အဆောက်အအုံနှင့် ကုန်ရုံဌာန

Category: မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ

 အဆောက်အအုံ ဆောက်လုပ်ခွင့်လျှောက်ထားသူများ သိရှိစေရန် စည်းကမ်းချက်များ

၁။ ဌာနသည် လျှောက်လွှာပုံစံ (၁.က) လက်ခံရရှိပြီးသည့်နေ့မှစ၍ နှစ်လအတွင်း လျှောက်ထားသူအား ခွင့်ပြု/မပြု အကြောင်းကြားပေးမည်။
၂။
ဌာန၏ ခွင့်ပြုချက်ဖြင့် အဆောက်အအုံဆောက်လုပ်ရာတွင် ယင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံတစ်ခုခုအား ပျက်စီးချွတ်ယွင်းမှု ပေါ်ပေါက်ပါက နစ်နာသူမှ ကန့်ကွက်လာပါက ဌာနမှ စိစစ်သတ်မှတ်သည့် နစ်နာကြေးအား အဆောက်အအုံဆောက်လုပ်သူမှ ပေးလျော်ရမည်။
၃။ 
အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိသူသည် ခွင့်ပြုပုံစံ၊ စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိအား ဌာနမှူးတာဝန်ပေးအပ်ထားသည့် အဆောက်အအုံ အင်ဂျင်နီယာများ ၏စဉ်ဆက်မပြတ် စစ်ဆေးခြင်း ခံယူရမည်။
၄။   လမ်းဆုံလမ်းခွများ၊ အချက်အချာကျသည့် နေရာများတွင် ဗိသုကာလိုအပ်ချက်များ ညီညွတ်စေရန်နှင့် လမ်းသွားလမ်းလာများနှင့် ယာဉ်များအတွက် မြင်ကွင်း မဖုံးကွယ်စေရန် ဌာန၏ညွှန်ကြားချက်နှင့် ဆောက်လုပ်ရမည်။
၅။
အဆောက်အအုံဆောက်လုပ်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း၊ ပြုလုပ်လိုသူသည် အဆောက်အအုံကို လိုင်စင်ရအင်ဂျင်နီယာ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်သာ ဆောက်လုပ်ရမည်။
၆။
အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားသူသည် မိမိလျှောက်ထားသည့် မြေကွက်တည်ရှိ ရာ အညွှန်းပြမြေပုံအား လမ်း၊ အိမ်အမှတ်၊ ထင်ရှားသည့် အဆောက်အအုံ၊ ဘုရား၊ ကျောင်း စသည်ဖြင့် ပြည့်စုံစွာ ဖော်ပြပါရှိရမည်။
၇။ မြေကွက်လပ်တွင် ဆောက်လုပ်မည့်အဆိုပြုပန္နက်ပုံအား အတိုင်းအတာတိကျစွာ ဖော်ပြ၍ ရှိပြီးအဆောက်အအုံများ၏ တည်နေရာပြပါရှိသည့် အဆိုပြု ပန္နက်မြေပုံ ရေးဆွဲ ဖော်ပြပါရှိရမည်။
၈။ (၄၀'-ဝ"x၆၀'-ဝ")နှင့်အထက် မြေကွက်များတွင် အဆောက်အအုံများတင်ပြလျှောက်ထားပါက(၄)ထပ်နှင့်အောက် အဆောက်အအုံများအတွက် အနည်းဆုံးရှေ့ ၅'-ဝ"၊ နောက် ၄'-ဝ"၊ ဘေးနှစ်ဘက်အမိုးစွန်းမှ ၂'-ဝ"စီချန်၍ တင်ပြ ဆောင်ရွက်ရန်။ (၅)ထပ်နှင့်အထက်အဆောက်အအုံများအတွက် အနည်းဆုံးရှေ့ ၅'-ဝ"၊ နောက် ၄'-ဝ"၊ ဘေးနှစ်ဘက်အမိုးစွန်းမှ ၅'-ဝ" စီချန်၍ တင်ပြဆောင်ရွက်ရန်။
