mcdc

ဦးစီးဌာန၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန

ဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၇ ရက်။

  

သစ်ပင်ခုတ်ခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာချက်

 

(၁) မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မန္တလေးမြို့တော် စိမ်းလန်း သာယာ လှပရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မြို့တော်နယ်နိမိတ်အတွင်း သစ်ကိုင်းခုတ်ခြင်း၊ သစ်ပင်ခုတ်ခြင်း၊ သစ်ပင်ခုတ်ခြင်း ဆောင်ရွက်လိုပါက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်ကစားကွင်း များဌာနသို့ လျှောက်ထား ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ 
(၂)  သို့ပါ၍ မြို့တော်နယ်နိမိတ်အတွင်း အောက်ပါလုပ်ငန်းဆောင်ရွက်ခြင်းများအတွက် စီမံခန့်ခွဲရေး နည်းလမ်းအရ အောက်ဖော်ပြပါနှုန်းထားများအတိုင်း ဝန်ဆောင်ခနှင့် ဒဏ်ကြေးများပေးသွင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည် –

စဉ်  အကြောင်းအရာ  ကောက်ခံမည့်စျေးနှုန်း သစ်ပင်အစားထိုးစိုက်ရန်နေရာ  မှတ်ချက် 
အပင်သေး အပင်ကြီး ရှိ မရှိ
 ဝန်ဆောင်ခ (ပုဂ္ဂလိက အိမ်ဝင်းအတွင်း  ၂၀၀၀ဝိ/-  ၄၀၀၀ဝိ/-  အရိပ်ရ(၃)ပင်စိုက်ရန်  ပန်းအလှ(၃)အိုးစိုက်ရန်  
 သစ်ပင်ခုတ်ခြင်း(စည်ပင်မြေ/လမ်းမြေ) ၂၀၀၀ဝိ/-  ၃၀၀၀ဝိ/-      
 သစ်ကိုင်းခုတ်ခြင်းဒဏ်ကြေး  ၁၅၀၀ဝိ/-  ၁၅၀၀ဝိ/-      
 လမ်းလယ်ကျွန်းရှိကားတိုက် သစ်ပင်ပျက်စီးခြင်း  ၃၀၀၀ဝိ/-  ၅၀၀၀ဝိ/-      ဒဏ်ငွေမဆောင်ကတရားစွဲပါမည်။
 ခွင့်ပြုမိန့်မရှိသစ်ပင်ခုတ်ခြင်း ၃၀၀၀ဝိ/-   ၅၀၀၀ဝိ/-   အရိပ်ရ(၃)ပင်စိုက်ရန်  ပန်းအလှ(၃)အိုးစိုက်ရန်  

 

(၃) သစ်ပင်ခုတ်ခွင့်လျှောက်ထားရာတွင် အောက်ပါအချက်အလက်များတွဲ၍တင်ပြရန်ဖြစ်ပါသည်-
  (က) ဌာနမှူးလိပ်မူ၍ အိမ်ရှင်မှ လျှောက်လွှာ
  (ခ) မှတ်ပုံတင်မိတ္တူ
  (ဂ) အိမ်ထောင်စုဇယားမိတ္တူ
  (ဃ) ရပ်ကွက်ထောက်ခံစာမူရင်း
  (င) ခုတ်မည့်အပင်၏ဓါတ်ပုံ
(၄)

အထက်ပါအချက်များအား သိရှိလိုပါက (ဖုန်း-၀၉-၄၀၂၆၆၁၃၄၉)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၆၂x၆၃)လမ်းကြား၊(၄၀x၄၁)လမ်းကြား၊ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန၊မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ

  

ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန၏News များ