မွေးဖွားသူ အမည်စာရင်းတိုးခြင်းကိစ္စအတွက် လိုအပ်သော အချက်အလက်များ
၁။ | အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်လျှောက်ထားရမည်။ အိမ်ထောင်ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ |
၂။ | အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။ |
၃။ | မိဘနှစ်ပါး၏ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူ ပါရှိ ရပါမည်။ |
၄။ | မိဘနှစ်ပါး အမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း၊ မိဘနှစ်ပါးသည် သီးခြား အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုစီ ရှိပါက လူဦးရေတိုးမည့် မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူနှင့် လူဦးရေ စာရင်းတိုးရန် မလိုသည့် မိဘ၏ အိမ်ထောင်စု လူဦးရေစာရင်းမိတ္တူ ပါရရှိရမည်။ |
၅။ | ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။ |
၆။ | မွေးဖွားကြောင်း အထောက်အထားလက်မှတ် ပုံစံ၊ ထွေ-၁(က) (သို့မဟုတ်) မွေးစာ ရင်းလက်မှတ် မူရင်းနှင့် မိတ္တူ ပါရှိရမည်။ |
Form Download : | မွေးဖွားသူအမည်စာရင်း တိုးခြင်းဖောင် |
ကိုယ်စားလှယ်လွှဲစာဖောင် | |
ဉီးစီးဌာန: အမျိုးသားမှတ်ပုံတင်ရေး နှင့် နိုင်ငံသားမှတ်ပုံတင်ရေး ဦးစီးဌာန
အမျိုးသားမှတ်ပုံတင်ရေး နှင့် နိုင်ငံသားမှတ်ပုံတင်ရေး ဦးစီးဌာန Topic များ
-
အိမ်ထောင်စုလူဦးရေ လျှော့ခြင်း
- 2768 hit(s)
-
အိမ်ထောင်စုလူဦးရေ တိုးခြင်း
- 5986 hit(s)
-
အိမ်ထောင်စုလိုက် ပြောင်းထွက်ခြင်း
- 3612 hit(s)
-
အိမ်ထောင်စုလိုက် ပြောင်းဝင်ခြင်း
- 3254 hit(s)
-
သီးခြားအိမ်ထောင်စုစာရင်း ခွဲထွက်ခြင်း
- 7078 hit(s)
-
သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်း
- 3206 hit(s)
-
မွေးဖွားသူ အမည်စာရင်း တိုးခြင်း
- 4325 hit(s)