Types: Topics
Categories: တိုင်းဒေသကြီးအစိုးရအဖွဲ့
agencies: ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန

ဗီဒီယိုလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

 

မန္တလေးတိုင်းဒေသကြီးရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီသည် (အောက်ဖော်ပြပါ ဗီဒီယိုလုပ်ငန်းလိုင်စင်(၇)မျိုးအား ပြည်သူများသို့ ထုတ်ပေးလျက်ရှိပါသည်။

(က) ဗီဒီယိုထုတ်လုပ်ခြင်း

(ခ) ဗီဒီယိုရိုက်ကူးခြင်း

(ဂ) ဗီဒီယိုတည်းဖြတ်ခြင်း

(ဃ) ဗီဒီယိုတိတ်ခွေကူးယူခြင်း

(င) ဗီဒီယိုတိတ်ခွေဖြန့်ချီခြင်း

(စ) ဗီဒီယိုတိတ်ခွေငှားရမ်းခြင်း

(ဆ) ဗီဒီယိုပြသခြင်း

အထက်ပါ လုပ်ငန်းလိုင်စင်များ လျှောက်ထားလိုပါက အောက်ဖော်ပြပါ ပုံစံ (ဗီဒီယို-၁)ဖြင့် လျှောက်ထားနိုင်ပါသည်။

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ 

(၁)   လုပ်ငန်းသုံးပစ္စည်းများစာရင်း။
(၂)  လုပ်ငန်းပစ္စည်းများအတွက် ကျသင့်သော အကောက်ခွန် ပေးဆောင်ပြီးကြောင်း အထောက်အထား မိတ္တူများ။
(၃)  (လိုအပ်ပါက)လုပ်ငန်းသုံးပစ္စည်းများအတွက် တရား၀င်ပိုင်ဆိုင်ကြောင်း၊ သို့မဟုတ် တရားဝင် လက်ခံရရှိထားကြောင်း အထောက်အထားမိတ္တူများ။
(၄) လုပ်ငန်းသုံးစက်ပစ္စည်းများအတွက် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနက သတ်မှတ်ထားသည့် လိုင်စင်ခပေးဆောင်ပြီးကြောင်း အထောက်အထား မိတ္တူများ။
(၅) အမျိုးသားမှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ။
(၆) သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ထုတ်ပေးသော အကျင့်စာရိတ္တကောင်းမွန် ကြောင်း ထောက်ခံချက်။
(၇) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ ထောက်ခံချက်။
(၈)  ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟို ကော်မတီတို့က အခါအားလျော်စွာထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပါ မည်ဟူသော ဝန်ခံချက်

မှတ်ချက်။     ။ အပိုဒ်(၁)တွင် သက်ဆိုင်ရာ ဗီဒီယိုလုပ်ငန်းအမျိုးအစားကို ဖော်ပြရန်ဖြစ်သည်။

 Form Download:

ဗီဒီယိုလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

   ဦးစီးဌာန: တိုင်းဒေသကြီးရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန