Types: Topics
Categories: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
agencies: ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ပထမတန်းစက်ခန်းအုပ် စာမေးပွဲဖြေဆိုရန်လိုအပ်ချက်များ

၁။ သင်္ဘောသားလုပ်သက်မှတ်တမ်းစာအုပ်တွင် စက်စွမ်းအား ၆၀ ကီလိုဝပ် အထက် ရှိသော ရေယာဉ်တွင် စက်ခန်းအုပ် (သို့) ၁၇၀ ကီလိုဝပ် အထက် ရှိသော ရေယာဉ်တွင် ဒုတိယတန်းစက်ခန်းအုပ်အဆင့်ဖြင့် လုပ်သက် (၁) နှစ် ရှိရမည်။
၂။ လက်ရှိလုပ်ကိုင်နေသည့် သင်္ဘော၏ သင်္ဘောသားစာရင်း ပုံစံ(င) မိတ္တူပါရှိရမည်။
၃။ ရေယာဉ်လိုင်စင် မိတ္တူ ပါရှိရမည်။
၄။ လက်ရှိသင်္ဘောပိုင်ရှင်/ဌာနဆိုင်ရာ၏ လုပ်သက်ထောက်ခံစာ ပါရှိရမည်။
၅။ နိုင်ငံသား မှတ်ပုံတင်မိတ္တူ တင်ပြရမည်။
၆။ ဒုတိယတန်းစက်ခန်းအုပ် လက်မှတ်မိတ္တူ တင်ပြရမည်။
၇။ အနောက်တိုင်းဝတ်စုံ(ကာလာ)၊ (အလျား ၁.၃"x အနံ ၁.၅")ဖြင့် ဓါတ်ပုံ (၈)ပုံ ပါရှိရမည်။

 

ဉီးစီးဌာန: ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

 

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Topic များ