- Types: Topics
- Categories: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
- agencies: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး
သံတမန်ဗီဇာ (Diplomatic Visa) ဖြင့် ဝင်ရောက်လာသူများအား နေခွင့်သက်တမ်း တိုးမြှင့်ခြင်း။
မြန်မာနိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် လာရောက်ကြသော နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံအဖွဲ့ဝင်များ၊ သံရုံးဝန်ထမ်းများ၊ ၄င်းတို့၏ မှီခိုသူ မိသားစုဝင်များအတွက် ပြည်တွင်းနေထိုင်ခွင့်သက်တမ်း တိုးမြှင့်နေထိုင်လိုပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ရပါသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခွင့်ပြုကြောင်း အကြောင်းပြန်ကြားစာ ရရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ နေခွင့်သက်တမ်း တိုးမြှင့်ပေးပါသည်။
(၁) | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခွင့်ပြုမိန့် |
(၂) | နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံချက် |
(၃) | သက်ဆိုင်ရာသံရုံးမှ လျှောက်လွှာ |
(၄) | Passport မူရင်း/မိတ္တူ |
(၅) | ဓါတ်ပုံ(၂)ပုံ |
Form Download : |
ဉီးစီးဌာန: လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန အခြားသော Topics များ
-
နိုင်ငံခြားသား မှတ်ပုံတင်မိတ္တူ ပြုလုပ်ခြင်း
- 2017 hit(s)
-
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
- 1899 hit(s)
-
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်း
- 2908 hit(s)
-
ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်း
- 2336 hit(s)
-
ပြည်ပြန်ဝင်ခွင်ဗီဇာ လျှောက်ထားခြင်း
- 2041 hit(s)