i1cover

သစ်တောဦးစီးဌာန

 

Category: သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန

နောက်ခံအခြေအနေ

နိုင်ငံတော်၏ သစ်တောများကို စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်ရန်အတွက် သစ်တောဌာနကို ၁၈၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုစဉ်က သစ်တောဌာန၏တာဝန်ဝတ္တရားများမှာ သဘာဝ သစ်တောကြီးများအား ပြုစုထိန်းသိမ်းခြင်းနှင့် အဖိုးတန် ကျွန်းနှင့်သစ်မာများကို စနစ်တကျ ထုတ်ယူသုံးစွဲရေးအတွက် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းများသာ ဖြစ်ပါသည်။ ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ် ရေးစနစ်သစ်အရ သစ်တောဌာနကို သစ်တောဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး သမားရိုးကျလုပ်ငန်း များဖြစ်သော သဘာဝတောများ ပြုစုထိန်းသိမ်းခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများကို စနစ် တကျထုတ်လုပ်ခြင်းများအပြင် သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများကိုပါ တိုးချဲ့ တာဝန်ယူ ဆောင်ရွက်ခဲ့ရပါသည်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့သည့်အပြင် စီမံကိန်းလုပ်ငန်းအသစ်များကိုလည်း တိုးချဲ့တာဝန်ယူ ဆောင်ရွက်ခဲ့ရပါသည်။ ပိုမိုတိုးတက်များပြားလာသည့် လုပ်ငန်းတာဝန်များကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။


၁၉၉၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရက လက်ခံကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေး မူဝါဒအရ သစ်အခြေခံသည့် ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်များပြားလာခြင်း၊ တိုးတက်များပြား လာသည့် လူဦးရေနှင့်အညီ သစ်တောထွက်ပစ္စည်းလိုအပ်ချက် များပြားလာခြင်း၊ ကမ္ဘာ့ဈေးကွက် တွင် သစ်ဝယ်ယူအား ကောင်းလာသည့်အတွက် သစ်ဈေးနှုန်းများ တစ်ရှိန်ထိုး တိုးတက်လာမှု ကြောင့် နည်းမျိုးစုံဖြင့် သစ်ခိုးမှုများ တိုးတက်များပြားလာခြင်း၊ သဘာဝတောများ ပျက်စီးလာမှု ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသများ ထိခိုက်ပျက်စီးလာခြင်း၊ သစ်တောကဏ္ဍ၏ အရေးပါမှုကို ပြည်သူလူထုသဘောပေါက်နားလည်မှု နည်းပါးသည့်အတွက် သစ်တောများကို စည်းကမ်းမဲ့စွာ ခုတ်ယူသုံးစွဲနေကြခြင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲခဲ့သော အုပ်ချုပ်ရေးစနစ်အရ ခရိုင်များ ဖွဲ့စည်းခဲ့သော်လည်း သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံတွင် ခရိုင်များ ဖွဲ့စည်းထားခြင်း မရှိသောကြောင့် ထိရောက်စွာ အုပ်ချုပ်နိုင်မှု မရှိခြင်း၊ သစ်တောသုတေသနဌာန လေ့လာတွေ့ရှိချက်များကို ပြည်သူလူထုအတွင်း လက်တွေ့အသုံးချနိုင်ရန် ဖော်ဆောင်ပေးမှု အားနည်းခြင်း၊ သစ်တောပညာဌာနကို သစ်တောတက္ကသိုလ်အဖြစ် ၁၉၉၂ခုနှစ်တွင် တိုးချဲ့ဖွဲ့စည်း ခဲ့ပြီး သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအောက်တွင် သွတ်သွင်းခဲ့သဖြင့် သစ်တော တက္ကသိုလ်၏ အုပ်ချုပ်မှုနှင့် ပညာသင်ကြားမှုအပိုင်းတွင် သစ်တောဦးစီးဌာနမှ ပံ့ပိုးပေးရန် လိုအပ်လာခြင်းတို့ကြောင့် စီမံခန့်ခွဲရေးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာန၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာန၊ ဘဏ္ဍာရေး ဌာန၊ ပြည်နယ်နှင့် တိုင်းသစ်တောဦးစီးဌာနများအပြင် စစ်ဆေးရေးဌာန၊ တိုးချဲ့ပညာပေးရေးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနတို့ဖြင့် သစ်တော ဦးစီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ခရိုင်အဆင့်ရုံးများကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ ပါသည်။
၁၉၉၆ ခုနှစ်တွင် တိရစ္ဆာန်ဥယျာဉ်များဌာနအား ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သစ်တောဦးစီးဌာနအား ဦးစီးရုံးချုပ်ရှိဌာနများအပါအဝင် တိုင်းနှင့် ပြည်နယ်ရုံး ၁၄ ရုံး၊ ခရိုင်ရုံး ၄၇ ရုံး ပါဝင်သော ဖွဲ့စည်းပုံအသစ်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

