- Types: Topics
- Categories: စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
- agencies: ကုန်သွယ်ရေး
ကုန်သွယ်ရေးစခန်း(၄)ခုမှ ပို့ကုန်သွင်းကုန်လိုင်စင်များလျှောက်ထားခြင်း
ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(မန္တလေး) အနေဖြင့် ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များအား မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ တမူး ကုန်သွယ်ရေးစခန်း(၄) ခုမှတစ်ဆင့် တစ်ဖက်အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်နိုင်ရန်အတွက် ပို့ကုန်သွင်းကုန်လိုင်စင်များ ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
(၁) ပို့ကုန်လိုင်စင်များလျှောက်ထားရာတွင် ပါရှိရမည့်အချက်များ
(ကက) | ကုမ္ပဏီ Letter Head (မူရင်း)ပါ လျှောက်လွှာ |
(ခခ) | (၆၀၀)တန် တံဆိပ်ခေါင်းတပ် Online လျှောက်လွှာ |
(ဂဂ) | Invoice & Sale Contract (ပို့ကုန်လိုင်စင်အား Sale Contract မပါရှိပါက လည်းလျှောက်ထားခွင့်ပြုပါသည်။) |
(ဃဃ) | သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်လိုအပ်ပါကသက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်အထောက်အထား |
(၂) သွင်းကုန်လိုင်စင်များ လျှောက်ထားရာတွင် ပါရှိရမည့်အချက်များ
(ကက) | သွင်းကုန်လိုင်စင် Online လျှောက်လွှာ (၆၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်ပြီး) |
(ခခ) | Proforma Invoice မူရင်း/ Sale Contract အရောင်းအဝယ်စာချုပ် |
(ဂဂ) | သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်လိုအပ်ပါက သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်အထောက်အထား |
(၃) ပို့ကုန်သွင်းကုန်လိုင်စင် သက်တမ်းတိုးခြင်း
(ကက) | လိုင်စင်ထုတ်ပေးသည့်နေ့မှစ၍ (၃) လအထိ သတ်မှတ်ခွင့်ပြုပါသည်။ |
(ခခ) | သတ်မှတ်ထားသည့် သက်တမ်းအတွင်း အပြီးတင်ပို့ရန်ဖြစ်ပါသည်။ |
(ဂဂ) | ခွင့်ပြုထားသည့်လိုင်စင်သက်တမ်း(၃)လကုန်ဆုံးသည်နှင့် ယင်းပို့ကုန်သွင်းကုန် လိုင်စင်များသည် အလိုအလျောက်ပျက်ပြယ်ပါသည်။ |
(ဃဃ) | တင်ပို့ရန် ကျန်ရှိပါက လိုင်စင်သက်တမ်း တိုးမြှင့်ခြင်းကို ပထမအကြိမ်(၂) လ၊ ဒုတိယအကြိမ်(၁) လ ပေါင်း(၃) လ သက်တမ်းတိုးခွင့်ပြုပါသည်။ |
(ငင) | ဆန်လိုင်စင်လျှောက်ထားရာတွင် လိုင်စင်သက်တမ်းအား(၂)လ ခွင့်ပြုပါသည်။ (သက်တမ်းတိုးခွင့်မပြုပါ။) |
(စစ) | ဆန်ကွဲလိုင်စင်သက်တမ်းအား(၃) လခွင့်ပြုပါသည်။(သက်တမ်းတိုးခွင့်မပြုပါ။) |
ဦးစီးဌာန: ကုန်သွယ်ရေးဦးစီးဌာန