ဦးစီးဌာန၊ သစ်တောဦးစီးဌာန
သတင်းထုတ်ပြန်သည့် ရက်စွဲ ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင် လ၊ ၂၄ ရက်။
ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခြင်း နည်းစနစ်သင်တန်းများ ဖွင့်လှစ်ခြင်း
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထောင်ရေးစီမံကိန်း (MRRP) (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၁၅-၂၀၂၆ ခုနှစ်အထိ) (၁၀) နှစ်စာ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှလည်း (MRRP) လုပ်ငန်းများကို အကောင်အတည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်၊ MRRP လုပ်ငန်းစဉ်တွင်ပါဝင်သော ကျေးလက်နေပြည်သူလူထုမှ အဓိကပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ပြည်သူများ အသိပညာ ပြည့်ဝစေရေး မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျှက် ရှိပါသည်။
၂၀၁၇-၂၀၁၈ ခုနှစ်အတွက် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ
- ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းတည်ထောင်ခြင်း နည်းစနစ်သင်တန်း(၂)ကြိမ်နှင့်
- သစ်တောစိုက်ခင်း တည်ထောင်ခြင်းနှင့် ပျိုးဉယျာဉ်သင်တန်း (၃) ကြိမ်၊
စုစုပေါင်း သင်တန်း(၅) ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
သင်တန်း တစ်ကြိမ်လျှင် (၅) ရက်၊ ပြည်သူ(၄၀) ဦးဖြင့် ပုသိမ်ကြီးမြို့နယ်၊ CFDTC သင်တန်း ကျောင်းခွဲတွင် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။
စိတ်ပါဝင်စား၍ တက်ရောက်လိုပါက အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
လိပ်စာ - သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး (၆၈) လမ်း၊ လမ်း(၃၀)ထောင့်၊ စုပေါင်းရုံးဝန်းအတွင်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
၁။ | ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး | ၀၉-၂၀၀၀၄၅၂၊ ၀၂-၃၆၃၅၄၊ ၀၂-၃၆၃၅၂၊ ၀၂-၃၆၃၅၅ |
၂။ | လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မန္တလေးခရိုင် | ၀၉-၄၄၄၀၃၈၈၇၆ |
၃။ | လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် | ၀၉-၄၃၁၈၀၄၄၆ |
၄။ | လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ကျောက်ဆည်ခရိုင် | ၀၉-၅၁၂၉၈၆၇ |
၅။ | လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မိတ္ထီလာခရိုင် | ၀၉-၅၀၃၈၃၄၄ |
၆။ | လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ မြင်းခြံခရိုင် | ၀၉-၂၅၅၇၄၁၇၈၈ |
၇။ | လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ရမည်းသင်းခရိုင် | ၀၉-၄၄၄၀၀၂၇၅၄ |
၈။ | လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ညောင်ဦးခရိုင် | ၀၉-၄၂၀၇၃၈၀၈၅ |
အမှတ်စဉ် (၂) သင်တန်း (၂၄-၇-၂၀၁၇ရက်နေ့ မှ ၂၈-၇-၂၀၁၇ရက်နေ့ထိ) ဖွင့်ပွဲအခမ်းအနား
မှတ်တမ်းဓါတ်ပုံများ
(သစ်တောဦးစီးဌာန)
သစ်တောဦးစီးဌာန၏ News များ