်ပုံမတင်ရသေးသော ဘွိုင်လာကို အသုံးပြုခွင့်လက်မှတ် ထုတ်ပေးသင့် သည်ဟု ယူဆပါက သင့်လျော်သော ခွင့်ပြုဖိအားဖြင့် ယာယီအသုံးပြုခွင့် လက်မှတ်ကို ပုံစံ(၃) ဖြင့် ထုတ်ပေးပါသည်။ ယင်းဘွိုင်လာနှင့်ပတ်သက် သည့်စစ်ဆေး တွေ့ရှိချက်များ၊ တွက်ချက်မှုများပါဝင်သည့် စစ်ဆေးမှု မှတ်တမ်းစာအုပ်များ၊ ခွင့်ပြုသင့်သည့်ဖိအား၊ မှတ်ပုံတင်စာအုပ်တို့ကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ စစ်ဆေးရေးမှူးချုပ်ထံ တင်ပြပါသည်။ |
(၅) | ဘွိုင်လာကို မှတ်ပုံတင်ခွင့်ပြုရန် မသင့်ဟု ယူဆလျှင် ပိုင်ရှင်ထံစာဖြင့် အမြန်ဆုံး အကြောင်းကြားရသည့်အပြင် စစ်ဆေးရေးမှူးချုပ်ထံ အစီရင်ခံ ရပါသည်။ |
(၆) | စစ်ဆေးရေးမှူးချုပ်က ဘွိုင်လာကို မှတ်ပုံတင်ခွင့်ပြုပါက သတ်မှတ်ထား သော မှတ်ပုံတင်ကြေး ပေးသွင်းစေပြီး ဘွိုင်လာတွင် မှတ်ပုံတင်အမှတ်ကို ထွင်းရန် ပုံစံ(၆) ဖြင့် အကြောင်းကြားပါသည်။ |
(၇) | ဘွိုင်လာကိုဆက်လက်အသုံးပြုရန် ခွင့်ပြုသင့်သည်ဟုယူဆပါက သတ်မှတ် သောခွင့်ပြုဖိအားဖြင့် ယာယီအသုံးပြုခွင့်လက်မှတ်ကို ပုံစံ(၃)ဖြင့် ထုတ်ပေး ပါသည်။ |
(၈) | အသုံးပြုခွင့်လက်မှတ်အသစ် ထုတ်ပေးသင့်သည်ဟုယူဆပါက ခွင့်ပြုသင့် သော သက်တမ်းနှင့် ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော အသုံးပြုခွင့် လက်မှတ်ပုံစံ(၄) တို့ကို ပူးတွဲ၍ စစ်ဆေးရေးမှူးချုပ်ထံ တင်ပြရပါသည်။ |
(၉) | အသုံးပြုခွင့်လက်မှတ် ထုတ်ပေးရန် သင့်မသင့်နှင့်စပ်လျဉ်း၍ ယာယီ အသုံးပြုခွင့်လက်မှတ် သက်တမ်းမကုန်မီ စစ်ဆေးရေးမှူးချုပ်ထံ တင်ပြရ ပါသည်။ |
Form Download: |
အသုံးပြုခွင့်လက်မှတ်ပျက်ပြယ်သည့် ဘွိုင်လာကို ဆက်လက်အသုံးပြုခြင်း |
ဦးစီးဌာန: စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဘွိုင်လာ စစ်ဆေးရေးဌာန
ဘွိုင်လာ စစ်ဆေးရေးဌာနရှိ အခြားသော Topics များ