အမှတ်(၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(မန္တလေး)
Category: လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန
ယာဉ်ထိန်းရဲတပ်ဖွဲ့ သမိုင်း
၁။ | မြန်မာနိုင်ငံတွင် ၁၉၀၅ ခုနှစ်မှစ၍ မော်တော်ယာဉ်အသုံးပြုခဲ့ပြီး ၁၉၁၄ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ၊ ၁၉၁၅ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေနှင့် ၁၉၃၅ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေများ ပြဌာန်းခဲ့ပြီး ကိုလိုနီခေတ်တစ်လျှောက်လုံး အသုံးပြုခဲ့ပါသည်။ |
၂။ | ၁၉၃၅ ခုနှစ်တွင် မော်တော်ဗဟီကယ်ပုလိပ် (Motor Vehicle Police) အဖွဲ့ကို အင်အား (၃၀)ဦးခန့်ဖြင့် ဒုတိယရဲမှူးတစ်ဦး အုပ်ချုပ်၍ စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ကုလားပုလိပ် အင်အား (၅၀)ခန့်ဖြင့် လက်ပြပုလိပ်အဖွဲ့ကို သီးခြားဖွဲ့၍ ရန်ကုန်မြို့၊ ယာဉ်အသွားအလာများသည့် လမ်းဆုံ (၉)ခု၌ လက်ပြထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် လက်ပြရဲ အင်အားမှာ (၁၀၀)ဦးခန့်ရှိလာခဲ့ပါသည်။ |
၃။ | ၄င်းတို့လက်ထက် ယာဉ်တိုက်မှုစစ်ဆေးရေး ဌာနစိတ်ကို တိုးချဲ့ဖွဲ့ခဲ့ပြီး ယာဉ်တိုက်မှု စစ်ဆေးခြင်းလုပ်ငန်းများ နယ်မြေရဲစခန်းမှ လွှဲပြောင်းရယူခဲ့ပါသည်။ လက်ပြရဲစခန်း၌ Traffic Control (ယာဉ်ထိန်းသိမ်းရေးအဖွဲ့)နှင့် Investigation (ယာဉ်တိုက်မှုစစ်ဆေးရေးအဖွဲ့)ဟူ၍ ဌာနစိတ် (၂)ခုဖြင့် ဆောင်ရွက်ခဲ့ရာမှ ၁၉၅၀ ပြည့်နှစ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုး ဖောက်မှု စစ်ဆေးသည့် (အမှုစစ်)လုပ်ငန်းအား လွှဲပြောင်းပေးခဲ့သဖြင့် ဌာနစိတ် (၃)ခုဖြစ်လာခဲ့ပါ သည်။ |
၄။ | ၁၉၅၁ ခုနှစ်တွင် နယ်မြေရဲစခန်းများမှ မော်တော်ဆိုင်ကယ်စီး ယာဉ်ထိန်းတာ၀န်ဆောင်ရွက် လိုသူ (၁၁)ဦးအား ရွေးချယ်၍ မော်တော်ဆိုင်ကယ်စီး ယာဉ်ထိန်းရဲများအဖြစ် စတင်တာ၀န်ထမ်းဆောင် စေပြီး မော်တော်ဆိုင်ကယ်စီးဌာနစိတ်ကိုပါ ဖွဲ့စည်းခဲ့ပါသည်။ |
၅။ | ၁-၁၀-၁၉၆၄ ရက်နေ့တွင် ယာဉ်ထိန်းရဲအင်အား (၃၀၀)ခန့်ရှိပြီး ရဲ၀န်ထောက်တစ်ဦး အုပ်ချုပ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်တွင် ယာဉ်ထိန်းဌာနခွဲတွင် ယာဉ်ထိန်းသိမ်းရေးအဖွဲ့၊ ယာဉ်မှုစစ်ဌာနစုကို ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကောင်စီ ဥက္ကဌကြီး၏ခရီးစဉ်တွင် ယာဉ်ရှင်းလင်းထိန်းသိမ်းရေးကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား (၆၀၀)ဦးသို့ တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၀ ခုနှစ်တွင် အမျိုးသမီးတပ်ဖွဲ့၀င်အင်အား (၁၂၅)ဦး တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် ဖွဲ့စည်းပုံအရ အင်အား (၁၃၅၆)ဦးဖြစ်သော်လည်း အင်အား (၆၆၃)ဦးဖြင့်သာ ဆောင်ရွက်ခဲ့ပါသည်။ |