သစ်တောမူဝါဒ (၆)ချက်

(၁) ကာကွယ်ခြင်း
ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရမည်။
(၂) ထာဝစဉ် တည်တံ့စေခြင်း
လက်ရှိပြည်သူလူထုနှင့် နောင်လာနောက်သားများပါ သစ်တောများမှ ရရှိနိုင်တိုက်ရိုက်နှင့် သွယ်ဝိုက်သောအကျိုးများကို စဉ်ဆက်မပြတ် ခံစားနိုင်ကြစေရန် သစ်တောသယံဇာတ အရင်းအမြစ်များကို ထာဝစဉ်တည်တံ့စေရေးအတွက် ထိန်းသိမ်းရမည်။
(၃) အခြေခံစားဝတ်နေရေးလိုအပ်ချက်များဖြည့်ဆည်းပေးခြင်း
ပြည်သူလူထု၏လောင်စာ၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်။
(၄) စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း
သစ်တောသယံဇာတများမှရရှိနိုင်သည့် စီးပွားရေးအကျိုးအမြတ်တို့အား လူမူရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မထိခိုက်စေဘဲ အပြည့်အဝအသုံးချရန် စီမံရမည်။
(၅) သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများအသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်သွားရမည်။
ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရမည်။
(၆) ပြည်သူအတွင်း နိုးကြားထကြွသည့် အသိရှင်သန်နေစေခြင်း
နိုင်ငံတော်၏ လူမူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများသည် အဓိက အခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း နိုးကြားသည့်အထိ ရှင်သန်စေရန် စည်းရုံး လှုံ့ဆော် သွားရမည်။

အဓိကလုပ်ငန်းတာဝန်များ

(၁) ကျွန်းစိုပင်ထောင်ရိုက်မှတ်ခြင်း
(၂) သစ်မာပင်ထောင်ရိုက်မှတ်ခြင်း
(၃) ဓမ္မတာမျိုးဆက်ခြင်း
(၄) အုပ်မိုးကာဆိုင်းခြင်း
(၅) ပေါင်းသင်ရှင်းလင်းခြင်း
(၆) နွယ်ဖြတ်/ညောင်ပတ်လှဲခြင်း
(၇) သစ်တောလမ်းပြင်ဆင်ခြင်း
(၈) ကြိုးဝိုင်းနယ်နိမိတ်ပြင်ဆင်ခြင်း
(၉) အကွက်နယ်နိမိတ်ပြင်ဆင်ခြင်း
(၁၀) ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောဖွဲ့စည်းခြင်း
(၁၁) စိုက်ခင်းမီးကာကွယ်ခြင်း
(၁၂) သဘာဝတန်ဖိုးမြင့်စိုက်ပျိုးခြင်း
(၁၃) သဘာဝတောထိန်းသိမ်းခြင်း
(၁၄) စိုက်ခင်းတည်ထောင်ခြင်း
(၁၅) ပင်ကျပ်နှုတ်ခြင်း
(၁၆) သစ်တောမှုဖမ်းဆီးခြင်း
(၁၇) သစ်နှင့်သစ်တောထွက်ပစ္စည်းများစီမံအုပ်ချုပ်ခြင်း
(၁၈) သစ်အခြေပြုလုပ်ငန်းများစီမံအုပ်ချုပ်ခြင်း

ဦးစီးဌာနတွင် ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့်လုပ်ငန်းများ

(၁) ပုဂ္ဂလိကစိုက်ခင်းများတည်ထောင်ခြင်း
(၂) ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများတည်ထောင်ခြင်း
(၃) လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ခြင်းနှင့် ဖြန့်ဝေစိုက်ပျိုးခြင်း
(၄) သစ်နှင့်သစ်တောထွက်ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲခြင်း

 

     
  ရုံးလိပ်စာ

သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၏ ရုံးလိပ်စာ အမှန်မှာ (၆၈) လမ်း၊ လမ်း(၃၀)ထောင့်၊ စုပေါင်းရုံးဝန်းအတွင်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၃၆၃၅၂၊ ၀၂ ၃၆၃၅၅ 

  ဖက်(စ်)ဖုန်း  ၀၂ ၃၆၃၅၂
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ  www.fdmoecaf.gov.mm

  

Eservices   Topics
   
News