- Types: Topics
- Categories: ဟိုတယ်နှင့် ခရီးသွားလာရေး
- agencies: ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လိုအပ်ချက်များ
(၁) | လိုင်စင်လျှောက်လွှာ၊ |
(၂) |
အုပ်ချုပ်မှုဒါရိုက်တာ၏ ကာလာဓါတ်ပုံ ( ၃ ) ပုံ |
(၃) | ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ ( မှတ်ပုံတင်သက်တမ်းရှိရမည် ) |
(၄) |
ကုမ္ပဏီမှတ်ပုံတင်ရုံးသို့ တင်ပြထားသော ပုံစံ ( ၆ ) နှင့် ( ၂၆ ) မိတ္တူ၊ |
(၅) |
ကုမ္ပဏီအမည်ဖြင့် ဘဏ်တစ်ခုခုတွင် ငွေကျပ် အနည်းဆုံး ( ၃ ) သိန်းပေးသွင်းထားကြောင်း၊ ဘဏ်မှထုတ်ပေးထားသည့် အထောက်အထား ( ငွေသွင်းရာတွင် Current A/C ဖြင့်သာ ပေးသွင်းရမည် ) |
(၆) |
ဦးစီးဌာန၏ စည်းကမ်းချက်များ လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်၊ |
(၇) | ကုမ္ပဏီဝန်ထမ်းစာရင်း ( စဉ်၊ အမည်နှင့် မှတ်ပုံတင်အမှတ်၊ အသက်၊ ရာထူး၊ အရည်အချင်း၊ ယခင်လုပ်ငန်းအတွေ့အကြုံ၊ နေရပ်လိပ်စာ၊ လစာ စသည့် စာတိုင်များနှင့် အောက်ခြေတွင် အုပ်ချုပ်မှုဒါရိုက်တာလက်မှတ်ထိုးရန် ) |
(၈) |
ဆောင်ရွက်မည့် ခရီးစဉ်၊ စျေးနှုန်း၊ Tour Conditions၊ |
(၉) |
ခရီးသွားလုပ်ငန်းရည်ရွယ်ချက်ပါသော သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းစာအုပ်မူရင်း( ၁ ) အုပ်၊ ( အုပ်ချုပ်မှုဒါရိုက်တာ၊ ဒါရိုက်တာများ၏ လက်မှတ်မူရင်းနှင့် ကုမ္ပဏီထောင်ပေးသည့် ရှေ့နေ/ စာရင်းကိုင်၏ လက်မှတ်မူရင်းပါရှိရမည်။ ရည်ရွယ်ချက်တွင် ခရီးသွားလုပ်ငန်းပါဝင်ရမည်။ ) |
(၁၀) |
ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာ၏ မှတ်ပုံတင်မိတ္တူ၊ ကိုယ်ရေးရာဇဝင်၊ |
(၁၁) |
ရုံးခန်းဖွင့်လှစ်ထားသည့် အထောက်အထားမှတ်တမ်းဓါတ်ပုံ (၃) ပုံ ( ဆိုင်းဘုတ်ပါ မျက်နှာစာပုံ၊ ဝန်ထမ်းစားပွဲ၊ ကုလားထိုင်များပုံ၊ အင်တာနက်ချိတ်ထားသည့် အထောက်အထားဓါတ်ပုံ ) |
(၁၂) |
လုပ်ငန်းလိုင်စင်ခွင့်ပြုပြီးနောက်ပိုင်း ဌာနမှ လိုက်လံစစ်ဆေးသည့်အခါ ကုမ္ပဏီအနေဖြင့်ရုံးခန်းစနစ်တကျမရှိခြင်း၊ တာဝန်ခံဆောင်ရွက်မည့် ဝန်ထမ်းမရှိခြင်း၊ လုပ်ငန်းအမှန်တကယ် မဆောင်ရွက်ခြင်း စသည့်ကဲ့သို့သော ချို့ယွင်းအားနည်းချက်များ တွေ့ရှိခဲ့ပါကလုပ်ငန်းလိုင်စင်ကို ပြန်လည်ရုပ်သိမ်းခံရမည်ကို လုပ်ငန်းရှင်အနေဖြင့် သိရှိလိုက်နာမည် ဖြစ်ကြောင်း ကတိပြုဝန်ခံချက်၊ |
|
ရှင်းလင်းချက်
(၁) | သတ်မှတ်စာရွက်စာတမ်းများကို ဦးစီးဌာနသို့ ပြည့်စုံစွာတင်ပြရန် လိုအပ်ပါသည်။ |
(၂) |
ဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းလိုင်စင် ထုတ်ပေးမည်။ |
(၃) | အကယ်၍ လျှောက်လွှာတင်ပြချိန်၌ ရုံးခန်းအပြောင်းအလဲရှိပါက ကုမ္ပဏီမှတ်ပုံတင်ရုံးသို့ရုံးခန်းပြောင်းရွှေ့ကြောင်း လျှောက်လွှာတင်ပြခဲ့သည့် စာမိတ္တူ (သို့မဟုတ်) ကုမ္ပဏီမှတ်ပုံတင်ရုံး၏ ခွင့်ပြုစာ။ |
(၄) |
အုပ်ချုပ်မှုဒါရိုက်တာပြောင်းလဲခြင်း ( သို့ ) ကုမ္ပဏီအမည်ပြောင်းလဲခြင်းဆောင်ရွက်ပါက ကုမ္ပဏီရုံးမှ အတည်ပြုထုတ်ပေးထားသောစာ။ |
(၅) |
ကုမ္ပဏီမှ တင်ပြသော စာရွက်စာတမ်းများ၏ မိတ္တူနှင့်ပတ်သက်၍ အုပ်ချုပ်မှု ဒါရိုက်တာမှ တာဝန်ယူကြောင်း လက်မှတ်ရေးထိုးပေးရန် လိုအပ်ပါသည်။ |
(၆) |
ဦးစီးဌာနသို့ လိုင်စင်မလျှောက်ထားမီ ကုမ္ပဏီမှတ်ပုံတင်ရုံးတွင် ခရီးသွားလုပ်ငန်းရည်ရွယ်ချက်ပါ ကုမ္ပဏီအဖြစ် မှတ်ပုံတင်လျှောက်ထားရန် လိုအပ်ပါသည်။ |
(၇) |
ဖွင့်လှစ်သောရုံးခန်းသည် ရုံးခန်းအင်္ဂါရပ်နှင့် ပြည့်စုံရန်နှင့် ကုမ္ပဏီမ၏ ဆိုင်းဘုတ်ကို မြင်သာသော နေရာ၌ ချိတ်ဆွဲထားရမည်။ |
(၈) |
တင်ပြချက်အရ တာဝန်ပေးအပ်သော စစ်ဆေးရေးအဖွဲ့က ရုံးခန်းသို့ လာရောက် စစ်ဆေးပါမည်။ |
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း |
ဦးစီးဌာန: ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရှိ အခြားသော Topics များ
-
ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်း
- 3020 hit(s)
-
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
- 1919 hit(s)
-
ဟိုတယ်ကြိုတင်တည်ဆောက်ခွင့်လျှောက်ထားခြင်း
- 1951 hit(s)
-
ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
- 2329 hit(s)