၆။ | ရန်ကုန်နည်းတူ မန္တလေးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရန် လိုအပ်သဖြင့် ၁၉၈၃ ခုနှစ်တွင် အင်အား (၁၁၀)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၄-၆-၁၉၉၇ ရက်နေ့တွင် ကျင်းပသော အစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၁/၉၇)အရ ရဲမှူး ဦးစီး၍ တပ်ဖွဲ့၀င်အင်အား (၃၀၀)ဦး တိုးမြှင့်တာ၀န်ချ ထားဆောင်ရွက်လျှက်ရှိပါသည်။ |
၇။ | နေပြည်တော်နှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် ယာဉ်စည်းကမ်၊ လမ်းစည်းကမ် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန် ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သင့်လျော်သည့် တပ်ဖွဲ့၀င်များ စိစစ်ရွေးချယ်သင်တန်းပေး၍ တာ၀န်ပေးအပ်ခဲ့ပါသည်။ |
၈။ | နိုင်ငံတော်သမ္မတရုံး၏၂၀-၉-၂၀၁၂ ရက်စွဲဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းရန် ခွင့်ပြုပြီး ၈-၁၁-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၀/၂၀၁၂)အရ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားကို (၃၄၁၃)ဦးဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခွင့် ပြုခဲ့ပါသည်။ ၄င်းဖွဲ့စည်းပုံအရ ၁-၁-၂၀၁၃ ရက်နေ့မှစ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဒုတပ်ဖွဲ့ခွဲရုံးများ တပြိုင်နက်ဖွင့်လှစ်ကာ တပ်ဖွဲ့စု (၆၅)စုဖြင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းခြင်း ကြပ်မတ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ |
၉။ | ၁၅-၁-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)၏ ခွင့်ပြုချက်အရ ၆-၂-၂၀၁၅ ရက်နေ့မှစ၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို အင်အား (၅၆၂၀)ဦးဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (၁)ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (၃)ရုံး (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)၊ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (၁၅)ရုံး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၂၆)စုတို့ ဖြင့် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ |
၁၀။ | ၁၀-၉-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၅)၏ ခွင့်ပြုချက်အရ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (၅)ရုံးကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ရာ အရာထမ်း (၁၉၇)ဦး၊ အမှုထမ်း (၅၆၉၃)ဦး၊ စုစုပေါင်း (၅၈၉၀)ဦးတို့ ရှိလာပြီး ထပ်မံတိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ |
ရည်မှန်းချက်တာဝန် (၅) ရပ်
၁။ | ယာဉ်တိုက်မှု အန္တရာယ်မဖြစ်ပွားစေရန်နှင့် ယာဉ်ကြောပိတ် ဆို့မှု မရှိစေရန် ထိန်းသိမ်းကြပ်မတ်ခြင်း၊ |
၂။ | ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းပေးရန်၊ |
၃။ | ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြည်သူလူထုသို့ အသိ ပညာပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန်၊ |