၉။   (၄၀'-ဝ"x၆၀'-ဝ")အရွယ်အောက်မြေကွက်များတွင် အဆောက်အအုံများတင်ပြလျှောက်ထားပါက (၄)ထပ်နှင့်အောက် အဆောက်အအုံများအတွက် အနည်းဆုံးရှေ့ ၅'-ဝ"၊ နောက် ၄'-ဝ"၊ ဘေးနှစ်ဘက်အမိုးစွန်းမှ ၂'-ဝ"စီချန်၍တင်ပြ ဆောင်ရွက်ရန်။ (၅)ထပ်နှင့်အထက်အဆောက်အအုံများအတွက် ရှေ့ ၅'-ဝ"၊ နောက် ၄'-ဝ"၊ ဘေးနှစ်ဖက်အမိုးစွန်းမှ ၃'-ဝ"စီချန်၍ တင်ပြဆောင်ရွက်ရန်။ (၃)ထပ်နှင့်အောက် အဆောက်အအုံများအတွက် အနည်းဆုံး ရှေ့ ၅'-ဝ"၊ နောက် ၄'-ဝ"၊ ဘေးနှစ်ဖက်အမိုးစွန်း ၁'-ဝ"ချန်ခြင်းအား ဘေးပတ်ဝန်းကျင်မှ သဘောတူညီကြောင်း လက်မှတ်ရေးထိုးပြီးရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ထပ်ဆင့်ထောက်ခံချက်ပါရှိပါက ခွင့်ပြုပေးပါသည်။ (ဘေးနှစ်ဘက် ၁'-ဝ"ချန်ဖြစ်သဖြင့် အရွက်ဖွင့်တံခါး ဆောင်ရွက်၍ မရဘဲ လျှောတံခါး(sliding window)ဖြင့် တင်ပြဆောင်ရွက်ရန်။)
၁၀။ (၄) ထပ်နှင့်အထက် အဆောက်အအုံများတွင်အနည်းဆုံး (Plinth Level) ၁' - ၀'' ဆောင်ရွက်ပြီး၊ (G.F Level) မှစ၍ Total Height ၆၂' - ၀'' ကျော်လွန်ပါက ဓာတ်လှေကား တပ်ဆင်၍ တင်ပြဆောင်ရွက်ရန်။
၁၁။ (၄) ထပ်နှင့်အထက် အဆောက်အအုံများ လျှောက်ထားရာတွင် ယာဉ်ရပ်နားရန်နေရာ ထည့်သွင်းတင်ပြ၍ မပျက်မကွက် ဆောင်ရွက်ရန်။
၁၂။ 
(၄)ထပ်နှင့်အထက် အဆောက်အအုံများတွင် အရှေ့ဘက် ပင်မလှေခါးအပြင် အရေးပေါ်အသုံးပြုနိုင်ရေးအတွက် မီးသတ်လှေကားအား အလွယ်တကူ တက်ဆင်းနိုင်ရန်အတွက် ထည့်သွင်းတင်ပြဆောင်ရွက်ရန်။
၁၃။ (၄)ထပ်နှင့်အထက်လျှောက်ထားသူသည် မြေခံနိုင်အားစမ်းသပ်အတည်ပြုလက်မှတ်နှင့် အဆောက်အအုံ၏ ခိုင်ခံမှုအတွက် structure design တွက်ချက်မှု၊ ပစ္စည်းစာရင်း(၃)စုံ ပူးတွဲဖော်ပြရန် ဖြစ်ပါသည်။
၁၄။
အဆောက်အအုံနှင့် အုတ်ခုံအား အနီးကပ်ဆုံး လမ်းမျက်နှာပြင်အထက် အနည်းဆုံး (၁-ပေ ၆-လက်မ) မြှင့် ဆောက်လုပ်ရန်။
၁၅။
အဆောက်အအုံ၏ ကျောရပ်အမြင့်အား မြေညီထပ် (၁၂ပေ) နှင့် အပေါ်ထပ်အား (၁၀ပေ) စီ ဆောက်လုပ်ရန်။
၁၆။
အိမ်ခန်း၏ ပန္နက်ဧရိယာသည် (၁၀၀စ/ပေ) ရှိ၍ လေဝင်လေထွက် ပြူတင်းတံခါးများ ဧရိယာသည် အနည်းဆုံး အခန်းနံရံဧရိယာ၏ သုံးပုံတစ်ပုံရှိရန်။
၁၇။ ရေ၊ မိလ္လာစနစ်အား ဌာန၏ ခွင့်ပြုချက် တစ်ပါတည်းရယူရန်။

    လျှောက်လွှာများအားလုံးကို လျှောက်လွှာကြေး တစ်စောင် ၅၀၀ ကျပ် သွင်းရပါမည်။

     
  ရုံးလိပ်စာ
  ဆက်သွယ်ရန်ဖုန်းနံပါတ် 02 36171 - 159
  အီးမေးလ်လိပ်စာ
  Social Link https://goo.gl/vMt2Rm
     

 

Eservices   Topics
   
News