Types: Topics
Categories: စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
agencies: ကုန်သွယ်ရေး

တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ITC)ကတ်လျှောက်ထားခြင်း

 

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများအတွင်း ရှိ ကုမ္ပဏီတည်ထောင်ထားခြင်းမရှိသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းအားသတ်မှတ် ချက်နှင့်အညီ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်(ITC)ကတ် ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

(၁) တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် လျှောက်ထားခွင့်ရှိသူများ

(ကက)  တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ကိုအသက်(၁၈) နှစ်ပြည့် ပြီးသူ နိုင်ငံသားတိုင်းလျှောက်ထားနိုင်သည်။
(ခခ) လျှောက်ထားသူသည် ကုမ္ပဏီတည်ထောင်ပြီးသူ၊ ကုမ္ပဏီတွင်ဒါရိုက်တာအဖွဲ့ဝင် မဖြစ်ရန် လိုအပ်ပါသည်။
(ဂဂ) တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ဖြင့် ကုန်သွယ်မှုပြုရန် သတ်မှတ်ထားသည့်နယ်မြေအတွင်း နေထိုင်သူဖြစ်ရမည်။

 

(၂) တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် လျှောက်ထားခွင့်မရှိသူများ 

(ကက)  နိုင်ငံခြားသားများ
(ခခ) ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင် ထားပြီးသော ကုမ္ပဏီများမှ ဒါရိုက်တာအဖွဲ့ဝင်များ

 

(၃) တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် တင်ပြရမည့် အထောက်အထားများ

(ကက)  တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် မှတ်ပုံတင်လျှောက်လွှာ
(ခခ) နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကတ်ပြား(မူရင်း/ မိတ္တူ)
(ဂဂ) မှတ်ပုံတင်လျှောက်ထားသူနေထိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(မူရင်း/ မိတ္တူ)
(ဃဃ) အိမ်ထောင်စုဇယား ပုံစံ(၆၆/၆) (မူရင်း/ မိတ္တူ)
(ငင) သက်ဆိုင်ရာရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန် ကြောင်း ထောက်ခံချက် (မူရင်း/ မိတ္တူ)
(စစ) ပတ်စပို့အရွယ် ဓါတ်ပုံ(၃)ပုံ
(ဆဆ) ကုမ္ပဏီထူထောင်ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုချက်

 

(၄) တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် သက်တမ်းကာလနှင့် မှတ်ပုံတင်ကြေး

(ကက)  မှတ်ပုံတင်သက်တမ်းအား (၁) နှစ် ခွင့်ပြုပါသည်။
(ခခ) မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခြင်းအား တစ်ကြိမ်လျှင်(၁) နှစ် တိုးမြှင့်ခွင့်ပြုပါသည်။
(ဂဂ) မှတ်ပုံတင်ကြေးကို ကျပ် ၅၀၀၀ဝိ/ သတ်မှတ်ပါသည်။
(ဃဃ) မှတ်ပုံတင်သက်တမ်းတိုးကြေးကို (၁)နှစ်အတွက် ကျပ် ၅၀၀၀ဝိ/သတ်မှတ်ပါသည်။

 

(၅) တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်   ထားမှုကို တစ်ရက်လျှင် ကျပ် ၃၀၀၀၀၀ဝိ/- တန်ဖိုးနှုန်းဖြင့် (၅) ရက်စာ တစ်ကြိမ်တည်း ကျပ် သိန်း(၁၅၀) ခွင့်ပြုခဲ့ပါသည်။ (ပို့ကုန်သွင်းကုန်လိုင်စင်သက်တမ်း - ၁၄ ရက်)

   ဦးစီးဌာန: ကုန်သွယ်ရေးဦးစီးဌာန