တိုင်းဒေသကြီးရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန
Category: တိုင်းဒေသကြီးအစိုးရအဖွဲ့
ရည်ရွယ်ချက်
(၁) |
မြန်မာ့ ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါသည်။ |
ဆောင်ပုဒ်
(၁) |
''ရုပ်ရှင်သည် ပြည်သူ့ အတွက်'' ဖြစ်ပါသည်။ |
လုပ်ငန်းတာဝန်များ
(၁) |
ပြည်သူကို ပြန်ကြားပေးရန်၊ ပညာပေးရန် နှင့် ဖျော်ဖြေပေးရန်တို့ ဖြစ်ပါသည်။ |
ပြည်သူနှင့်ဆက်သွယ်ဆောင်ရွက်ပေးရမည့်လုပ်ငန်းတာဝန်များ
(၁) |
နိုင်ငံပိုင်ရုပ်ရှင်ရုံများအား လုပ်ငန်းရှင်ပြည်သူများသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေး ခြင်းလုပ်ငန်း။ |
(၂) |
နိုင်ငံပိုင်ရုပ်ရှင်ရုံများ၊ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချပြီးသော ရုပ်ရှင်ရုံများ နှင့် ပုဂ္ဂလိကရုပ်ရှင်ရုံ၊ လုပ်ငန်းရှင်များအား ရုပ်ရှင်ရုံလိုင်စင်များ ထုတ်ပေး ခြင်း။ |
(၃) |
နိုင်ငံပိုင်၊ အပြီးရောင်းနှင့် ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံများ၏ အဆောက်အဦး ကြံ့ခိုင်မှု၊ လုံခြုံရေး၊ မီးဘေးကာကွယ်ရေး၊ သန့်ရှင်းသပ်ယပ်မှု၊ အဆင့်မြင့် ရုပ်ရှင်ရုံ တွင် ရှိရမည့် ရုပ်ရှင်ရုံ အင်္ဂါရပ်များနှင့်ပြည့်စုံမှုရှိ- မရှိ၊ ရုံးလုပ်ငန်းစနစ်များကို လစဉ်၊ နှစ်စဉ် စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်း။ |
(၄) |
အများပြည်သူနှင့် ဝေးလံသော ဒေသများရှိ ပြည်သူများ၊ သဘာဝဘေးဒဏ် ခံစားနေရသော ပြည်သူများအတွက် စိတ်ဓါတ်ကြံ့ခိုင်မှုရှိစေရေးနှင့် ဖျော်ဖြေမှု ပေးရန်အတွက် မော်ကွန်းရုပ်ရှင်ပြသမှုလုပ်ငန်း။ |
(၅) |
ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ၊ နည်းဥပဒေများအရ မန္တလေးတိုင်းဒေသ ကြီး ဗီဒီယိုလုပ်ငန်း၊ စိစစ်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးတာဝန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဗီဒီယိုလုပ်ငန်းများအား စိစစ်ခြင်းနှင့် ကြီးကြပ်ခြင်းလုပ်ငန်းတာဝန်များ။ |
(၆) |
မန္တလေးတိုင်းဒသကြီးအတွင်းရှိ ဗီဒီယိုလုပ်ငန်း(၈)မျိုးအား လုပ်ကိုင်လိုသူ လုပ်ငန်းရှင်များသို့ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးပေးခြင်း၊ လိုင်စင်ရုတ်သိမ်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးလက်အောက်ရှိ မန္တလေးတိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ။ |
ရုံးလိပ်စာ | ၂၀ x ၂၁ လမ်းကြား၊ ၈၂ x ၈၃လမ်းကြား၊ ကိုယ်ပွားသတင်းစာတိုက်ဝင်းအတွင်း၊ ပုလဲငွေရောင်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် |
ဒုတိယညွှန်ကြားရေးမှူးရုံး(ဖုန်း) ၀၂-၄၀၆၀၅၁၄၊ ၀၉-၄၇၁၃၁၀၆၉ စီမံဌာနစိတ် - ၀၂-၄၀၆၀၂၉၃ ငွေစာရင်းဌာနစိတ် - ၀၂-၄၀၃၉၁၅၀ ရုပ်ရှင်ဌာနစိတ် - ၀၂-၄၀၃၉၁၅၂ ဗီဒီယိုဌာနစိတ် - ၀၂-၄၀၆၀၂၉၆ မော်ကွန်းဌာနစိတ် - ၀၂-၄၀၆၀၂၉၄ |
|
ဖက်(စ်) | ၀၂-၄၀၃၉၁၅၁ | |
အီးမေးလ် |
This email address is being protected from spambots. You need JavaScript enabled to view it. |
|
Social Link | ||
Eservices | Topics | |
|
||
News | ||