Types: Topics
Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
agencies: သစ်တောဦးစီး

ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များ

 

(၁) ပုဂ္ဂလိကကျွန်းစိုက်ခင်းတည်ထောင်လိုသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ လုပ်ငန်းဆောင်ရွက်လိုကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသို့ အဆိုပြုတင်ပြခြင်း။
(၂) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘောတူပါက မြေနေရာ အတည်ပြုရန် သက်ဆိုင်ရာပြည်နယ်/တိုင်း သစ်တောဦးစီးဌာန၏ သဘောထားမှတ်ချက် ရယူခြင်း။
(၃) လုပ်ငန်းရှင်၊ ကုမ္ပဏီအဖွဲ့အစည်းများမှ သစ်တောဦးစီးဌာန၏ အကြံဉာဏ်များရယူပြီး လုပ်ငန်းစီမံချက်ရေးဆွဲ၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြခြင်း။
(၄) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီမှ လုပ်ငန်းစီမံချက်ကို အတည်ပြုပါက ရှေ့နေချုပ်ရုံးသို့ စာချုပ်မှုကြမ်းအပေါ် သဘောထား မှတ်ချက်ရယူရန် တင်ပြခြင်း။
(၅) ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်နှင့်အတူ အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူရန် ဆောင်ရွက်ခြင်း။
(၆) အစိုးရအဖွဲ့မှ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေပုဒ်မ(၄)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုချင်းအလိုက် ပုဂ္ဂလိကျွန်း စိုက်ခင်း စိုက်ပျိုးတည်ထောင်ခွင့် အမိန့်ကြော်ငြာစာများ ထုန်ပြန်ကြေငြာခြင်း။
(၇) အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ ခွင့်ပြုချက် ထုတ်ပြန်ကြေညာခြင်း။
(၈) သစ်တောဦးစီးဌာနနှင့် လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းတို့ လုပ်ငန်းစီမံချက်ပါအတိုင်း နှစ်အလိုက်ဆောင်ရွက်မည့် ကျွန်းစိုက်ခင်းများကို စာချုပ်ချုပ်ဆိုခြင်း၊ ကျွန်းစိုက်ခင်းများကို အကောင်အထည်ဖော်စိုက်ပျိုးတည်ထောင်ခြင်း။

 

 

Form Download:

ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များ

ဦးစီးဌာန: သစ်တောဦးစီးဌာန