အဝေးသင်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ရန် လုပ်ဆောင်ရမည့် အစီအစဉ်

 

၁။ အဝေးသင်ကျောင်းသား/သူများသည် ကျောင်းဝင်မှတ်ပုံတင်ရန် ကျောင်းသားဟောင်းများ ပညာ ဆက်လက်သင်ကြားခွင့်ပုံစံနှင့် ဇယား(၃)ပုံစံများကို အဝေးသင် ကျောင်းသားရေးရာဌာနမှ ထုတ် ယူ၍ ကျောင်းအပ်ပြီး၊ ငွေသွင်းပြေစာဖြင့် အဝေးသင်ထုတ်ဖြန့်ဌာနတွင် ပုံနှိပ်စာအုပ်များ၊ စာစဉ်များ ထုတ်ယူ၍ အဝေးသင်ကျောင်းသားရေးရာဌာနတွင် ခုံအမှတ်စာရင်းထုတ်ရန်။
၂။

မိတ္ထီလာတက္ကသိုလ်(အဝေးသင် သင်တန်း) ၂၀၁၉ပညာသင်နှစ်တက်ရောက်မည့် ကျောင်းသား/ သူများအားလုံးသည်-

ပထမနှစ်-ကျောင်းသား/သူများအတွက်

ပထမနှစ်ဝက် Assignment တင်သွင်းရန်နောက်ဆုံးရက် - ၃၁.၅.၂၀၁၉(သောကြာနေ့)
ဒုတိယနှစ်ဝက် Assignment တင်သွင်းရန်နောက်ဆုံးရက် - ၃၁.၇.၂၀၁၉(ဗုဒ္ဓဟူးနေ့)


ဒုတိယနှစ်နှင့်အထက်-ကျောင်းသား/သူများအတွက်

ပထမနှစ်ဝက် Assignment တင်သွင်းရန်နောက်ဆုံးရက် -၂၈.၆.၂၀၁၉(သောကြာနေ့)
ဒုတိယနှစ်ဝက် Assignment တင်သွင်းရန်နောက်ဆုံးရက် -၃၀.၈.၂၀၁၉(သောကြာနေ့)

 

Agency : မိတ္ထီလာတက္ကသိုလ်