ယာဉ်မတော်တဆမှုများ စစ်ဆေးခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းခြင်း
(၁) | အမှတ် (၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (မန္တလေး)အနေဖြင့် မန္တလေးခရိုင် (မန္တလေးမြို့ပေါ် (၇)မြို့နယ်)အတွင်း ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအား စစ်ဆေးစွဲတင်ခြင်း ဆောင်ရွက်ပါသည်။ ကျန်ခရိုင်/ မြို့နယ်များတွင် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့မှ စစ်ဆေးစွဲတင်ခြင်း ဆောင်ရွက်ပါသည်။ |
(၂) | မန္တလေးမြို့ပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက တယ်လီဖုန်းအမှတ်- ၀၂- ၆၀၂၃၁ (ယာဉ်မှုစစ်)နှင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားပါက တယ်လီဖုန်းအမှတ်- ၀၂- ၆၇၄၂၈ (တာ၀န်မှူး)သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါ သည်။ |
(၃) | မန္တလေးမြို့ပေါ်ရှိ အချက်ပြမီးပွိုင့်များ ချို့ယွင်းပါက မန္တလေးမြို့တော်စည်ပင်သာ ယာရေး ကော်မတီ အဆောက်အဦနှင့် ကုန်ရုံဌာန တယ်လီဖုန်းအမှတ်- ၀၂- ၃၆၁၇၁/ ၃၆၁၇၂/ ၃၆၁၇၃ (အိတ်ချိန်း)သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ |
(၄) | ယာဉ်မတော်တဆမှု ဖြစ်ပွားပါက အခင်းဖြစ်ပွားရာ အပိုင်နယ်မြေရဲစခန်းတွင် ပထမ သတင်းပေးတိုင်ချက် ရေးဖွင့်ပြီးနောက် ယာဉ်ထိန်းရဲတပ်ဖွဲ့/ နယ်မြေခံရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်ကာ ရဲလုပ်ငန်းများ ပြီးပြည့်စုံပါက ဥပဒေအကြံပြုချက် တောင်းခံပြီး သက်ဆိုင်ရာ မြို့နယ်တရားရုံးသို့ တရားစွဲတင်ခြင်းလုပ် ငန်းဆောင်ရွက်ပါသည်။ |
ဦးစီးဌာန: အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး)
အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး)ရှိ အခြားသော Topics များ
-
ဒဏ်ငွေဆောင်သူများ သိရှိရန်
- 1843 hit(s)
-
ယာဉ်လိုင်စင်အပျောက်လျှောက်ထားသူများ သိစေရန်
- 1709 hit(s)