သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်း ကိစ္စအတွက် လိုအပ်သော အချက်အလက်များ

 

၁။ အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်လျှောက်ထားရမည်။ အိမ်ထောင်ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင် ထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
၂။ သေဆုံးကြောင်း အထောက်အထားလက်မှတ် ပုံစံ-ထွေ-၂(က) သို့မဟုတ် သေဆုံးစာရင်း လက်မှတ်မူရင်း၊ မိတ္တူ ပါရှိရမည်။
၃။ တိုင်ကြားသူနှင့် သေဆုံးသူ အမည်ပါသော အိမ်ထောင်စုလူဦးရေ စာရင်း၊ အိမ်လက်ခံ မူရင်း မိတ္တူ ပါရှိရမည်။
၄။ သေဆုံးကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

 

Form Download : သေဆုံးသူ အမည်စာရင်း ပယ်ဖျက်ခြင်းဖောင်
  ကိုယ်စားလှယ်လွှဲစာဖောင်

                      ဉီးစီးဌာန: အမျိုးသားမှတ်ပုံတင်ရေး နှင့် နိုင်ငံသားမှတ်ပုံတင်ရေး ဦးစီးဌာန


အမျိုးသားမှတ်ပုံတင်ရေး နှင့် နိုင်ငံသားမှတ်ပုံတင်ရေး ဦးစီးဌာန Topic များ