Types: Topics
Categories: ဟိုတယ်နှင့် ခရီးသွားလာရေး
agencies: ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု

ဟိုတယ်ကြိုတင်တည်ဆောက်ခွင့်လျှောက်ထားခြင်း

 

ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းလုပ်ငန်းလိုင်စင်များ လျှောက်ထားရာတွင် ဆောက်လုပ် မည့်အဆောက်အဦများအတွက် အဆောက်အဦကြိုတင်ဆောက်လုပ်ခွင့်ကို ဦးစွာတင်ပြရမည်ဖြစ်ပြီး အဆောက်အဦကြိုတင်ဆောက်လုပ်ခွင့်ပြုချက် ရရှိပြီးမှသာ လုပ်ငန်းလိုင်စင်ကို လျှောက်ထားရမည် ဖြစ်ပါသည်။  အဆောက်အဦကြိုတင်ဆောက်လုပ်ခွင့် တင်ပြရာတွင် အောက်ပါအချက်များဖြင့် ပြည့်စုံစွာတင်ပြရမည်ဖြစ်ပါသည်။  လျှောက်လွှာပုံစံအား ပူးတွဲပါ ( ၂ ) ဖြင့် တင်ပြပါသည်။

ဟိုတယ်ကြိုတင်တည်ဆောက်ခွင့်လျှောက်ထားရာတွင် လိုအပ်ချက်များ

(၁)  ကာလကံရှင်၏လျှေက်လွှာ
(၂) ဤ၀န်ကြီးဌာန၏ အဆိုပြုလွှာပုံစံ ( Proposal )
(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ထောက်ခံချက်
(၄)

ပတ်၀န်းကျင်နေအိမ်များ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် ( ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတံဆိပ်နှင့် လက်မှတ်အပါအ၀င် )

(၅)

လိုင်စင်လျှောက်ထားရာ မြေနေရာပတ်၀န်းကျင်ပြမြေပုံ ( ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတံဆိပ်နှင့် လက်မှတ်အပါအ၀င် )

(၆)

လိုင်စင်လျှောက်ထားရာမြေနေရာပတ်၀န်းကျင်တွင် သာသနိကအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်ကြီးကျောင်း၊ ဗလီ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမရှိကြောင်းထောက်ခံချက်၊ ( အကယ်၍ ရှိခဲ့ပါက ဟိုတယ်အဆောက်အဦကြောင့် ၄င်းအဆောက်အဦနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအပေါ်ထိခိုက်မှုမရှိကြောင်း ထောက်ခံချက် )

 (၇) လိုင်စင်လျှောက်ထားသည့်ဟိုတယ်၏အကွက်ချပုံစံ ( Site Plan ) အဆောက်အဦပုံစံကြမ်း( ရှေ့/ဝဲ/ယာ )
 (၈)

အမှိုက်စွန့်ပစ်မှု၊ ရေဆိုးထုတ်စနစ်များကို ပုံများနှင့်တကွ ဖော်ပြပေးရန်၊

 (၉)

ကာယကံရှင်၏မှတ်ပုံတင်မိတ္တူ/ အိမ်ထောင်စုဇယားမိတ္တူ၊

 (၁၀)

မြေယာပိုင်ဆိုင်မှုအထောက်အထား၊ ဂရံ/ မြေစာရင်း ပုံစံ ၁၀၅/ ၁၀၆ မိတ္တူ၊

 (၁၁)

တိုင်း/ ခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်၊

 (၁၂)

တိုင်း/ ခရိုင်/ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်၊

 (၁၃)

သန့်ရှင်းရေးဌာန၏ ထောက်ခံချက်၊

 (၁၄)

မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ထောက်ခံချက်၊

 (၁၅)

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ထောက်ခံချက်၊

 (၁၆)

ပတ်၀န်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန၏ ထောက်ခံချက်၊

 (၁၇)

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်၊

 (၁၈)

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်၊

 (၁၉)

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်၊

 (၂၀)

လေကြောင်းဦးစီးဌာန၏ သတ်မှတ်အမြင့်ပေ လွတ်ကင်းကြောင်း ထောက်ခံချက်( ပုဂံ/ညောင်ဦး )

 (၂၁)

ရှေးဟောင်းသုတေသနဦးစီးဌာန ရှေးဟောင်းဇုံကင်းလွတ်ကြောင်း ထောက်ခံချက်( ပုဂံ/ ညောင်ဦး )

 (၂၂)

ဟိုတယ်ကြိုတင်ဆောက်မည့် မြေနေရာ၏ အထောက်အထားဓါတ်ပုံများ၊

 (၂၃)

Car Parking ထည့်သွင်းတည်ဆောက်တင်ပြရန်

 

   ဦးစီးဌာန: ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန