မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Category: ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

   

 မူဝါဒများ

(၁) တယ်လီဖုန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံတည်ဆောက်မှုလုပ်ငန်းများ၊ဆက်သွယ်ရေး ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းများကို ပြည်တွင်း/ပြည်ပကုမ္ပဏီများအား Public, Private, Partnership (PPP) ပုံစံဖြင့် ပါဝင်ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း ပြည်တွင်း/ပြည်ပပုဂ္ဂလိကကဏ္ဍဆောင်ရွက်မှုနှင့် ရင်းနှီးမြှပ်နှံမှု ကိုတိုးမြှင့်ပါဝင်စေရေး။
(၂) နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီပြီးရွေးချယ်အသုံးပြုနိုင်သည့် ယှဉ်ပြိုင်မှုရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှပ်နှံ မှုများရရှိရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရေး။
(၃) နိုင်ငံတကာအတွေ့အကြုံရှိပြီး လက်ရှိ ဆက်သွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ပြည်တွင်း/ ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီကြီးများပါဝင်ဆောင်ရွက်ရန် နိုင်ငံတကာ Telecom Tender ခေါ်ယူရွေးချယ်၍ အပြိုင် Operator များဖြင့် ပြည်သူများစိတ်ကြိုက်ရွေးချယ်သုံး စွဲနိုင်မည့် နည်းလမ်းများကိုရှာဖွေဆောင်ရွက်သွားရေး။
(၄) ကျေးလက်နေပြည်သူများအထိ မိုဘိုင်းတယ်လီဖုန်းများအား အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်ရန်နှင့် မိုဘိုင်းတယ်လီဖုန်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပြည်သူများထံသို့ တပ်ဆင်ပေးသွားနိုင်ရေး။
(၅) 3G မိုဘိုင်းဖုန်းနှင့်အင်တာနက် အသုံးပြုနိုင်မည့် ကိစ္စရပ်များအပြင် ဆက်သွယ်ရေး ဝန်ဆောင် မှုများဖြစ်သည့် ICT Eco System ဖြစ်သော(ဥပမာ e-Govement, e-Visa, e-Procurement, e-License, e-Payment, Online Billing System etc.,) တို့ကိုလည်း အသုံးပြုနိုင်ရန်ဆောင်ရွက် သွားရေး။

 

ရည်မှန်းချက်များ

(၁) ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းနိုင်ငံတော်၏ တယ်လီဖုန်းသိပ်သည်းဆ (Tele Density) ၁၀ ရာ ခိုင်နှုန်း ရှိရာမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၇ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ၅၀ ရာခိုင်နှုန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအား ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို စိတ်ကြိုက်ရွေးချယ် အသုံးပြု နိုင်ရန်။
(၂) မြို့ပြတွင်သာမကကျေးလက်ဒေသအထိတယ်လီဖုန်းတိုးချဲ့ တပ်ဆင်သွားပြီးအင်တာနက် ထိုးဖောက်သုံးစွဲမှု ကို ၅၀ ရာခိုင်နှုန်းအထိလည်းကောင်းတိုးတက် သုံးစွဲနိုင်ရန်။
(၃) မြို့ပြနှင့်ကျေးလက် တယ်လီဖုန်းသိပ်သည်းဆ Density တစ်ပြိုင်နက် အချိုးညီ တိုးတက် စေရေးအတွက် မျှော်မှန်းချက်ထားဆောင်ရွက်ရန်။

 

လုပ်ငန်းစဉ်များ

(၁) Joint Operation လုပ်ငန်းများ လျင်မြန်သွက်လက်ပြီးအောင်မြင်စွာဆောင်ရွက်နိုင်စေရန်။
(၂) ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သောဆက်သွယ်ရေး ကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားရန်။
(၃) International Gateway တိုးချဲ့ခြင်းစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားရန်။
(၄) GSM/ UMTS မိုဘိုင်းတိုးချဲ့တပ်ဆင်ခြင်းစီမံကိန်းကို ဆောင်ရွက်သွားရန်။
(၅) ဖိုင်ဘာဆက်ကြောင်းနှင့် မိုက္ကရိုဝေဗ့်ဆက်ကြောင်းများတိုးချဲ့တပ်ဆင်ခြင်းစီမံကိန်းကိုဆောင်ရွက်သွားရန်။
(၆) SEA-ME-WE5 ရေအောက်ကေဘယ်လ်စနစ်စီမံကိန်းတို့ကိုဆောင်ရွက်သွားရန်။
     
  ရုံးလိပ်စာ တိုင်းဒေသကြီးမန်နေဂျာရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြား
လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၄၀၆၉၇၇၇
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ www.mpt.com.mm
   Social Link  www.facebook.com/mptofficialpage/   

 

Eservices   Topics
   
News