- Types: Topics
- Categories: စည်ပင်သာယာရေး
- agencies: အဆောက်အအုံနှင့်ကုန်ရုံဌာန
အထပ်မြင့်အဆောက်အအုံများအား စိစစ်ခွင့်ပြုရာတွင် လိုအပ်သောအချက်အလက်များ
(၁) | အထပ်မြင့်အဆောက်အအုံဆောက်လုပ်မည့် ၄င်းအဆောက်အအုံ၏ အလျားနှင့်အနံအချိုးသည် အနည်းဆုံး(၁:၁.၅)ရှိမှသာ သတ်မှတ်အထပ်အရေအတွက်အတိုင်း စိစစ်ခွင့်ပြုပါသည်။ |
(၂) | အဆောက်အအုံ၏ မျက်နှာပွင့်(အလျား)သည် ကျယ်ဝန်းပြီး အဆောက်အအုံ၏ (အနံ)သည် တိုသည့်ပုံသဏ္ဍာန်ဖြစ်ပါက ဆောက်လုပ်မည့် အဆောက်အအုံ၏ ပုံသဏ္ဍာန်နှင့် Conceptual Plan အားဌာနသို့ ဦးစွာတင်ပြရပါသည်။ ဌာနမှ သီးခြားစိစစ်၍ ခွင့်ပြုသင့်သည့် အဆောက်အအုံများကို ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုမိန့်ရရှိရေးဆောင်ရွက်ပါသည်။ |
(၃) | အထပ်မြင့်အဆောက်အအုံဆောက်လုပ်မည့်သူသည် ၄င်းဆောက်လုပ်မည့် အဆောက်အအုံနှင့် ပတ်သတ်သည့် Conceptual Plan ကို ကနဦးဌာနသို့ တင်ပြစေပြီး စိစစ်လက်ခံနိုင်မှသာ အထပ်မြင့် ဆောက်လုပ်ခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပါသည်။ |
(၄) | ထပ်တိုးဆောက်လုပ်ခွင့်ကိုလည်း အထက်အပိုဒ်(၃)ပါ Conceptual Plan တင်ပြစေ၍အများဆုံး(၂)ထပ်အထိသာ ထပ်တိုးလျှောက်ထားခွင့် ပြုမည်ဖြစ်ပြီး ထပ်တိုးအဆောက်အအုံဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ မူလတင်ပြသော အဆောက်အအုံဆောက်လုပ်ခွင့်ပုံစံတွင် Structure Designနှင့် ပတ်သက်၍ ထပ်တိုးမည့်အထပ်အရေအတွက်အတိုင်း ခွင့်ပြုထားမှသာ စိစစ်ဆောင်ရွက်ပါသည်။ |
(၅) | အထပ်မြင့်အဆောက်အအုံများတွင် Basement အား အထပ်အရေအတွက်တွင် ထည့်သွင်း မတွက်ချက်ထားသော်လည်း Mezzanine Floor ပါဝင်ပါက Mezzanine Floor အား(၁)ထပ်အဖြစ် သတ်မှတ်ရန်ဖြစ်ပါသည်။ |
(၆) | (၄)ထပ်နှင့်အထက် အဆောက်အအုံများတွင် အနည်းဆုံး (Plinth Level) ၁'-၀" ဆောင်ရွက်ပြီး၊ (G.F Level) မှစ၍ (Total Height) ၆၂'-၀" ကျော်လွန်ပါက ဓါတ်လှေကားတပ်ဆင်၍ တင်ပြဆောင်ရွက်ရမည်ဖြစ်ပါသည်။ |
(၇) | (၄)ထပ်နှင့်အထက် အဆောက်အအုံများတွင် အရှေ့ဘက်ပင်မလှေခါးအပြင် အရေးပေါ်အသုံးပြုနိုင်ရေးအတွက် မီးသတ်လှေခါးအား အလွယ်တကူဆင်းနိုင်ရန်အတွက် ထည့်သွင်းတင်ပြဆောင်ရွက်ရမည်ဖြစ်ပါသည်။ |
(၈) | ဆောက်လုပ်ခွင့်လျှောက်ထားသည့် အဆောက်အအုံအား အသုံးပြုရန် ရည်ရွယ်ချက်ကို တိကျစွာ ဖော်ပြရမည်ဖြစ်ပါသည်- |
စီးပွားရေးအဆောက်အအုံ | |
(က) ပစ္စည်းရောင်းချမည့် Show Room များ ဆောက်လုပ်ပါက ဆောက်လုပ်မည့်သူသည် ၄င်းဆောက်လုပ်မည့် အဆောက်အအုံနှင့် ပတ်သက်သည့်Conceptual Planကို ကနဦးဌာနသို့ တင်ပြစေပြီး လက်ခံနိုင်မှသာ ဆောက်လုပ်ခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရပါသည်။ | |
