- Types: Topics
- Categories: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး
- agencies: ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရေယာဉ်ကြီးကနဦးတိုင်းတာစစ်ဆေးမှု(Initial Survey) ခံယူရန် လျှောက်ထားခြင်း (ကုန်တင်၊ ခရီးသည်တင်၊ တွဲတွန်း / တွဲဆွဲ၊ OB၊ CB)
ရေယာဉ်ပိုင်ရှင်မှ ဆောင်ရွက်ရန်နှင့် လိုအပ်ချက်များ
၁။ | ပိုင်ရှင်၏လျှောက်လွှာ |
၂။ | ရေယာဉ်အသစ်တည်ဆောက်ခွင့်ပြုချက်ရရှိပြီးပါက ရေယာဉ်အားမှတ်ပုံတင်ရန်အတွက် ရေယာဉ်အမည် သတ်မှတ်သည့် စာရွက်စာတမ်းနှင့် အတည်ပြုရေယာဉ်ပုံစံ(၁)စုံတို့ဖြင့် ကနဦးလွန်းတင် စစ်ဆေးခံယူ ရပါမည်။ |
၃။ | ရေယာဉ်အား လွန်းတင်စစ်ဆေးပြီးပါက ကနဦးရေပေါ်စစ်ဆေးမှုခံယူရပါမည်။ |
၄။ | တပ်ဆင်ထားသည့် အင်ဂျင်စက်နံပါတ်ပါ ခဲခြစ် - ၄ ခု |
၅။ | ရေယာဉ်အုပ်၏လုပ်သက်မှတ်တမ်းစာအုပ်နှင့်လက်မှတ်မူရင်း |
၆။ | စက်ခန်းအုပ်၏လုပ်သက်မှတ်တမ်းစာအုပ်နှင့်လက်မှတ်မူရင်း |
၇။ | ဆီလောင်းတာဝန်ထမ်းဆောင်မည့်သူ၏မှတ်ပုံတင်မိတ္တူနှင့်ဓါတ်ပုံ(၃)ပုံ |
၈။ | သင်္ဘောသားတာဝန်ထမ်းဆောင်မည့်သူ၏မှတ်ပုံတင်မိတ္တူနှင့်ဓါတ်ပုံ(၃)ပုံ |
၉။ | ရေယာဉ်တစ်စီးတွင် သင်္ဘောသားဦးရေ(၅)ဦးအနည်းဆုံးထားရှိရမည်။ |
၁၀။ | စစ်ဆေးမှုခံယူပြီးသောရေယာဉ်အား ညွှန်ကြားရေးမှူး(အထက်မြန်မာပြည်)မှ လုံးပေါင်းတန်ချိန် တွက်ချက်၍ စစ်ဆေးချက်များနှင့်တကွ ရေယာဉ်နံပါတ်သတ်မှတ်ပေးပါရန် ရုံးချုပ်သို့တောင်းခံရပါသည်။ |
၁၁။ | ရေယာဉ်၏ တန်ချိန်အလိုက် စစ်ဆေးခ၊ မှတ်ပုံတင်ခ၊ တိုင်းတာစစ်ဆေးခ၊ တန်ချိန်တွက်ချက်ခနှင့် သူတစ်ပါးထိခိုက်မှု အာမခံကြေးများပေးသွင်းရပါမည်။ |
၁၂။ | ရုံးချုပ်မှ ရေယာဉ်နံပါတ်သတ်မှတ်ချက်ရရှိပြီးပါက ပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် (၃)လ သက်တမ်းရှိ ယာယီလိုင်စင်( Safety Certificate )ထုတ်ပေးသွားပါသည်။ |
၁၃။ | ယာယီလိုင်စင် ထုတ်ပေးပြီးပါက ပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်( Safety Certificate ) ရရှိနိုင်ရန် ရုံးချုပ်သို့ ဆက်လက်ပေးပို့ရပါသည်။ |
၁၄။ | ရုံးချုပ်မှ(၁)နှစ်သက်တမ်းရှိ ပြည်တွင်းရေကြောင်းသွားရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်(Safety Certificate) ရရှိပါက ယာယီလိုင်စင်နှင့်လဲလှယ်ပေးပါသည်။ |
ဉီးစီးဌာန: ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Topic များ
-
ရေယာဉ်ပြင်ဆင်ခြင်း
- 1471 hit(s)
-
ရေယာဉ်သစ်တည်ဆောက်ခြင်း
- 1483 hit(s)