- Types: Topics
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်
၁။ | ပုံစံထုတ်ရန်။ |
၂။ | ဓာတ်ပုံထုတ်ရန်။ |
၃။ | မြန်မာ့စီးပွားရေးဘဏ်တွင် မနလ စာအုပ်ဘိုးပေးသွင်းရန်။ |
၄။ | (လဝက) ကောင်တာတွင် ကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စု စာရင်းမူရင်းနှင့် မိတ္တူ(၃)စုံပြသ၍ စိစစ်မူခံယူရန် (မနလ သက်တမ်းတိုး လျှောက်ထားသူများ စိစစ်မှုခံယူရန် မလိုပါ)။ |
၅။ | ထုတ်ယူထားသည့် ပုံစံများဖြည့်သွင်း၍ အမှုတွဲ(၂)တွဲစီရန်။ |
၆။ | ပုံစံလက်ခံကောင်တာတွင် ပုံစံများတင်၍ လက်ခံဖြတ်ပိုင်း(စလစ်) ရယူရန်။ |
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် တာဝန်ကျ တပ်ဖွဲ့ဝင်များနှင့်သာ ဆက်သွယ် စုံစမ်းမေးမြန်းလုပ်ကိုင်ရန်၊ အခြားသော ကြားပွဲစားများနှင့် လုပ်ကိုင်ဆောင်ရွက်၍ ဖြစ်ပေါ်လာသော ပြဿနာတစ်စုံတစ်ရာကို တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ပါ။ တာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျေနပ်မှု တစ်စုံတစ်ရာ မရှိပါက တာဝန်ခံအရာရှိ ဖုန်းနံပါတ်များဖြစ်သော ၀၂-၆၁၀၇၁ နှင့် ၀၂-၆၀၃၃၄ များသို့ ဆက်သွယ်၍သော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက်တွေ့ဆုံ၍သော်လည်းကောင်း အကြောင်းကြားတိုင်တန်းနိုင်ပါသည်။
Form Download: |
လိုအပ်သော လျှောက်လွှာဖောင် နမူနာပုံစံများ ရယူပါ |
Agency: မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (မန္တလေး)။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (မန္တလေး)၏ အခြားသော Topics များ