နေ့သင်တန်း ကျောင်းဝင်မှတ်ပုံတင်ရန် လုပ်ဆောင်ရမည့်အစီအစဉ်နှင့် လိုအပ်သည့်အချက် အလက်များ

 

၁။ ပထမနှစ် တက်ရောက်မည့် ကျောင်းသား/သူများသည် ကျောင်းသားရေးရာဌာနမှ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူရန်။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာမပါရှိသူများသည် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း၊ ကျောင်းသားနှင့် မိဘနှစ်ဦးစလုံး၏ မှတ်ပုံတင် မိတ္တူများ ယူဆောင်လာရန်။ ဒုတိယနှစ်နှင့်အထက် ကျောင်းသား/သူများသည် ကျောင်းသားရေးရာဌာနမှ ကျောင်းသား ဟောင်းများ ပညာသင်ကြားခွင့်လျှောက်လွှာများ ထုတ်ယူရန်။
၂။ ၎င်းနောက် သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ ထံသွားရောက်၍ သတင်းပေးပို့ စာရင်းသွင်းရန်။
၃။ သက်ဆိုင်ရာဘာသာရပ်ဌာနသို့ စာရင်းပေးသွင်းပြီးပါက လျှောက်လွှာများနှင့်အတူ တစ်လ အတွင်းရိုက်ကူးထားသည့် ပတ်(စ်)ပို့ဓာတ်ပုံ(၄)ပုံ (ဓာတ်ပုံနောက်ကျောတွင် အမည်နှင့်ခုံအမှတ် (သို့) ဝင်ခွင့်အမှတ်စဉ်များဖြည့်ပေးရန်)တို့ ပူးတွဲ၍ ကျောင်းသားရေးရာဌာန အတန်းတာဝန်ခံထံ တွင်လာရောက်စာရင်းသွင်းရန်။ (ဓာတ်ပုံတွင်ကျောင်းသားများသည် ကော်လံပါသောအင်္ကျီ ဖြစ်ရမည်။ ကျောင်းသူများသည်ရင်စေ့၊ ရင်ဖုံးအင်္ကျီဖြစ်ရမည်။ ဆံပင်ဆေးဆိုးခြင်း၊ တီရှပ်၊ စပို့ရှပ် ဝတ်ဆင်ခြင်းမပြုရ၊ ဆံပင်စည်းရမည်၊ နားရွက်ပေါ်ရမည်၊ ကာလာဓာတ်ပုံ ဖြစ်ရမည်။)
၄။ ဘဏ္ဍာရေးဌာနခွဲ၊ ငွေကိုင်ဌာနစု(ငွေသွင်းကောင်တာ)သို့ သွားရောက်၍ ကျောင်းဝင်မှတ်ပုံ တင်ခြင်းနှင့် ကျောင်းလခပေးသွင်းပြီးလျှင် ကျောင်းဝင်ခွင့်ပုံစံ/ကျောင်းသားဟောင်းများ ပညာ သင်ကြားခွင့်လျှောက်လွှာကို ငွေကိုင်ဌာနစုတွင်ထားခဲ့ရန်၊ ငွေသွင်းပြေစာကိုမိမိနှင့် တစ်ပါတည်း ပြန်လည်ယူဆောင်၍ သိမ်းဆည်းထားရန်။
၅။ ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို ကျောင်းသား/သူများကိုယ်တိုင် ဆောင်ရွက်ကြရန်။

 

Agency : မိတ္ထီလာတက္ကသိုလ်