၄။ | ဖြစ်ပွားသည့် ယာဉ်တိုက်မှုများအား စုံစမ်းဖော်ထုတ်တရားစွဲ တင်ပို့ရန်၊ |
၅။ |
အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်တော်ယာဉ်တန်း များ နှင့် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးရန်။ |
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ လုပ်ငန်းတာ၀န်(၆)ရပ်
၁။ | ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းစေပြီး ပြည်သူကိုအကာအကွယ်ပေးရန်။ |
၂။ | ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အများပြည်သူများလိုက်နာကြစေရန်နှင့် လိုက်နာမှု မရှိက ထိရောက်စွာအရေးယူရန်။ |
၃။ | လမ်းအသုံးပြုသူ ပြည်သူလူထု၊ ကျောင်းသား/သူများအကြား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဟောပြောရန်။ |
၄။ | အရေးကြီးပုဂ္ဂိုလ်များ၊ အထူးအခမ်းအနားများ၊ ဧည့်သည်တော်များအတွက် လုံခြုံ ချောမွေ့စွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးရာတွင် ပြည်သူလူထုအား အဆင်မပြေမှု အနည်းဆုံးဖြစ်စေရန်။ |
၅။ |
ပြည်သူလူထု၏ လိုအပ်ချက်များကို လျှင်မြန်ထိရောက်စွာ တုံ့ပြန်သည့်စိတ်ဓါတ်မျိုးဖြင့် ဆောင်ရွက်ပေး သွားရန်။ |
၆။ |
အခြေအနေအမျိုးမျိုးတွင် ရှိနေသည့် ဒုက္ခရောက်နေသော ပြည်သူများအား အကူအညီ ပေးရန်။ (ဥပမာ-ယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာရရသူများအား ချက်ခြင်း ရှေးဦးသူနာပြုစုပေးရန်နှင့် အနီးဆုံးဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးပို့ပေးရန်။) |
အဓိကလုပ်ငန်းတာ၀န် (၂)ရပ်
၁။ | ယာဉ်လမ်းရှင်းလင်းခြင်း |
၂။ | ယာဉ်စည်းကမ်း ထိန်းသိမ်းခြင်း |
“၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေ”
ပုဒ်မ- ၄၅ (က) | မော်တော်ယာဉ်မှတ်ပုံတင် မထားခြင်း။ ၄၅ (က)/ ၅၈ (က) |
ပုဒ်မ- ၄၅ ( ခ ) | အဝိုင်းသက်တမ်းကုန်/ သိမ်းဆည်းခံ/ ရပ်စဲခံ/ မပြုခြင်း။ ၄၅ (ခ)/ ၅၈ (က) |
ပုဒ်မ- ၄၅ ( ဂ ) | အုံနာဘုတ်ဖျက်သိမ်းခံ/ သက်တမ်းကုန်ခြင်း။ ၄၅ (ဂ)/ ၅၈ (က) |
ထောင်ဒဏ် (၁)လ၊ ဒဏ်ငွေ (၅၀၀၀ဝိ/-)၊ နှစ်ရပ်လုံး | |
ပုဒ်မ- ၄၆ |
ယာဉ်အာမခံမထားခြင်း။ ၄၆/ ၅၈ (က) |
ထောင်ဒဏ် (၁)လ၊ ဒဏ်ငွေ (၅၀၀၀ဝိ/-)၊ နှစ်ရပ်လုံး | |
ပုဒ်မ- ၄၇ (က) |
ယာဉ်မောင်းလိုင်စင်မပါ။ ၄၇ (က)/ ၆၂ |
ပုဒ်မ- ၄၇ (ခ) |
ယာဉ်မောင်းလိုင်စင်မရှိ။ ၄၇ (ခ)/ ၅၈ (က) |
ပုဒ်မ- ၄၇ (ဂ) |
ယာဉ်ပိုင်ရှင်မှ ယာဉ်မောင်းလိုင်စင် မရှိသူအား မောင်းခိုင်းခြင်း။ ၄၇ (ဂ)/ ၅၈ (က) |
ထောင်ဒဏ် (၁)လ၊ ဒဏ်ငွေ (၅၀၀၀ဝိ/-)၊ နှစ်ရပ်လုံး။ ပုဒ်မ- ၄၇ (က)မပါ | |
ပုဒ်မ- ၄၈ |
သတ်မှတ်လိုင်စင်ဖြင့် မမောင်းခြင်း။ ၄၈/ ၅၈ (က) |
ထောင်ဒဏ် (၁)လ၊ ဒဏ်ငွေ (၅၀၀၀ဝိ/-)၊ နှစ်ရပ်လုံး | |
ပုဒ်မ- ၄၉ (က) |
သတ်မှတ်အမြန်နှုန်းထက်ပိုမောင်း/ လျော့မောင်းခြင်း။ ၄၉ (က)/ ၅၈ (က) |
ပုဒ်မ- ၄၉ (ခ) |
