လျှပ်စစ် စစ်ဆေးရေးဌာန

i

Category: စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန

လျှပ်စစ် စစ်ဆေးရေးဌာနသို့ အောက်ဖော်ပြပါ လုပ်ငန်းများအား လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ဆေးပေးပါရန် လျှောက်ထားလိုပါက လျှောက်လွှာပုံစံများ ဖြင့်လျှောက်ထားနိုင်ပါသည် --

(၁) နိုင်ငံပိုင်စက်ရုံ
(၂) သမဝါယမပိုင်စက်ရုံ
(၃) ပုဂ္ဂလိကပိုင်စက်ရုံ
(၄) ရုပ်ရှင်ရုံ
(၅) သံဂဟေဆော်စက်
(၆) ဘက်ထရီအားသွင်းစက်၊
(၇) အပူပေးကိရိယာ
(၈) လျှပ်ထုတ်စက်
(၉) ဟိုတယ်/ဆေးရုံ
(၁၀) အဆင့်မြင့်ဈေးနှင့် ကုန်တိုက်
(၁၁) နိုင်ငံပိုင်အဆောက်အဦ
(၁၂) သမနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦ
(၁၃) ယာယီလျှပ်စစ်သွယ်တန်းမှု
(၁၄) ပါဝါမီတာအသစ်
(၁၅) ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ
(၁၆) ဓာတ်လိုက်မှု

အထက်ပါ လုပ်ငန်းများအနက် --

(၁) သံဂဟေဆော်စက်၊ ဘက်ထရီအားသွင်းစက်နှင့် အပူပေးကိရိယာတို့မှာ (၂) နှစ် တစ်ကြိမ်စစ်ဆေးရပါသည်။
(၂) ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ၊ ပါဝါမီတာအသစ်များမှာ လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့် ရရှိသူမှ တည်ဆောက်တပ်ဆင်ပြီးစီး၍ စစ်ဆေးပေးရန် အကြောင်းကြားလျှင် စစ်ဆေးရပါသည်။
(၃) နိုင်ငံပိုင် အဆောက်အဦများ သမနှင့်ပုဂ္ဂလိကပိုင် အဆောက်အဦများ နှစ်စဉ်/အခါအားလျော်စွာ ကျင်းပသည့် ပွဲတော်များနှင့် ယာယီဓာတ်အား သုံးစွဲသည့် နေရာများမှာ သက်ဆိုင်ရာတာဝန်ခံမှ လျှောက်ထားလျှင် စစ်ဆေးရပါသည်။
(၄) လျှပ်စစ်အန္တရာယ်နှင့်ဓာတ်လိုက်မှုကိစ္စရပ်များဖြစ်ပေါ်လာပါက သွားရောက် စစ်ဆေးရပါသည်။
(၅) ကျန်လုပ်ငန်းများမှာ (၁) နှစ် တစ်ကြိမ်စစ်ဆေးရပါသည်။

 

     
  ရုံးလိပ်စာ အမှတ် (၂၉)၊ သီတာအေး (၉၀၂) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း၊ (ရတနာပူရပြတိုက်အနီး)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၆၀၈၂၁ (လျှပ်စစ်/ဘွိုင်လာစစ်ဆေးရေးဌာန)

  အီးမေးလ်လိပ်စာ  This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ  www.disi.gov.mm

  

Eservices   Topics
 
News