(ခ) ပစ္စည်းရောင်းချမည့်Show Room များဆောက်လုပ်ပါက အောက်ပါစည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ပါသည်။ - စားသုံးသူများလာရောက်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်၊ စက်တပ်ယာဉ်များရပ်နားရန် နေရာပါရှိရမည်ဖြစ်ပါသည်။ | |
(ဂ) မိမိရောင်းဝယ်သည့်ပစ္စည်းများသိုလှောင်ထားရှိရန်အတွက် ဆောက်လုပ်မည်ဆိုပါက အောက်ပါစည်းကမ်းချက်များကို လိုက်နာရန် လိုအပ်ပါသည်- - အဆောက်အအုံသို့ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော ဆက်စပ်လမ်းများ ဖော်ပြပါရှိရမည်ဖြစ်ပါသည်။ - မီးဘေးအန္တရာယ်ကာကွယ်တားဆီးနိုင်ရေးအတွက် အဆောက်အအုံအတွင်း မီးသတ်ပိုက်များ (Sprinkler) များ(Fire Alarm) များပါဝင်ရပါသည်။ |
|
(ဃ) ဟိုတယ်၊ ဆေးရုံနှင့် ဆေးခန်းများဆောက်လုပ်မည်ဆိုပါက ကားရပ်နားရန်အတွက်လုံလောက်သည့် ဧရိယာပါရှိရပါသည်။ | |
(င)(၄)ထပ်နှင့်အထက်အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်- - ကားရပ်နားရန်ဧရိယာကိုအဆောက်အအုံ Effective Plinth Area စုစုပေါင်း၏ ၂၀% ပါရှိရန်လိုအပ်ပါသည်။ |
|
Effective Plinth Area Residential - Living Room, Bed Room, Dining Room, Shrine (Not including Parking Area) Eco Purpose |
အဆောက်အအုံနှင့်ကုန်ရုံဌာနမှ စိစစ်ခွင့်ပြုပေးလျက်ရှိသည့် အဆောက်အအုံများ၏ မျက်နှာပွင့်အကျယ်နှင့် အထပ်အမြင့်သတ်မှတ်ချက်များ
အဆောက်အအုံမျက်နှာပွင့်အကျယ် | ခွင့်ပြုမည့်အထပ်အရေအတွက်နှင့် အဆောက်အအုံအမြင့် (အဆောက်အအုံအမြင့်ဆိုသည်မှာ Plinth ခုံမှ Roof Beam, Tie Beam အထိ အမြင့်ကို ဆိုလိုပါသည်။) လူနေအိမ်အတွက်သာဖြစ်ပါသည်။ |
၈ပေမှ ၁၀ပေ အောက် |
(၂)ထပ် ( RC အဆောက်အအုံမဖြစ်ရ၊ အမိုးမှာ သွပ်အမိုးဖြစ်ရမည်။) အများဆုံး ၂၃ ပေ |
၁၀ပေ မှ ၁၆ ပေအောက် |
(၂)ထပ်၊ အများဆုံး ၂၃ ပေ |
၁၆ ပေ မှ ၁၉ပေ အောက် |
(၃)ထပ်၊ အများဆုံး ၃၄ ပေ |
၁၉ ပေမှ ၂၃ ပေ အောက် |
(၄)ထပ်၊ အများဆုံး ၄၅ပေ |
၂၃ ပေမှ ၂၆ပေ အောက် |
(၅)ထပ်၊ အများဆုံး ၅၆ပေ |
၂၆ ပေမှ ၂၉ပေ အောက် |
(၆)ထပ်၊ အများဆုံး ၆၇ပေ |
၂၉ ပေမှ ၃၁ပေ အောက် |
(၇)ထပ် |
၃၁ ပေမှ ၃၄ပေ အောက် |
(၈)ထပ် |
၃၄ ပေမှ ၃၇ပေ အောက် |
(၉)ထပ် |
၃၇ ပေမှ ၄၀ပေ အောက် |
(၁၀)ထပ် |
၄၀ ပေမှ ၄၃ပေ အောက် |
(၁၁)ထပ်၊ |
၄၃ ပေမှ ၄၅ပေ အထိ |
(၁၂)ထပ်၊ |
အဆောက်အအုံ၏ အရပ်အမြင့်အား ဌာနမှသတ်မှတ်ထားသည့် အရပ်အမြင့်အတိုင်းတည်ဆောက်ရပါမည်။
|
လျှောက်လွှာဖောင် download ရယူပါ။ |
ဦးစီးဌာန: အဆောက်အအုံနှင့်ကုန်ရုံဌာန
အဆောက်အအုံနှင့် ကုန်ရုံဌာနရှိ အခြားသော Topics များ
-
အဆောက်အအုံပြင်ဆင်ခွင့်လျှောက်ထားခြင်း
- 2206 hit(s)
-
အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့် လျှောက်လွှာ
- 3157 hit(s)
-
အဆောက်အအုံ အသုံးပြုခွင့် လျှောက်ထားခြင်း
- 3032 hit(s)
-
ခြံစည်းရိုး ကာရံခွင့် လျှောက်ထားခြင်း
- 4823 hit(s)
-
အဆောက်အအုံ ဆောက်လုပ်ခွင့်လျှောက်ထားခြင်း
- 7281 hit(s)