မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Category: ဆောက်လုပ်ရေးဝန်ကြီးဌာန
မျှော်မှန်းချက်
(၁) | တစ်နိုင်ငံလုံးလူနေမြို့ရွာများ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေနိုင်မည့်မြို့ပြစနစ် ပေါ်ထွန်းရန်။ |
(၂) | နိုင်ငံသားများအားလုံး လူနေမှုဘ၀မြင့်မားစေမည့် သင့်လျော်သောအိမ်ရာ များရရှိစေရန်။ |
မူဝါဒများ
(၁) | National Comprehensive Development Plan (NCDP)အား အထောက်အကူဖြစ်စေပြီး ရုပ်လုံးပေါ်စေမည့် မြန်မာနိုင်ငံအမျိုးသားအဆင့် နယ်မြေဒေသဖွံ့ဖြိုးရေးစီမံကိန်းစနစ်ပုံစံ(Myanmar National Spatial Development Plan)ရေးဆွဲရေး။ |
(၂) | အရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးချနိုင်မည့် ဘက်စုံမြေအသုံး ချမှုစီမံကိန်း(National Comprehensive Land Use Plan) ရေးဆွဲခြင်း လုပ်ငန်းတွင် မြို့ပြမြေအသုံးချမှုကိုပါ ပေါင်းစပ်ပါ၀င်၍ အနာဂတ်မြို့ပြဖွံ့ဖြိုး ရေးအတွက် အရန်မြေ(Reserved Land)များ စနစ်တကျလျာထားရေး။ |
(၃) | ိုင်းဒေသကြီးနှင့်ပြည်နယ်အကြား အချိုးကျမျှတစွာဘက်စုံတိုးတက်ဖွံ့ဖြိုး ရေး (Balanced Development)နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အထောက်အကူပြုနိုင်ရေးအတွက် ဖွံ့ဖြိုးလာမှုအလားအလာရှိသောနယ်မြေ များသာမကစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအရအရေးပါသော မြို့ပြဒေသများဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့ပြကွန်ယက်စနစ်ထူထောင်၍ မြို့ပြစီမံကိန်းများ ရေးဆွဲရေး။ |
(၄) | အမျိုးသားအိမ်ရာမူဝါဒ (National Housing Policy)ရေးဆွဲရေး။ |
(၅) | နိုင်ငံသားတိုင်းကောင်းမွန်သင့်လျော်သည့် အိမ်ရာများတွင် နေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်ရရှိရေးအတွက်ဖွံ့ဖြိုးတိုးတက်ရေး နည်းဗျူဟာများ (Develop ment Strategy) များချမှတ်ရေး။ |
(၆) | အိမ်ရာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာဥပဒေ လုပ်ထုံးလုပ်နည်းနှင့် ဖွဲ့စည်းပုံစနစ်ကို အားဖြည့်ခြင်းနှင့် စွမ်းဆောင်ရည်စဉ်ဆက်မပြတ်မြှင့်တင်ရေး။ |
(၇) | နိုင်ငံတစ်ဝှမ်း မြို့ပြစီမံကိန်းနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများ ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ထိရောက်စွာ အထူးပြုဆောင်ရွက် နိုင်မည့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးအဖွဲ့အစည်း၏ ဖွဲ့စည်းပုံစံကိုအားဖြည့်ရန် နှင့် စွမ်းဆောင်ရည်စဉ်ဆက်မပြတ်မြှင့်တင်ရေး။ |
ရည်မှန်းချက်
(၁) | National Comprehensive Development Plan (NCDP)အား အထောက်အကူဖြစ်စေပြီး ရုပ်လုံးပေါ်စေမည့် Spatial Development Plan ရေးဆွဲအကောင်အထည်ဖော်ရေး။ |
(၂) | ဒေသန္တရအဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်၊ မြို့ပြ အဆင့်နှင့် ကျေးလက်ဒေသအဆင့် နယ်မြေဒေသဖွံ့ဖြိုးရေး စီမံကိန်းများ Spatial Development Plan ကို Concept Plan, Structure Plan, Urban Development & Village Plan များဖြင့် စနစ်တကျရေးဆွဲ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြုပံ့ပိုးမည့်မြို့ပြစနစ်အခြေခံ အုတ်မြစ် ချမှတ်နိုင်ရေး၊၊ |
(၃) | မူဝါဒချမှတ်ခြင်းနှင့် အဖွဲ့အစည်းကို အားဖြည့်ပြင်ဆင်ဖွဲ့စည်းရေး။ |
(၄) | နိုင်ငံသားများအတွက် သင့်လျော်ကောင်းမွန်ပြီး၀ယ်ယူနိုင်စွမ်းရှိသောအိမ်ရာ များကို စဉ်ဆက်မပြတ်ရေရှည်ရှင်သန်စေနိုင်သော နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ရေး(Adequate and affordable Housing for People)။ |
(၅) | အိမ်ရာပိုင်ဆိုင်မှုအတွက် အထောက်အပံ့ဖြစ်စေမည့်ငွေကြေးစနစ်(Housing Financing Mechanism)အကောင်အထည်ဖော်ရေး၊ Construction Industry ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရေးနှင့်Proper Housing Delivery System ကို ပွင့်လင်းမြင်သာစွာ ကျင့်သုံးစေမည့် စနစ်များ ပေါ်ထွန်းရေး၊(ရှေ့ပြေးအိမ်ရာစီမံကိန်းအစီအစဉ်များ Pilot Project ဆောင်ရွက်ခြင်း)။ |
လုပ်ငန်းစဉ်များ
(၁) | အမျိုးသားအဆင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဗဟိုကော်မတီ (Urban and Housing Development Central Committee) ဖွဲ့စည်းခြင်း။ |
(၂) | Myanmar National Spatial Development Plan ရေးဆွဲရေး လုပ်ငန်းအဖွဲ့အစည်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၊ သက်ဆိုင်ရာ၀န်ကြီးဌာန အဖွဲ့အစည်းများနှင့်ပေါင်းစပ် ဖွဲ့စည်း ခြင်း။ |
(၃) | မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ( Department of Urban and Housing Development – DUHD ) သို့ အမည်ပြောင်းလဲဖွဲ့စည်းခြင်း။ |
(၄) | မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးတွင် စီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်မှု အား ကြပ်မတ်ကွပ်ကဲခြင်း၊ လုပ်ငန်းများကိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဖွဲ့စည်းပုံအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အထူးပြုမည့်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးများ ဖွဲ့စည်းဆောင်ရွက်ခြင်း။ |
(၅) | ၀င်ငွေအလွှာအမျိုးမျိုးအတွက် Affordable Housing ကို အမြောက်အများ ထုတ်လုပ်ဖြည့်ဆည်းနိုင်မည့် အများပိုင်အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးအဖွဲ့အား ပြည်ထောင်စု၀န်ကြီးဌာနကို ကျောထောက်နောက်ခံပြု၍ ဖွဲ့စည်းခြင်း။ |
(၆) | နိုင်ငံ၏ပကတိလူမှုစီးပွားရေး အခြေအနေနှင့်သင့်လျော်မည့် အိမ်ရာဘဏ္ဍာ ငွေစနစ်ကို ဆက်နွယ်သည့်အစိုးရအဖွဲ့အစည်းများ၊ပုဂ္ဂလိက အဖွဲ့အစည်း များ ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များပူးပေါင်း၍ထူထောင်ခြင်း။ |
(၇) | အိမ်ရာကဏ္ဍနှင့် Construction Industry ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက် ခြင်း (ဥပမာ - Professional Institutions – Board of Engineer , Board of Architect, Business Institutions )။ |
ဦးစီးဌာနတွင် ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ပေးရသည့် လုပ်ငန်း တာဝန်များ-
(၁) | မန္တလေးတိုင်းအတွင်းရှိ ၀န်ထမ်းများနေရေးအဆင်ပြေစေရန်အတွက် ဘဏ္ဏာရေး နှစ်အလိုက် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများတောင်းခံ၍ မြို့နယ်များ၌ မြေနေရာ ရရှိမှု့အပေါ်မူတည်၍ (၈)ခန်းတွဲ (၅)ထပ်၊ (၈)ခန်းတွဲ (၄)ထပ်၊ (၆)ခန်းတွဲ (၄)ထပ်၊ (၆)ခန်းတွဲ (၃)ထပ်၊ (၄)ခန်းတွဲ (၅)ထပ်၊ (၄)ခန်းတွဲ(၄)ထပ်နှင့် (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ် ခြင်း။ |
(၂) | ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးသော မြို့နယ်များရှိဝန်ထမ်းများအား နေရာ ချထားပေးနိုင်ရန်အတွက် လျှောက်လွှာများ လက်ခံခြင်း(ပူးတွဲပါလျှောက်လွှာပုံစံ) |
(၃) | မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၏လမ်းညွှန်မှုအရ အိမ်ခန်းချထားရေးမူဝါဒ နှင့်အညီ အိမ်ခန်းများနေရာချထားခြင်း။(ပူးတွဲပါအိမ်ခန်းချထားရေးမူ) |
(၄) | မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း( ၂၈ )မြို့နယ်တွင် တာဝန်ထမ်း ဆောင်နေကြသော ဝန်ထမ်းများနေရေး အဆင်ပြေစေရန်အတွက် မြို့နယ်အလိုက် မြေနေရာများရရှိရေး ဆောင်ရွက်လျှက်ရှိပါသည်၊၊အဆိုပါမြေရရှိမှသာလျှင်လက်ရှိ ဝန်ထမ်းဦးရေ၏(၅၀%)ထိသာ နေရေးအဆင်ပြေစေရေး ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်၊၊ |
ရုံးလိပ်စာ | ၆၆ လမ်း၊ ၁၆ လမ်းနှင့် ၁၉ လမ်းကြား၊ (အရှေ့ကျုံးလမ်း) အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊၊ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၂ ၄၀၆၁၁၇၁ |
|
ဖက်စ်ဖုန်း | ||
အီးမေးလ်လိပ်စာ | This email address is being protected from spambots. You need JavaScript enabled to view it. |
|
Facebook Page | - |
|
Website | www.ministry-construction.gov.mm |
Eservices | Topics | |
|
||
News | ||