- Types: Topics
- Categories: ဟိုတယ်နှင့် ခရီးသွားလာရေး
- agencies: ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု
ဟိုတယ်ကြိုတင်တည်ဆောက်ခွင့်လျှောက်ထားခြင်း
ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းလုပ်ငန်းလိုင်စင်များ လျှောက်ထားရာတွင် ဆောက်လုပ် မည့်အဆောက်အဦများအတွက် အဆောက်အဦကြိုတင်ဆောက်လုပ်ခွင့်ကို ဦးစွာတင်ပြရမည်ဖြစ်ပြီး အဆောက်အဦကြိုတင်ဆောက်လုပ်ခွင့်ပြုချက် ရရှိပြီးမှသာ လုပ်ငန်းလိုင်စင်ကို လျှောက်ထားရမည် ဖြစ်ပါသည်။ အဆောက်အဦကြိုတင်ဆောက်လုပ်ခွင့် တင်ပြရာတွင် အောက်ပါအချက်များဖြင့် ပြည့်စုံစွာတင်ပြရမည်ဖြစ်ပါသည်။ လျှောက်လွှာပုံစံအား ပူးတွဲပါ ( ၂ ) ဖြင့် တင်ပြပါသည်။
ဟိုတယ်ကြိုတင်တည်ဆောက်ခွင့်လျှောက်ထားရာတွင် လိုအပ်ချက်များ
(၁) | ကာလကံရှင်၏လျှေက်လွှာ |
(၂) | ဤ၀န်ကြီးဌာန၏ အဆိုပြုလွှာပုံစံ ( Proposal ) |
(၃) | ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ထောက်ခံချက် |
(၄) |
ပတ်၀န်းကျင်နေအိမ်များ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် ( ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတံဆိပ်နှင့် လက်မှတ်အပါအ၀င် ) |
(၅) |
လိုင်စင်လျှောက်ထားရာ မြေနေရာပတ်၀န်းကျင်ပြမြေပုံ ( ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတံဆိပ်နှင့် လက်မှတ်အပါအ၀င် ) |
(၆) |
လိုင်စင်လျှောက်ထားရာမြေနေရာပတ်၀န်းကျင်တွင် သာသနိကအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်ကြီးကျောင်း၊ ဗလီ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမရှိကြောင်းထောက်ခံချက်၊ ( အကယ်၍ ရှိခဲ့ပါက ဟိုတယ်အဆောက်အဦကြောင့် ၄င်းအဆောက်အဦနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းအပေါ်ထိခိုက်မှုမရှိကြောင်း ထောက်ခံချက် ) |
(၇) | လိုင်စင်လျှောက်ထားသည့်ဟိုတယ်၏အကွက်ချပုံစံ ( Site Plan ) အဆောက်အဦပုံစံကြမ်း( ရှေ့/ဝဲ/ယာ ) |
(၈) |
အမှိုက်စွန့်ပစ်မှု၊ ရေဆိုးထုတ်စနစ်များကို ပုံများနှင့်တကွ ဖော်ပြပေးရန်၊ |
(၉) |
ကာယကံရှင်၏မှတ်ပုံတင်မိတ္တူ/ အိမ်ထောင်စုဇယားမိတ္တူ၊ |
(၁၀) |
မြေယာပိုင်ဆိုင်မှုအထောက်အထား၊ ဂရံ/ မြေစာရင်း ပုံစံ ၁၀၅/ ၁၀၆ မိတ္တူ၊ |
(၁၁) |
တိုင်း/ ခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်၊ |
(၁၂) |
တိုင်း/ ခရိုင်/ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံချက်၊ |
(၁၃) |
သန့်ရှင်းရေးဌာန၏ ထောက်ခံချက်၊ |
(၁၄) |
မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ထောက်ခံချက်၊ |
(၁၅) |
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၏ ထောက်ခံချက်၊ |
(၁၆) |
ပတ်၀န်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန၏ ထောက်ခံချက်၊ |
(၁၇) |
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်၊ |
(၁၈) |
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်၊ |
(၁၉) |
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်၊ |
(၂၀) |
လေကြောင်းဦးစီးဌာန၏ သတ်မှတ်အမြင့်ပေ လွတ်ကင်းကြောင်း ထောက်ခံချက်( ပုဂံ/ညောင်ဦး ) |
(၂၁) |
ရှေးဟောင်းသုတေသနဦးစီးဌာန ရှေးဟောင်းဇုံကင်းလွတ်ကြောင်း ထောက်ခံချက်( ပုဂံ/ ညောင်ဦး ) |
(၂၂) |
ဟိုတယ်ကြိုတင်ဆောက်မည့် မြေနေရာ၏ အထောက်အထားဓါတ်ပုံများ၊ |
(၂၃) |
Car Parking ထည့်သွင်းတည်ဆောက်တင်ပြရန် |
ဦးစီးဌာန: ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရှိ အခြားသော Topics များ
-
ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားခြင်း
- 3020 hit(s)
-
ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
- 1918 hit(s)
-
ဟိုတယ်ကြိုတင်တည်ဆောက်ခွင့်လျှောက်ထားခြင်း
- 1951 hit(s)
-
ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း
- 2328 hit(s)