- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန
မြေတိုင်းတာခြင်း
၁။ မြေတိုင်းတာခြင်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) | လုပ်သားပြည်သူများမှ မိမိတို့ ပိုင်ဆိုင်သည့်မြေ၏နယ်နိမိတ်ကို သိလို၍ တိုင်းတာပေးခြင်း၊ |
(၂) | နယ်နိမိတ်အငြင်းပွာခြင်းဖြစ်၍ တိုင်းတာပေးခြင်း၊ |
(၃) | မြေအပ်ဝရမ်းအတွက် တိုင်းတာပေးခြင်း၊ |
(၄) | ဂရန်/ဘိုးဘပိုင်မြေတို့အား ဦးပိုင်ခွဲလို၍ တိုင်းတာပေးခြင်း၊ |
(၅) | လမ်းအူကြောင်းများ တိုင်းတာပေးခြင်း၊ |
(၆) | နိုင်ငံတော်ပိုင်မြေများအပေါ် ကျူးကျော်မှုများကို ဖယ်ရှားရန်အတွက် တိုင်းတာပေးခြင်း၊ |
(၇) | မြေကြီး၊မြေပုံကိုက်ညီမှုမရှိ၍အကွက်ကြီးများအလိုက်တိုင်းတာ ပေးခြင်း၊ |
(၈) | မီးလောင်မြေကို တိုင်းတာပေးခြင်း၊ |
(၉) | မှုခင်းများအတွက် တိုင်းတာပေးခြင်း၊ |
၂။ အထက်ဖော်ပြပါမြေတိုင်းတာမှုအမျိုးမျိုးအနက် ပုဂ္ဂလိကများမှ မြေတိုင်းတာ လို၍ လျှောက်ထားလာပါက အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲ တင်ပြရပါသည်-
(၁) | မြေအမည်ပေါက်သူ (သို့မဟုတ်)မြေအမည်ပေါက်သူထံမှ မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာရသူ၏ မှတ်ပုံတင်မိတ္တူ၊ |
(၂) | ဂရန်မြေဖြစ်ပါက ဂရန်စာချုပ်မိတ္တူ၊ |
(၃) | ဘိုးဘပိုင်မြေဖြစ်ပါက မှတ်ပုံတင်မိတ္တူ၊ |
(၄) | မြို့ကွက်သစ်မြေဖြစ်ပါက မြေချထားမိန့်၊ ငွေသွင်းပြေစာမိတ္တူ၊ |
(၅) | မီးလောင်မြေဖြစ်ပါက မီးလောင်မြေနေရာချထားမိန့်မိတ္တူ၊ |
မြေတိုင်းတာရာတွင် မြေကြီးမြေပုံမှန်ကန်ပြီး အရှုပ်အရှင်းမရှိလျှင် မြေပုံကို အခြေပြု၍ ပေးကြိုးဖြင့် တိုင်းတာပေးပါသည်။ မြေကြီးမြေပုံ မကိုက်ညီသည့် အကွက်များကို Total Station မှန်ပြောင်းဖြင့်တိုင်းတာ ပေးပါသည်။
လျှောက်လွှာဖောင် Download ရယူပါ။ |
ဉီးစီးဌာန: မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဦးစီးဌာန
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဦးစီးဌာနရှိ အခြားသော Topics များ
-
မြို့မြေငှားခွန်စည်းကြပ်ခြင်းနှင့်ကောက်ခံခြင်း
- 3021 hit(s)
-
အခွန်လွတ်သာသနာမြေနှင့် သိမ်ဂရန်လျှောက်ထားမှု
- 4041 hit(s)
-
မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း
- 6624 hit(s)
-
မြေတိုင်းတာခြင်း
- 5623 hit(s)
-
ဂရန်လျှောက်ထားခြင်း
- 13708 hit(s)
-
ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း
- 7266 hit(s)