- Types: Topics
- Categories: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား
- agencies: လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားရုံး
ပြည်ဝင်ဗီဇာ(Entry Visa)/ လုပ်ငန်းဗီဇာ( Business Visa )/သာသနာရေးဗီဇာ (Meditation Visa) ဖြင့် ဝင်ရောက်လာသူများအား နေခွင့်သက်တမ်းတိုးမြှင့်ခြင်း။
ပြည်ဝင်ဗီဇာ (Entry Visa)/ လုပ်ငန်းဗီဇာ (Business Visa) ဖြင့် ဝင်ရောက်လာသူများ နေခွင့်သက်တမ်း ထပ်မံတိုးမြှင့်လိုပါက မြန်မာနိုင်ငံတွင် မိမိတို့လုပ်ငန်း ဆက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီ (သို့) အဖွဲ့အစည်းမှတဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့လည်းကောင်း၊ သာသနာရေးဗီဇာဖြင့် ဝင်ရောက်လာပြီး နေခွင့်ထပ်မံတိုးမြှင့်လိုပါက သက်ဆိုင်ရာ တရားရိပ်သာ(သို့) သာသနာပြုကျောင်းများ၏ ထောက်ခံစာဖြင့် သာသနာရေးဝန်ကြီးဌာနသို့လည်းကောင်း လျှောက်ထား ရပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှတစ်ဆင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ညှိနှိုင်း အကြောင်းကြားစာ ပေးပို့ရပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခွင့်ပြုကြောင်း အကြောင်းပြန်ကြားစာရရှိပါက လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ နေခွင့်သက်တမ်းတိုး ဆောင်ရွက်ပေးပါသည်။
(၁) | လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခွင့်ပြုမိန့် |
(၂) | သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ထောက်ခံချက် |
(၃) | ကုမ္ပဏီ Letter Head ဖြင့့််လျှောက်လွှာ/သက်ဆိုင်ရာ တရားရိပ်သာမှ လျှောက်လွှာ |
(၄) | သက်တမ်းရှိသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (လုပ်ငန်းဗီဇာအတွက်) |
(၅) | FRC မိတ္တူ (သက်တမ်းရှိပြီး) |
(၆) | Passport (မူရင်း/မိတ္တူ) |
(၇) | ဓါတ်ပုံ(၂)ပုံ |
Form Download : |
ဉီးစီးဌာန: လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး
လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန အခြားသော Topics များ
-
နိုင်ငံခြားသား မှတ်ပုံတင်မိတ္တူ ပြုလုပ်ခြင်း
- 1963 hit(s)
-
နိုင်ငံခြားသားကလေး မှတ်ပုံတင်ခြင်း
- 1865 hit(s)
-
နိုင်ငံခြားသားမှတ်ပုံတင် လျှောက်ထားခြင်း
- 2850 hit(s)
-
ဆက်လက်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ခြင်း
- 2307 hit(s)
-
ပြည်ပြန်ဝင်ခွင်ဗီဇာ လျှောက်ထားခြင်း
- 2019 hit(s)