- Types: Topics
- Categories: စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
- agencies: ကုန်သွယ်ရေး
ကုန်သွယ်မှုအခြေခံသင်တန်း
စီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များအား အိမ်နီးချင်းနိုင်ငံများရှိ လုပ်ငန်းရှင်များနှင့်ရင်ဘောင် တန်း၍ ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်စေရေးနှင့် ကုန်သွယ်မှုနှင့် ပတ်သက်သည့် အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရေးအတွက် မန္တလေးမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များအား ကုန်သွယ်မှုအခြေခံသင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်စသည့်ဌာနဆိုင်ရာမှကျွမ်းကျင်ပညာရှင်များ၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ နည်းပြများ လာရောက်၍ သင်ကြားပို့ချလျက်ရှိပါသည်။
ပို့ချသည့်ဘာသာရပ်များမှာ-
(၁) | ပို့ကုန်သွင်းကုန်လိုင်စင်ပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်း |
(၂) | ကုန်သွယ်မှုဆိုင်ရာဥပဒေများအကြောင်း |
(၃) | ကုန်သွယ်ရေးဆိုင်ရာကုစားမှုအစီအမံများနှင့်သွင်းကုန်မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေ(မူကြမ်း) |
(၄) | ကုန်သွယ်ရေးမူဝါဒလုပ်ထုံးလုပ်နည်းများနှင့် ဖြေလျော့ဆောင်ရွက်ပေးမှုများ |
(၅) | တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် (ITC) ခွင့်ပြုမှုများ |
(၆) | ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ |
(၇) | အာဆီယံတွင် မြန်မာနိုင်ငံမှပါဝင်ဆောင်ရွက်မှုနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း |
(၈) | ဝန်ဆောင်မှုကုန်သွယ်ရေး |
(၉) | အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုကုန်သွယ်ရေး |
(၁၀) | ပင်ရင်းနိုင်ငံစည်းမျဉ်း |
(၁၁) | ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ |
(၁၂) | အကောက်ခွန်သက်သာခွင့်ဆိုင်ရာ သက်သာခွင့်လက်မှတ်များအကြောင်း သိကောင်းစရာ |
(၁၃) | National Export Strategy |
(၁၄) | MOC Online Application & Export Import Licencing System |
(၁၅) | ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့WTO ၏ မူဘောင်အတွင်း မှ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု |
(၁၆) | မြန်မာနိုင်ငံနှင့် အိမ်နီးခြင်းနိုင်ငံများ/ ကုန်သွယ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ ဆောင်ရွက်ချက်များ |
(၁၇) | စီးပွားရေးလုပ်ငန်းများအတွက် ယှဉ်ပြိုင်မှုဥပဒေ |
(၁၈) | မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂၀၁၇ |
(၁၉) | မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေလုပ်ထုံးလုပ်နည်းများ |
(၂၀) | ပြည်တွင်းအခွန်ဆိုင်ရာ သိကောင်းစရာများ |
(၂၁) | မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ |
(၂၂) | International Trade and Banking Sector |
(၂၃) | စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ |
(၂၄) | MACCS ( Myanmar Automated Cargo Clearance System) |
(၂၅) | ED,IDထုတ်ပေးခြင်းနှင့်ကုန်ပစ္စည်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့် |
(၂၆) | မြန်မာအကောက်ခွန်ဥပဒေများ |
(၂၇) | အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်း |
(၂၈) | Market Intelligence |
(၂၉) | FDA အကြောင်းသိကောင်းစရာ |
(၃၀) | အလုပ်ရုံနှင့်အလုပ်သမားဥပဒေအကြောင်းသိကောင်းစရာ |
(၃၁) | The Role Of MRCCI For Private Sector Development in Myanmar |
(၃၂) | The Law of Comparative Advantage |
(၃၃) | Factor Endowments and the Heckscher-Ohlin Theory |
(၃၄) | Economic of Scale , Imperfect competition and International Trade |
(၃၅) | International Economic Trade Restrictions :Tariffs |
(၃၆) | To Be Competitive |
(၃၇) | Traditional Management to Modern Management |
ဦးစီးဌာန: ကုန်သွယ်ရေးဦးစီးဌာန