Types: Topics
Categories: စက်မှု့
agencies: ဘွိုင်လာစစ်ဆေးရေးဌာန

ဘွိုင်လာမှတ်ပုံတင်ခြင်းနှင့် အသုံးပြုခွင့်ရရှိရေးအတွက်ဆောင်ရွက်ရမည့်နည်းလမ်းများ

 

ဘွိုင်လာကို အသုံးပြုခွင့်ရရှိရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းမှာ လုပ်ငန်း တစ်ရပ်ရပ်အတွက် ဘွိုင်လာကို အသုံးပြုလိုသူသည် အသုံးပြုခွင့်လက်မှတ် ရရှိရေးအတွက် သက်ဆိုင်ရာ စစ်ဆေးရေးမှူးထံ ပုံစံ(၁)ဖြင့် လျှောက်ထားရမည်။ မှတ်ပုံမတင်ရသေးသော ဘွိုင်လာကို အသုံးပြုခွင့် လက်မှတ်ရရှိရေးအတွက် သက်ဆိုင်ရာစစ်ဆေးရေးမှူးထံ လျှောက်ထား ရာတွင် လျှောက်လွှာနှင့်အတူ  ဘွိုင်လာနှင့် သက်ဆိုင်သည့် အောက်ပါ အထောက်အထားများနှင့် သက်သေခံလက်မှတ်များကို  ပူးတွဲတင်ပြရမည် -

(၁) ပြည်ပမှ တင်သွင်းလာသောဘွိုင်လာ သို့မဟုတ် ပြည်တွင်းတွင်ဝယ်ယူသော ဘွိုင်လာနှင့် သက်ဆိုင်သည့် အထောက်အထားစာရွက်စာတမ်းများ၊
(၂) ဘွိုင်လာထုတ်လုပ်ရာတွင် လိုက်နာခဲ့သော ထုတ်လုပ်မှုနှင့် စမ်းသပ်မှု စံချိန် စံညွှန်း သက်သေခံလက်မှတ်၊
(၃) ဘွိုင်လာထုတ်လုပ် ပြီးသည်အထိ အဆင့်ဆင့် စစ်ဆေးခဲ့ကြောင်းကို သက်ဆိုင်ရာ နိုင်ငံက တရားဝင်ထုတ်ပေးသော အာမခံလက်မှတ်၊
(၄) ဘွိုင်လာတွင် အသုံးပြုသောသံသား၏ ထုတ်လုပ်မှုနည်းစဉ်၊ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် စက်မှုဂုဏ်သတ္တိဆိုင်ရာ သက်သေခံလက်မှတ်များ၊
(၅) ဘွိုင်လာ၏ အသေးစိတ်ရေးဆွဲပုံစံ၊ ဂဟေဆက်ကြောင်းများကို ဓာတ်မှန် ရိုက်၍ စစ်ဆေးတွေ့ရှိချက်နှင့် အပူပြဂရပ်များ၊
(၆) ဘွိုင်လာထုတ်လုပ်သည့် ကုမ္ပဏီ၏ အမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့် အမှတ်စဉ်၊
(၇) ရည်ရွယ်တည်ဆောက်သည့်ဖိအား၊ ရေနွေးငွေ့ထုတ်လုပ်မှုပမာဏနှင့် အသုံး ပြုမည့် လောင်စာ၊
(၈) ဘွိုင်လာနှင့် တွဲဖက်အသုံးပြုသော ရေနွေးငွေ့ပိုက်များ တပ်ဆင်သွယ်တန်းပုံ အသေးစိတ် ရေးဆွဲထားသည့်ပုံစံ၊
(၉) စစ်ဆေးရေးမှူးချုပ်ကအခါအားလျော်စွာသတ်မှတ်သော အထောက်အထား နှင့်သက်သေခံလက်မှတ်များ။

 

 

Form Download:

ဘွိုင်လာကိုအသုံးပြုခွင့်ရရှိရေး

 ဦးစီးဌာန: စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဘွိုင်လာ စစ်ဆေးရေးဌာန