MPT logo

ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ၊ ၉ ရက်။

  

ခေတ်မီအိတ်ချိန်းစက် လဲလှယ်မည်ဖြစ်ပါသဖြင့် အောတိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲမည်

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ပိုမိုကောင်းမွန်သော အရည်အသွေးနှင့်ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်အော်တိုအိတ်ချိန်းအား ခေတ်မီအော်တိုအိတ်ချိန်းနှင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် လက်ရှိတပ်ဆင်သုံးစွဲနေသော အော်တိုတယ်လီဖုန်းနံပါတ်များ ပြောင်းလဲမည်ဖြစ်ပါသည်။ ပြောင်းလဲမည့်နေ့ရက်နှင့် တယ်လီဖုန်းနံပါတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ် အိတ်ချိန်းအမည် လက်ရှိအသုံးပြုနေသော တယ်လီဖုန်းနံပါတ် အသစ်ပြောင်းလဲမည့် တယ်လီဖုန်းနံပါတ် ပြောင်းလဲမည့် ရက်နှင့်အချိန်
ပလိပ်အိတ်ချိန်း ၀၆၆-၄၂××× ၀၆၆-၂၀၄၂××× ၁၅-၉-၂၀၁၇ (၂၄:၀၀) နာရီ

 

အဆိုပါဖုန်းအဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ အော်တိုတယ်လီဖုန်း အသုံးပြုသူများ အဆင်ပြေရန်အတွက် တယ်လီဖုန်းနံပါတ်အသစ် ပြောင်းလဲပြီးနောက် လက်ရှိတယ်လီဖုန်းနံပါတ် အဟောင်းသို့ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် အသစ်သို့ဖြစ်စေ ခေါ်ဆိုရရှိနိုင်မည့် (Call Forward) စနစ်အား (၁၆-၉-၂၀၁၇) ရက်မှ (၃၁-၁၂-၂၀၁၇) ရက်အထိ ဤရုံးမှ အခမဲ့ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။

စုံစမ်းရန်နံပါတ်များ၊ ၀၂-၆၀၀၀၇၊ ၀၂-၆၀၈၀၀၊ ၀၂-၄၀၀၀၀၀၀၊ ၀၂-၂၀၀၀၁၁၁

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မန္တလေးတိုင်းဒေသကြီး