အန္တရာယ်ဖြစ်စေသော ယာဉ်ကိုမောင်းခြင်း။ ၄၉ (ခ)/ ၅၈ (က) |
ပုဒ်မ- ၄၉ (ဂ) |
အရက်/ မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်ခြင်း။ ၄၉ (ဂ)/ ၅၈ (က) |
ထောင်ဒဏ် (၁)လ၊ ဒဏ်ငွေ (၅၀၀၀ဝိ/-)၊ နှစ်ရပ်လုံး | |
ပုဒ်မ- ၅၃ ( ဂ ) |
နံပါတ်ပြားအတု တပ်ဆင်မောင်းနှင်ခြင်း။ ၅၃ (ဂ)/ ၆၁ |
ထောင်ဒဏ် (၃)လ၊ ဒဏ်ငွေ (၁၀၀၀၀ဝိ/-)၊ နှစ်ရပ်လုံး | |
ပုဒ်မ- ၅၄ (က) |
စပယ်ယာလိုင်စင်မရှိဘဲ စပယ်ယာလုပ်ခြင်း။ ၅၄ (က)/ ၆၂ |
ပုဒ်မ- ၅၄ (က) |
စပယ်ယာလိုင်စင်မရှိဘဲ စပယ်ယာလုပ်ခြင်း။ ၅၄ (က)/ ၆၂ |
ပုဒ်မ- ၅၄ ( ခ ) |
ယာဉ်မောင်းရန် မသင့်လျော်သောအခြေအနေတွင် မောင်းခြင်း။ ၅၄ (ခ)/ ၆၂ |
ပုဒ်မ- ၅၄ ( ဂ ) |
ကုန်ပိုတင်ခြင်း။ ၅၄ (ဂ)/ ၆၂ |
ပုဒ်မ- ၅၄ (က) |
စပယ်ယာလိုင်စင်မရှိဘဲ စပယ်ယာလုပ်ခြင်း။ ၅၄ (က)/ ၆၂ |
ပုဒ်မ- ၅၄ (ဃ) |
ဆိုင်ကယ်စီး ဦးထုပ်မဆောင်း/ မေးသိုင်းကြိုးမတပ်ခြင်း။ ၅၄ (ဃ)/ ၆၂ |
ပုဒ်မ- ၅၄ ( င ) |
ထိုင်ခုံခါးပတ် မပတ်ခြင်း။ ၅၄ (င)/ ၆၂ |
ပုဒ်မ- ၅၄ ( စ ) |
လမ်းကူးသူ ဆိုင်ရာနေရာများတွင် စည်းကမ်းမလိုက်နာခြင်း။ ၅၄ (စ)/ ၆၂ |
ပုဒ်မ- ၅၄ (ဆ) |
ယာဉ်အမျိုးအမည်/ ရုပ်/ စက်/ အပိုင်းပြုပြင်ပြောင်းလဲခြင်း။ ၅၄ (ဆ)/ ၆၂ |
ပုဒ်မ- ၅၄ ( ဇ ) |
ဆိုင်ကယ်နောက်ကြည့်မှန် မပါ/ ပါဝါအိတ်ဇောတပ်ခြင်း။ ၅၄ (ဇ)/ ၆၂ |
ဒဏ်ငွေ (၃၀၀၀ဝိ/-)၊ ပုဒ်မ- ၄၇ (က) ပါ၀င်သည်။ | |
ပုဒ်မ- ၅၆ |
ဌာနတံဆိပ်/ စာရွက်စာတမ်းအား မသက်ဆိုင်သောယာဉ်တွင် သုံးစွဲခြင်း။ ၅၆/၆၄ |
ထောင်ဒဏ် (၆)လ၊ ဒဏ်ငွေ (၃၀၀၀၀ဝိ/-)၊ နှစ်ရပ်လုံး | |
ပုဒ်မ- ၅၇ |
အခြားသူ၏ ယာဉ်မောင်းလိုင်စင်/ စပယ်ယာလိုင်စင်အား အသုံးပြုခြင်း။ ၅၇/၆၂ |
ဒဏ်ငွေ (၃၀၀၀ဝိ/-) |
အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(မန္တလေး)၏ လိပ်စာ
၁။ | တပ်ဖွဲ့ခွဲမှူး | အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး) | စုပေါင်းရုံးဝင်းအတွင်း၊ လမ်း၃၀၊ ၆၈လမ်း၊ ချမ်းအေးသာစံမြို့နယ် | ၀၂ ၆၀၈၁၀ |
၂။ | ဒုတပ်ဖွဲ့ခွဲမှူး | အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး) | စုပေါင်းရုံးဝင်းအတွင်း၊ လမ်း၃၀၊ ၆၈လမ်း၊ ချမ်းအေးသာစံမြို့နယ် | ၀၉ ၂၀၆၀၃၇၇ |
၃။ | တာဝန်မှူး | အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး) | သမီးတော်စျေးရပ်၊ လမ်း၃၀၊ ၉၀လမ်း၊ ချမ်းအေးသာစံမြို့နယ် | ၀၂ ၆၇၄၂၈ |
၃။ | ယာဉ်မှုစစ် | အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး) | သမီးတော်စျေးရပ်၊ လမ်း၃၀၊ ၉၀လမ်း၊ ချမ်းအေးသာစံမြို့နယ် | ၀၂ ၆၀၂၃၁ |
ရုံးလိပ်စာ | လမ်း ၃၀/ ၆၈၊ ရုံးပေါင်းစုံ၀င်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။ | |
ဆက်သွယ်ရန်ဖုန်းနံပါတ် | ၀၉ ၂၀၆၀၃၇၇ |
|
အီးမေးလ်လိပ်စာ | |
|
Social Link | https://www.facebook.com/Mandalay-Traffic-Police-1441880199438788/ |
|
Eservices | Topics | |
|
||
News | ||