- Types: Topics
- Categories: ဆောက်လုပ်ရေး
- agencies: မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
၀န်ထမ်းအိမ်ခန်းလျှောက်လွှာပုံစံ
မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာန၏ အိမ်ခန်းချထားရေးမူများ
(က) လျှောက်ထားခွင့်အရည်အချင်း
၁။ | ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်၍ အသက်(၁၈)နှစ်ပြည့်ပြီးသူ ၀န်ထမ်းတိုင်း လျှောက်ထားခွင့်ရှိသည်။ |
၂။ | လျှောက်ထားသူသည် အိမ်ခန်းတည်ရှိရာမြို့တွင် (အိမ်ပိုင်/မြေပိုင်) မရှိသောသူ ဖြစ်ရမည်။ |
၃။ | လျှောက်ထားသူသည် အမှန်တကယ်၀န်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာဌာန အကြီးအကဲ၏ ထောက်ခံချက်ပါရှိရမည်။ |
၄။ | မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ ချမှတ်ထားသော အိမ်ငှားစည်းကမ်းချက်များ ကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။ |
၅။ | မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာန၊ ဌာနဆိုင်ရာအိမ်ခန်းများတွင် တချိန်က အပြစ် ပေးခံရသူများမဖြစ်စေရ။ |
(ခ) ဦးစားပေးအစီအစဉ်
၁။ | အခြေခံပညာရေး၀န်ထမ်းများကို ဦးစားပေးအနေဖြင့်(၅၀%) ပထမဦးစားပေး ချထားရန်။ |
၂။ | လစာနည်း၀န်ထမ်းအား ဒုတိယဦးစားပေးချထားရန်။ |
၃။ | ၀န်ထမ်းလုပ်သက်များသူအား တတိယဦးစားပေးချထားရန်။ |
၄။ | လျှောက်ထားသူ၀န်ထမ်း၏ အိမ်ထောင်ဘက်သည်လည်း ၀န်ထမ်းဖြစ်ပါက စတုတ္ထ ဦးစားပေးအနေဖြင့်ချထားရန်။ |
Form Download: |
- ၀န်ထမ်းအိမ်ခန်းလျှောက်လွှာပုံစံ |
ဉီးစီးဌာန: မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနန