Types: Topics
Categories: စည်ပင်သာယာရေး
agencies: မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း

 

၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့မြေများ ကိုပိုင်ဆိုင်ခွင့်ရှိသူများမှ အောက်ဖော်ပြပါအတိုင်း အကြောင်းအရာ အမျိုးမျိုးဖြင့် မြေပုံ၊ မြေရာဇ၀င်ရေးကူးခွင့် လျှောက်ထားလာပါက ပိုင်ဆိုင်မှု အထောက်အထား ပြည့်စုံခိုင်လုံလျှင် မြေပုံကို မြေယာပုံစံ (၁၀၅)ဖြင့်လည်းကောင်း၊ မြေရာဇ၀င်ကို မြေယာပုံစံ (၁၀၆)ဖြင့်လည်းကောင်း ရေးကူး ထုတ်ပေးပါသည်−

(က) ဘိုးဘပိုင်မြေ၊ ဂရန်မြေအမည်ပြောင်းရန်၊
(ခ) အရောင်းအဝယ်စာချုပ်၊ အပေးစာချုပ်၊ စွန့်လွှတ်စာချုပ်၊လှူဒါန်း စာချုပ်၊  အမွေဆက်ခံစာချုပ်၊ ပိုင်/ညာစာချုပ် ချုပ်ဆိုရန်၊
(ဂ) တရားရုံးတင်ပြရန်၊
(ဃ) ဘဏ်တွင် အာမခံအဖြစ်ထားရှိရန်(အာမခံထားရှိမည့်ဘဏ်အမည်အား တိကျစွာ ဖော်ပြပါမည်။)
(င) အိမ်ဆောက်မိန့်တင်ရန်နှင့် ရေမီတာလျှောက်ရန်။

 

 ၂။ အပိုဒ်(၁)ပါ အကြောင်းအရာများဖြင့် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာပါက အောက်ဖော်ပြပါ မြေပိုင်ဆိုင်ကြောင်းနှင့် အခြားအထောက် အထားများပါရှိရပါမည်။

(က) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊
(ခ) ဂရန်မြေဖြစ်ပါက ဂရန်စာချုပ်မိတ္တူမှန်၊
(ဂ) ဘိုးဘပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်မိတ္တူမှန်၊
(ဃ) ကာယကံရှင်ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်ပါက ကာယကံရှင် မှ လွှဲအပ်သည့် မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာ။

 

၃။ မြေပုံ၊ မြေရာဇဝင်လျှောက်ထားမှုများကို ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိ၊ အထောက်အထား ပြည့်စုံခိုင်လုံပါက အချိန်(၄)ရက်(သို့မဟုတ်) (၅)ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အမွေဆက်ခံ ပိုင်/ညာစာချုပ်ရန် အတွက်ဖြစ်ပါက သတင်းစာကြော်ငြာပြီး ကန့်ကွက်မှုမရှိမှဆောင်ရွက်ပေးပါသည်။

 Form Download:

 လျှောက်လွှာဖောင် Download ရယူပါ။

 ဉီးစီးဌာန: မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန