- Types: Topics
- Categories: သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
- agencies: အမှတ်(၂)သတ္တုတွင်းလုပ်ငန်း
အသေးစားရွှေလုပ်ကွက်လျှောက်ထားခြင်း
အသေးစားရွှေလုပ်ကွက်လျှောက်ထားရာတွင်အောက်ပါအတိုင်းဆောင်ရွက်ရမည်-
၁။ (က) ရွှေနှင့်သတ္တုအသေးစားလုပ်ကွက်များ တူးဖော်ထုတ်လုပ်ရန်အတွက် အောက်ပါအထောက်အထားများဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လျှောက်ထားရပါမည်-
(၁) | ကုမ္ပဏီမှတာဝန်ရှိသူ(ဥက္ကဌ/အုပ်ချုပ်မှုဒါရိုက်တာ)ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် လျှောက်ထားစာနှင့် လျှောက် လွှာပုံစံ(၃) |
(၂) | သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် |
(၃) | ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်စာရင်းပုံစံ(၆/၂၆) |
(၄) | ဒါရိုက်တာအဖွဲ့ဝင်များ၏ အချက်အလက်များ၊ ရောင်စုံဓါတ်ပုံနှင့် လက်မှတ်မူရင်းပါဝင်သောဇယား |
(၅) | ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်း |
(၆) | အဆိုပြုလျှောက်ထားလုပ်ကွက်၏ တစ်လက်မ တစ်မိုင်စကေးမြေပုံညွှန်းအမှတ်များပါဝင်သည့် တည်နေရာပြမြေပုံ (ရောင်စုံဖြင့်) |
(၇) | (၁)လအတွင်း ရယူထားသော ကုမ္ပဏီ၏ ငွေကြေးခိုင်မာမှု အထောက်အထား(မူရင်း) |
(၈) | ကုမ္ပဏီတည်ရှိရာ ရဲစခန်း၏ ထောက်ခံချက်(မူရင်း)နှင့် လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (ပြည်ပ ကုမ္ပဏီများအတွက် သက်ဆိုင်ရာ သံရုံးထောက်ခံချက် |
(၉) | ဘူမိဗေဒပညာရှင်(သို့မဟုတ်)သတ္တုတူးဖော်ရေးအင်ဂျင်နီယာကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်(Initial Work Program/ Exploration Program) |
(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်များရရှိပြီးပါက ကုမ္ပဏီမှ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) | မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက် |
(၂) | ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် |
(၃) | မြို့နယ်မြေစာရင်းဦးစီးဌာန၏ ထောက်ခံချက်နှင့် မြေစာရင်းပုံစံ(၁၀၅) |
(၄) | မြို့နယ်သစ်တောဦးစီးဌာန၏ ထောက်ခံချက် |
(၅) | သက်ဆိုင်ရာ တိုင်းအထွေထွေမန်နေဂျာရုံး၏ ထောက်ခံချက် |
(၆) | လုပ်ကွက်အလိုက် လုပ်ငန်းစီမံချက်အဆိုပြုလွှာ (Project Proposal) |
၂။ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ အထွေထွေမန်နေဂျာရုံး/တာဝန်ခံရုံးတို့မှ အထက်ပါအချက်များ စိစစ်ထောက်ခံပြီးပါက ရုံးချုပ် (နေပြည်တော်)နှင့်နီးသောစစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့အတွက်(၂)ရက်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အတွက် (၃)ရက်အတွင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး တို့အတွက် (၅)ရက်အတွင်း လျှောက်ထား ကုမ္ပဏီနှင့်ညှိနှိုင်း၍ ရုံးချုပ်သို့အမြန်ဆုံး ပေးပို့သွားရမည်။
(မှတ်ချက်။ ။ ယခုအခါ မြန်မာ့သတ္တုတွင်းနည်းဥပဒေအသစ်ထွက်ရှိခြင်းမရှိသေးသဖြင့် လုပ်ကွက်အသစ်လျှောက်ထားခြင်းကို ယာယီဆိုင်ငံ့ထားပါသည်။)
Form Download: |
အသေးစား ရွှေလုပ်ကွက်များ လျှောက်ထားခြင်းလျှောက်လွှာ |
ဦးစီးဌာန: အမှတ်( ၂ )သတ္တုတွင်းလုပ်ငန်း
အမှတ်( ၂ )သတ္တုတွင်းလုပ်ငန်းရှိ အခြားသော Topics များ
-
အသေးစားရွှေလုပ်ကွက်လျှောက်ထားခြင်း
- 3071 hit(s)
-
အကြီးစား ရွှေလုပ်ကွက်များ လျှောက်ထားခြင်း
- 1914 hit(s)